×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 08 February 2019

ထိပ်ဆုံးကို ရောက်ရှိဖို့ ဖြတ်သန်းရမယ့် အဆင့်(၅)ခု

အောင်မြင်မှုဆိုတာ သာမန်ကြည့်မယ်ဆိုရင်တော့ နီးစပ်တဲ့ ပစ်မှတ်တစ်ခု၊ လမ်းထောင့်က နေရာတစ်ခု၊ အထင်ကြီးလောက်စရာ ရပ်တည်မှုတစ်ခုလို့ ထင်မှတ်စရာရှိပါတယ်။

အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနေနှင့်ပြီးသား လူတွေအတွက်ကတော့ ဒီနေရာကိုရောက်ဖို့အတွက် ဘယ်လိုကြိုးစားခဲ့ရလဲ၊ ဘယ်လိုကျော်ဖြတ်ခဲ့ရလဲဆိုတာ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ စစ်မှန်တဲ့အောင်မြင်မှုကို ရရှိဖို့အတွက် ပြင်းထန်တဲ့စိတ်အာသီသ၊ ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီးလိုအပ်ပါတယ်။ အောင်မြင်မှုဆီကို လျှောက်လှမ်းပြီး ထိပ်ဆုံးကိုရောက်ဖို့ ချီတက်ရမှာ သေချာပေါက်ဖြတ်ကျော်ရမယ့် အချက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ သင့်ရဲ့ စိတ်အားထက်သန်မှုက ဘာလဲဆိုတာ ရှာဖွေပါ။

သင့်အနေနဲ့ ဘယ်အရာတွေကို စိတ်ဝင်စားပြီး၊ အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်မှုရှိလဲဆိုတာ သေချာသိထားဖို့ လိုပါတယ်။ ဒီလို သိရှိနိုင်ဖို့ တရားထိုင်တာ၊ ရည်မှန်းချက်တွေ ချရေးတာတွေ လုပ်ဆောင်နိုင်ပါတယ်။ သင့်ရဲ့ စိတ်အားထက်သန်ရာကို မတွေ့တွေ့အောင်ရှာပါ။ စိတ်အားထက်သန်မှု တစ်ခုကို တွေ့ရုံနဲ့ မလုံလောက်ပါဘူး။ တစ်ခုပြီးတစ်ခုကို ရှာဖွေနေရမှာ ဖြစ်ပါတယ်။

သင့်ရဲ့ စစ်မှန်တဲ့ စိတ်အားထက်သန်မှုက အောက်ပါအချက် (၄)ခုပေါ်မှာ အခြေတည်ပါတယ်။

၂။ အခြားသူတွေကို ကူညီပေးဖို့ ဆုံးဖြတ်ထားပါ။

အခြားသူတွေကို ကူညီပေးတယ်ဆိုရာမှာ သင့်ရဲ့ ၀ယ်သူတွေ၊ ၀န်ထမ်းတွေ၊ ပရိသတ်တွေ၊ မိတ်ဆွေအပေါင်းအသင်းနဲ့ မိသားစုဝင်တွေ၊ အခြားလိုအပ်နေသူတွေ ဘယ်သူမဆို ပါဝင်ပါတယ်။ ဒီအဆင့်ဟာ အရေးအကြီးဆုံး အဆင့်ဖြင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပါးသူကို ကူညီပေးခြင်းဟာ ရတနာတွေ၊ ဇိမ်ခံရွက်လှေတွေနဲ့ မလဲနိုင်တဲ့ ပီတီနဲ့ ကျေနပ်မှုကို ရရှိစေနိုင်တာကြောင့် ဖြစ်ပါတယ်။ အောင်မြင်မှုဆိုတာ ၀န်ဆောင်ကူညီပေးချင်ပဲ ဖြစ်ပါတယ်။

၃။ စိတ်ဓာတ်ကျနေချိန်မှာ ယုံကြည်မှုရှိပါ။ ပတ်ဝန်းကျင်ကလူတွေကို အားပေးလှုံ့ဆော်ပေးပါ။

နေ့တိုင်းမှာ နေမသာနေနိုင်ပါဘူး။ မိုးရွာတဲ့နေ့တွေလည်း ရှိနိုင်ပါတယ်။ နေ့တိုင်းမှာ အကောင်းတွေချည်း မဖြစ်နိုင်သလို၊ ကံမကောင်းအကြောင်းမလှတဲ့နေ့တွေလည်း ရှိနိုင်ပါတယ်။ ဒီလို အခက်အခဲအတားအဆီးတွေ ကြုံလာရတဲ့အခါမှာ ဘယ်လို သင်ခန်းစာယူမလဲ၊ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာကို စဉ်းစားပါ။ သင့်ကိုယ် သင် ယုံကြည်မှုရှိပါ။ ဘာတွေပဲဖြစ်နေပါစေ၊ ဒီအဆင့်တွေကို အသုံးချနိုင်ဖို့ပဲ လိုပါတယ်။

၎။ မိမိကိုယ်ကို ဂရုစိုက်ပါ။

အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်ပြီး ထိပ်ဆုံးနေရာကို ရောက်ရှိဖို့အတွက် သင့်ရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာ ကြံ့ခိုင်နေဖို့ လိုပါတယ်။ ဒီလိုဖြစ်ဖို့ သင့်ကိုယ်သင် ဂရုစိုက်ပါ။ လုံလောက်တဲ့ အနားယူချိန်ရှိအောင် နေပါ။ လုံလောက်တဲ့ ခွန်အားရှိမှ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်မှုဆီကို လျှောက်လှမ်းသွားနိုင်မှာပါ။

၅။ အောင်မြင်မှုကို ခံစားပါ။ အခြားသူတွေနဲ့ ဝေမျှပါ။

သင့်ရဲ့ အောင်မြင်မှုရလဒ်တွေကို အခြားသူတွေနဲ့ ဝေမျှတဲ့အချိန်တိုင်းမှာ အနာဂတ်အောင်မြင်မှုအတွက် မျိုးစေ့ချလိုက်တာနဲ့ အတူတူပါပဲ။ ဘာကြောင့်လဲဆိုတော့ အောင်မြင်မှုဆိုတာက တစ်ကြိမ်တစ်ခါထဲ အပြီးသတ်လုပ်ဆောင်ရတဲ့ ကိစ္စမဟုတ်လို့ပါပဲ။ အောင်မြင်မှုဟာ ပန်းဥယျာဉ်ကြီးတစ်ခုနဲ့ တူပါတယ်။ သေချာဂရုစိုက်ထိန်းသိမ်းမှာသာ အဖူးအပွင့်တွေ ဝေေ၀ဆာဆာနဲ့ ပွင့်လန်းလှပလာမှာ ဖြစ်ပါတယ်။

Credit: Gentleman Magazine

Read times Last modified on Wednesday, 29 January 2020 12:06
Rate this articles
(1 Vote)