×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 08 February 2019

ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့သူ ဖြစ်ဖို့ အတွက်လိုအပ်တဲ့ အချက်များ

ပေါင်းသင်းဆက်ဆံရေးဆိုတာ လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ဘဝမှာပဲဖြစ်ဖြစ် အရေးကြီးဆုံးအရာဖြစ်ပါတယ်။

ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့သူဟာ ရောက်လေရာတိုင်းမှာ ပျော်နေနိုင်သလို၊ စိတ်ချမ်းသာမှုကိုလည်း ခံစားရမှာပါ။

လူချစ်လူခင်ပေါများစေဖို့နဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့သူ တစ်ယောက်ဖြစ်ဖို့ အတွက် လိုအပ်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စကားနည်းပါ။

နည်းနည်းပြောလေ တန်ဖိုးမြင့်လေ ဆိုတဲ့စကားပုံရှိပါတယ်။ ဒါဟာသိပ်ကိုမှန်ပါတယ်။ လူတစ်ေယာက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရာမှာ ကိုယ်ကချည်းစကားတွေ အများကြီးပြောနေမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ တစ်ဖက်သားပြောဖို့ အချိန်၊ တစ်ဖက်သားရဲ့ခံစားချက်ကို နားထောင်ပေးဖို့ ကြိုးစားရပါမယ်။

ဒီလိုမဟုတ်ပဲ တစ်နေ့တစ်နေ့ ကိုယ့်အကြောင်း၊ ကိုယ့်ခံစားချက်၊ ကိုယ့်ရဲ့အထင်အမြင်အယူအဆတွေကိုပဲ ရေပက်မဝင်အောင်ပြောနေမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ ဒါကြောင့် နည်းနည်းပြော၊ များများနားထောင်တတ်ဖို့ လေ့ကျင့်ပါ။

(၂) မကြွားပါနဲ့။

ကြွားတာဟာလူတိုင်းအမြင်ကတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကြွားတယ်ဆိုတာ သူငယ်ချင်းတွေကြား၊ လူမှုပေါင်းသင်းဆက်ဆံရေးမှာ မလိုအပ်တဲ့၊ မလုပ်သင့်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် သင်ဘယ်လောက်တော်တယ်၊ ဘယ်လောက်ချမ်းသာတယ်၊ ဘာတွေပိုင်ဆိုင်တယ်ဆိုတာမျိုးကို လုံးဝမကြွားပါနဲ့။ ကြွားတဲ့သူဆိုရင် သင်ကိုယ်တိုင်တောင် အမြင်ကပ်တယ်မဟုတ်လား။

(၃) နေ့တိုင်းသင်ယူပါ။

သင်ဟာဘယ်လောက်ပဲ ပညာအရည်အချင်းမြင့်မြင့် လူတစ်ယောက်ဟာ လောကအကြောင်း၊ အရာအားလုံးကို မတတ်မြောက်နိုင်ပါဘူး။ ဒါကြောင့် သင့်ထက် ပညာ အရည်အချင်းနိမ့်ကျတဲ့သူဆီကပဲဖြစ်ဖြစ်၊ ဘယ်လိုလူဆီကမဆို နေ့တိုင်းသင်ယူဖို့ကြိုးစားပါ။ ဒါဟာ တစ်ဖက်သားကို လေးစားရာလည်းရောက်သလို၊ ကိုယ့်ကိုယ်ကို နှိမ့်ချရာလည်းရောက်တာကြောင့် လူတိုင်းရဲ့ ချစ်ခင်လေးစားခြင်းကို ခံရမှာပါ။

(၄) များများပြုံးပါ။

အပြုံးဟာ ဘယ်လောက်တောင်အစွမ်းထက်တယ်ဆိုတာ သင်သိပါသလား။ ဘယ်လောက်ရုပ်ဆိုးတဲ့ သူပဲဖြစ်ဖြစ် များများပြုံးလေ ချစ်ဖို့ကောင်းလေလေပါပဲ။ ဒါကြောင့် စကားပြောရင်လည်း အပြုံးမျက်နှာလေးနဲ့၊ အလုပ်လုပ်ရင် လည်း အပြုံးမျက်နှာလေးနဲ့ ၊ ဒေါသထွက်နေရင်တောင် အပြုံးမပျက်ဖို့ လေ့ကျင့်ထားပါ။ အပြုံးဟာ သင်မထင်မှတ် ထားလောက်အောင် အစွမ်းထက်တယ်ဆိုတာ ကိုယ်တိုင်သိလာပါလိမ့်မယ်။

(၅) သူတစ်ပါးကိုကူညီပါ။

ကူညီတတ်တဲ့သူဟာ ခင်မင်နှစ်လိုဖွယ်အကောင်းဆုံးသူပါ။ သင့်ပတ်ဝန်းကျင်မှာ၊ သင့်အနီးအနားမှာ တစ်ယောက်ယောက်က တစ်ခုခုကိုလုပ်နေတဲ့အခါ၊ တစ်ခုခု ခံစားနေရတဲ့ အခါ ထိုင်ကြည့်မနေသင့်ပါဘူး။ သင်လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သည်ဖြစ်စေ၊ ကူညီလိုက်ပါ။ ဒီလိုကူညီလိုက်ခြင်းအားဖြင့် သူ့ရဲ့ချစ်ခင်လေးစားမှုကို ရရှိမှာဖြစ်သလို၊ စေတနာကရောင်ပြန်ဟပ်ပြီး လူအများရဲ့ ချစ်ခင်ခြင်းကို ရရှိမှာဖြစ်ပါတယ်။

source: every time story

Read times Last modified on Thursday, 30 January 2020 15:14
Rate this articles
(1 Vote)