×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 20 February 2019

ဥာဏ်ထိုင်းစေမည့် ဘ၀နေထိုင်မှုပုံစံ ၁၀ မျိုး

ဥာဏ်ထိုင်းစေမည့် ဘ၀နေထိုင်မှုပုံစံ ၁၀ မျိုး google

ဥာဏ်ထိုင်းစေတဲ့ အပြုအမှု နေထိုင်မှုပုံစံတွေက လူ့ပတ်ကျင်းနဲ့ ဆက်သွယ်ပြောဆိုရမယ်အချိန်မှာ အလွန်အခက်အခဲ ဖြစ်စေတတ်ပါတယ်။ ဒီလို နေထိုင်မှုပုံစံတွေ သင့်မှာရှိနေပြီဆိုရင်တော့ အမြန်ဆုံးပြောင်းလဲဖို့ တိုက်တွန်းလိုပါတယ်။

 အောက်ပါအချက်တွေထဲမှာ ကိုယ်ကဘယ်အချက်တွေနဲ့ ကိုက်ညီနေလဲဆိုတာ သိအောင် တိုက်ကြည့်လိုက်ပါအုံးခင်ဗျ။

၁. မနက်စာ မစားခြင်း။

မနက်စာ မစားခြင်းကလည်း ဥာဏ်ထိုင်းစေပါတယ်။ မနက်စာ မစားတဲ့ အတွက်ကြောင့် ကိုယ်တွင်း သကြားဓာတ် ပမာဏ ကျဆင်းပြီး ဦးနှောက်ကို

လုံလောက်တဲ့ အာဟာရ မရောက်စေပါဘူး။

၂. အအိပ်လွန်ခြင်း။

အိပ်သင့်အိပ်ထိုက်တဲ့ အချိန်ပမာဏထက် ပိုပြီးတော့ အိပ်ရင် ဦးနှောက်က ဆဲလ်တွေကို သေစေတဲ့အတွက် ဥာဏ်ထိုင်းစေပါတယ်။

၃. အိပ်ချိန်နည်းခြင်း။

သာမန်လူတစ်ယောက် အိပ်သင့်တဲ့ အချိန် ပမာဏတွင် မအိပ်ပဲ နေပါက ဦးနှောက်သွေးဆီးမှု နှေးကွေးမှုကြောင့် ဥာဏ်ထိုင်းစေပါတယ်။

၎. အိပ်နေစဉ် ခေါင်းခြုံ ခြင်း။

ခေါင်းခြုံပြီး အိပ်သူဟာ သာမန်အတိုင်း အိပ်သူလောက် အောက်ဆီဂျင် မရပါဘူး။

ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏသာ တိုးလာစေပြီး ဦးနှောက်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေ ပါတယ်။

၅. ဖျားနာနေစဉ် ဦးနှောက်အလုပ်လုပ်များခြင်း။

ဖျားနာနေစဉ်မှာ ဦးနှောက်အလုပ်ပေးမှုကို မလုပ်သင့်ပါဘူး။ ဦးနှောက်က ဒီတိုင်းနေလည်း မနားတမ်း အလုပ်လုပ်တာ မှန်ပေမယ့် တကူးတက

စာလုပ်တာတို့၊ ပရောဂျက်လုပ်တာတို့၊ လုပ်ငန်းဆောင်တာ တစ်ခုခုအတွက် တွေးခေါ် လုပ်ကိုင်တာတို့က ဦးနှောက်စွမ်းရည် ကျဆင်းစေမယ့်

အမူအကျင့်တွေပါ။

၆. တွေးခေါ်မှုနည်းခြင်း။

တစ်နေ့ပြီးတစ်နေ့ လုပ်စရာ ရှိတာတွေသာ လုပ်နေပြီး ဘာမှတွေးခေါ် စဉ်းစားမှု မရှိရင်လည်း မကောင်းပါဘူး။

တွေးခေါ်မှု နည်းပါးခြင်းကြောင့် ဥာဏ်ကွန့်မြူးမှုကို ဖြစ်မလာစေပဲ ဥာဏ်သာ ထိုင်းလာစေတတ်ပါတယ်။

၇. စကားနည်းခြင်း။

ပညာရှိ စကားနည်း ဆိုတာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် စကားမပြော တိုင်းလည်း ပညာရှိမဟုတ်ပါဘူး။

လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်များ ဖလှယ်ခြင်း၊

ကျဗန်း ငြင်းခုံပြောဆိုခြင်းတို့ကလည်း ဦးနှောက်ကို ကောင်းစေပါတယ်။ ထိုသို့ မပြု လုပ်ရင်တော့ ကြိမ်းသေ ဥာဏ်ထိုင်းစေပါတယ်။

၈. ဆေးလိပ်သောက်ခြင်း။

ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ပြီး အယ်ဇ်ဇိုင်းမား တို့လို ရောဂါ၊ အတိတ်မေ့ ရောဂါတို့ကိုတောင် ဖြစ်စေပါတယ်။

၉. သကြားဓာတ် အများအပြား စားသုံးခြင်း။

သကြားဓာတ်လိုအပ်တာ မှန်ပေမယ့် လိုတာထက် စာသုံးမိရင်လည်း မကောင်းပါဘူး။

အသက်ငယ်တုန်းက သကြားဓာတ်က လိုအပ်ပေမယ့် လူလတ်ပိုင်းက စလို့ လူတစ်ယောက်ရဲ့  အချိုစာသုံးမှုက ကလေးတွေနဲ့

သွားမယှဉ်သင့်တော့ပါဘူး။ သူက ပရိုတိန်းဓာတ် ဆုပ်ယူမှုအား ကို လျော့စေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို အတားအဆီး ဖြစ်စေပါတယ်။

၁၀. လေမသန့် ခြင်း။

ကိုယ်နေထိုင်၊ စားသောက်တဲ့ ပတ်ဝန်းကျင်က အနံ့ ပေါင်းစုံနေပြီး လေကောင်းလေသန့်

ရှုရှိုက်ရမှုနည်းရင်လည်း အောက်ဆီဂျင်ရရှိမှု နှုန်းနည်းတဲ့အတွက် ဦးနှောက်ဖွံ့ဖြိုးမှုကို နှေးကွေး စေပါတယ်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် (sayar.com) တွင် ရှိသော ဘာသာရပ်များစွာထဲမှ မိမိတို့ စိတ်ဝင်စားသည့် ဘာသာရပ်များကို

သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

မည်သည့် ဘာသာရပ်မဆို သင်ကြားပေးသော ဆရာ၊ ဆရာမများသည်လည်း (sayar.com.mm) တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Source: May Dim’s Note Book

sayar.com

Read times Last modified on Thursday, 30 January 2020 15:34
Rate this articles
(0 votes)