×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 02 February 2019

ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချကာနီးတိုင်း စဉ်းစားသင့်တဲ့ အချက် ၃ချက်

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ဒါမှမဟုတ် အလုပ်ကိစ္စနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရတဲ့အချိန်တွေရှိပါတယ်။ လူတော်တော်များများကတော့ အခုလိုအခက်ကြုံလာတဲ့အခါမှာ ဘာလုပ်ရမှန်းမသိဖြစ်သွားကြ တတ်တယ်။

တစ်ချို့ကျတော့လည်း သူတို့ရဲ့ စိတ်ခံစားချက်အတိုင်း သူတို့အတွက် အကောင်းဆုံးနည်းလမ်းလို့ ထင်တာကို ဆုံးဖြတ်ပြီးတော့ တလွဲတွေ ဖြစ်သွားတတ်ကြတယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရတာဟာ ခေါင်းစားစရာပါပဲ။

ဒါပေမဲ့ အမြဲတမ်း ဒီလိုဖြစ်နေစရာမလိုပါဘူး။ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို ဘယ်လိုမျိုး ရှင်းရှင်းလင်းလင်းတွေးရမယ်ဆိုတာရယ်၊ ဆုံးဖြတ်ပြီး တဲ့နောက်မှာ ဖြစ်လာတဲ့အခြေအနေတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာတွေရယ်အတွက် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးသွား ပါ့မယ်။

၁။ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကို ခေါင်းထဲထည့်ထားပါ။

ဆုံးဖြတ်ချက်ဆိုတာက တကယ်တော့ အသွင်ကူးပြောင်းမှုတစ်ခုပါပဲ။ သင့်ရဲ့အချိန်၊ စွမ်းအင်နဲ့ သင့်ရဲ့အခြေအနေကို ဘယ်လို အသုံးချရမယ် ဆိုတာကို လိုက်ပြီး ဆုံးဖြတ်လုပ်ကိုင်ရတာမျိုးပါ။ သည်းခံနိုင်မှု ၊ ခွင့်လွှတ်မှု နဲ့ အားအင်တို့လို အရာမျိုးတွေဟာ လူတိုင်းမှာ ရှိပါတယ်။ ဒီတော့ သင်ဆုံးဖြတ်ချက်မချခင်တိုင်းမှာ ဒါတွေကို အရင်စိတ်ထဲမှာထား၊ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

ဥမာပြောရရင် သင်ဟာ ဆော့ဝဲကုမ္ပဏီတစ်ခုတည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုပါစို့။ အခြေခံအားဖြင့်တော့ သင့်မှာ ကုမ္ပဏီအတွက် လိုအပ်တဲ့ Developers တွေရှိမယ်။ ကိုယ့်ရဲ့လိုအပ်ချက်နဲ့ သူတို့ရဲ့ပေးနိုင်စွမ်းတွေရှိမယ်။

ဒါတွေထက် ပိုအရေးကြီးတဲ့အချက်ကတော့ ကိုယ်ကသူတို့ရဲ့ စိတ်အားထက်သန်မှု၊ အရည်အချင်းနဲ့ အလုပ်ပေါ်မှာထားရှိတဲ့ စေတနာ (လုပ်အား) ကို ဘယ်လို အသုံးချရမယ်၊ ဘယ်လိုအကျိုးဖြစ်အောင် သုံးစွဲရမယ်ဆိုတာမျိုးကို သဘောပေါက်နိုင်တဲ့အရည်အချင်း ကိုယ့်မှာ ရှိရပါလိမ့်မယ်။

ညှိနှိုင်းမှုတွေ လုပ်ဆောင်မယ်ဆိုရင်လည်း အခုပြောတဲ့ သဘောတရားအတိုင်းပါပဲ။ ဆွေးနွေးမှု မစတင်ခင်မှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို အသေးစိတ်မဟုတ်တောင် အကြမ်းဖျဉ်းတော့ နားလည်ထားရပါမယ်။

လွဲချော်သွားနိုင်တဲ့ အခြေအနေတွေနဲ့ တကယ်တမ်း ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုလည်း မဆွေးနွေးခင်မှာ တွက်ချက်ထားပြီးဖြစ်ရမယ်။ ဒါမှသာဆွေးနွေးမှုပြုလုပ်တဲ့အချိန်မှာ သင့်လိုအပ်တာကို သေချာ စဉ်းစားနိုင်ပြီးတော့ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချနိုင်မှာပါ။

၂။ အဆိုးအကောင်းကို ချင့်ချိန်ပါ။

လူတစ်ယောက်က ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် စိတ်ခံစားမှု၊ မာန နဲ့ ပတ်ဝန်းကျင်အမြင်တွေပေါ် မူတည်ပြီးတော့ ဆုံးဖြတ်လေ့ရှိပါတယ်။ ပြီးတော့ ဘယ်လို အကျိုးအမြတ်မျိုး ရသည်ဖြစ်စေ၊ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ်လို့ ခံစားရတဲ့ ဆုံးဖြတ်ချက်မျိုးကို ချတတ်ကြပါတယ်။

ဒါပေမဲ့လည်း ကိုယ့်ရှေ့မှာရှိနေတဲ့အခွင့်အလမ်းကောင်းတွေကိုလည်း လက်လွှတ်ဆုံးရှုံးသွားမှာ စိုးရိမ်တတ်ကြသေးတာ မဟုတ်လား? ဒီတော့ မှတ်သားထားသင့်တဲ့အရာတစ်ခုက “မနိုင်နိုင်တဲ့ပွဲကိုမကစားနဲ့” ဆိုတာပါပဲ။

ရှေးလူကြီးတွေရဲ့ ဒီဆိုရိုးဟာ တန်ဖိုးရှိလွန်းပေမယ့် လိုက်နာဖို့တော့ တကယ်ကို ခက်ခဲပါလိမ့်မယ်။ မကြာခဏဆိုသလို ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ စိတ်ဆန္ဒအတိုင်း အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်တွေကို ချမိတတ်ကြပြီး ကိုယ်အလေးထားတဲ့အရာတွေ မျက်စိရှေ့က ပျောက်ကွယ် သွားအောင် လုပ်မိတတ်ကြပါတယ်။

ဒီတော့ ဆုံးဖြတ်ချက်တွေမခင်မှာ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို သေချာ အရင် စဉ်းစားပါဦး။ အဆိုးအကောင်းတွေကို သေချာချင့်ချိန်ပြီးမှ ကိုယ့်အတွက် အကောင်းဆုံးအရာကို ဆုံးဖြတ်သင့်ပါတယ်။

၃။ လက်လွှတ်တတ်ပါစေ။

ကိုယ်မတတ်နိုင်တော့အရာတွေကိုလက်လွှတ်လိုက်ပါ။ ဘဝမှာ ကိုယ်မတတ်နိုင်တဲ့အရာတွေကို ကြုံလာရတဲ့အခါတွေရှိတတ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာတော့ အနေအထားတစ်ခုအထိ ထိန်းထားနိုင်ပေမယ့် အပြည့်အဝတော့ ထိန်းချုပ်ထားနိုင်စွမ်း မရှိပါဘူး။  ဒါဟာလည်း ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။

စိတ်ဓာတ်မာကျောခြင်းဟာလည်း ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ တစ်ချို့လူတွေ မထင်မှတ်ဘဲ ကျရှုံးသွားတဲ့အခါ ဘယ်လို ထိန်းသိမ်းရမယ်မှန်းမသိ၊ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိဖြစ်လို့ နောက်ဆုံး ကံမရှိ၊ ဥာဏ်ရှိတိုင်း မွဲဆိုပြီး ကံကိုပုံချလို့ ရေစုန်မျော လိုက်ကြ ပါတယ်။ ဒီလိုနဲ့ပဲ အခြေအနေတွေ ပိုဆိုးသွားကြတာမျိုးပေါ့။

ဒီတော့ ပြောချင်တာက ကိုယ်မလုပ်နိုင်တာကို အတင်းကြီး တာဝန်မယူပါနဲ့ ဆိုတာပါ။

source: The Lifestyle Myanmar

Read times Last modified on Thursday, 30 January 2020 15:03
Rate this articles
(0 votes)