×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 22 February 2019

အလုပ်ပြောင်းတော့မယ်ဆိုရင်

လက်ရှိကနေ နယ်ပယ်အသစ် တစ်ခုထဲကို လုံးလုံးလျားလျား ဝင်ရောက်ပြီး Career change တယ်ဆိုတာ တကယ်ကို လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။

လူတိုင်းကတော့ ကိုယ်ရောက်နေတဲ့ အခြေအနေကို ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ် ဒါပေမယ့် ပြောင်းလဲဖို့ ဆိုတာကတော့ လူတိုင်းမလုပ်နိုင်ဘူးလေ။ ကိုယ်ရောက်နေတဲ့ နေရာ၊ ကိုယ်သွားနေရတဲ့ Career လမ်းကြောင်းကို သဘောမကျပေမယ့် မိသားစုကြောင့် ပဲဖြစ်ဖြစ်၊ ငွေကြေးကြောင့်ပဲ ဖြစ်ဖြစ် အခြေအနေ အကြောင်းအရင်း အမျိုးမျိုးကြောင့် ရှေ့မတိုးရဲဘဲ ရောင့်ရဲတင်းတိမ် နေရသူတွေ အများကြီးပါပဲ။

ကိုယ့်ရဲ့ Career ကအဆင်မပြေဘူး တကယ်ကို ပြောင်းလဲချင်တယ်၊ နယ်ပယ်အသစ်ထဲ ဝင်ချင်တယ် ဆိုရင် ဒီတိုင်း ခြေပစ်လက်ပစ် ဝင်သွားလို့တော့ မရပါဘူး။ ဒီနေရာမှာ သတိထားရမယ့် အချက်လေးတွေ၊ ဆန်းစစ်ရမယ့် အရာလေးတွေ၊ ပြင်ဆင်ထားသင့်တာလေးတွေလည်း ရှိပါသေးတယ်။

အခု ဖော်ပြပေးမယ့် အချက်လေးတွေကို အဆင့်ဆင့် သေချာလိုက်လုပ်ပြီး ပြင်ဆင်ထားမယ်ဆိုရင် ဘာမှမပြင်ဆင်ဘဲ နေရာစိမ်းတစ်ခုကို ရောက်သွားတာထက်စာရင်တော့ အများကြီး ပိုကောင်းမှာပါ။ Career change တာ ကိစ္စကြီးမို့လို့ သေချာသတိထားဖို့ လိုပါတယ်နော်။ ဒီအချက်လေးတွေ ကြိုတွေးထားတယ်ဆိုရင် အခက်အခဲတွေလည်း လျှော့ချရာရောက်သလို Career အသစ်မှာ အောင်အောင်မြင်မြင် ရပ်တည်နိုင်ဖို့ အခွင့်အလမ်း ပိုများလာမှာ ဖြစ်ပါတယ်။ အားလုံးပဲ အောင်မြင်တဲ့ Career ပြောင်းလဲမှု ပြုလုပ်နိုင်ကြပါစေ။

 
တကယ်ပြောင်းလဲဖို့ လိုသလား

ဒီမေးခွန်းက အရေးကြီးပါတယ်။ တစ်ခုခု အဆင်မပြေရုံနဲ့ ပြောင်းမယ် ပြုမယ် ဆိုပြီးတော့ ဆုံးဖြတ်လို့ မရပါဘူး။ Career change တယ်ဆိုတာ တကယ့်ကို ကြီးမားတဲ့ ကိစ္စမို့ စိတ်ထင်သလို မလုပ်မိဖို့ အရေးကြီးပါတယ်။ အရင်ဆုံး ကိုယ်သွားနေတာကို တကယ်သဘောမကျဘူးလား၊ တကယ် ပင်ပန်းနေတာလား၊ တကယ်ကြီး ပြောင်းလဲဖို့ လိုနေတာလား သေချာစဉ်းစားသင့်ပါတယ်။ Career change မယ်ဆိုရင် ရင်ဆိုင်ရမယ့် အရာတွေ၊ စဉ်းစားရမယ့် အရာတွေက အများကြီးမို့ ကိုယ့်ကိုယ်ကိုယ် သေချာဆန်းစစ်ပြီးမှ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချသင့်တာပါနော်။ အရင်ဆုံး မဆန်းစစ် ကြည့်ဘဲနဲ့ အလွယ်တကူ ပြောင်းလဲဖို့ မလုပ်ပါနဲ့။

မိသားစုနဲ့ ငွေကြေး

ဒါလူတော်တော်များများ Career change ဖို့ တွန့်ဆုတ်မိကြရတဲ့ အကြောင်းအရင်းတစ်ခုပါ။ တကယ်လို့များ Career change လိုက်ရင် မိသားစုတွေက ဘာပြောကြမလဲ၊ လက်ခံကြပါ့မလား၊ စားဝတ်နေရေးကရော အဆင်ပြေပါ့မလား၊ ငွေရေးကြေးရေး အဆင်မပြေရင် ဘယ်လိုလုပ်မလဲ၊ မအောင်မြင်ခဲ့ရင် ဘာလုပ်ရမလဲ ဒီမေးခွန်းတွေက Career change ဖို့ စဉ်းစားသူတိုင်း တွေးမိကြမယ့် အရာတွေပါပဲ။ Career change လိုက်ရင် လက်ရှိအလုပ်၊ လက်ရှိနေရာ အကုန်လုံးကို စွန့်လွှတ်ရမယ်၊ အရာအားလုံး တစ်ကနေ ပြန်စရမယ် အဲ့ဒီအခါကျရင် အောင်မြင်မလား၊ ကျရှုံးမလား ဘယ်သူမှ မသိဘူး၊ စွန့်စားပြီး လုပ်ရမယ်။ တကယ်လို့်များ ကျရှုံးခဲ့ရင် ကိုယ်တိုင်တင်မက မိသားစုကိုပါ ထိခိုက်နိုင်တယ်။ ဒါ့ကြောင့် မိသားစုနဲ့ ငွေကြေးကို Career change မလုပ်ခင် အရင်ဆုံး သုံးသပ်သင့်ပါတယ်။ ဒါမှ ကြိုတင်ပြင်ဆင်ထားလို့ ရမှာပေါ့။

တိကျတဲ့ ရည်မှန်းချက်

ပင်ပန်းလာရုံလောက်နဲ့ “အဆင်မပြေဘူးကွာ ဒါကြီးကို မကြိုက်ဘူး တခြားပြောင်းမယ်” ဆိုပြီး ဇွတ်လုပ်လို့ မရပါဘူး။ အခုလက်ရှိနေရာကနေ ပြောင်းလဲချင်တယ်ဆိုရင် ဘယ်လမ်းကြောင်းကို ပြောင်းလဲရမလဲ၊ ဘယ်ပန်းတိုင်ကို ဦးတည်ရမလဲဆိုတဲ့ တိကျမှုတစ်ခုတော့ လိုအပ်ပါတယ်။ ဒါ့မှပဲ လမ်းမပျောက်ဘဲ နည်းမှန် လမ်းမှန် တစ်စိုက်မတ်မတ် ဆက်လျှောက်နိုင်မှာပါ။ ရည်မှန်းချက်လည်း မရှိ၊ တွေးထားတာလည်း တစ်ခုမှ မရှိရင်တော့ Career change မလုပ်တာ ပိုကောင်းပါလိမ့်မယ်။ မဟုတ်ရင်တော့ ဟိုယောင် ဒီယောင်နဲ့ မျောနေတဲ့ လှေတစ်စင်းလို ကိုယ်ပါ ဘဝပျက်သွားနိုင်တာမို့ပါ။

လမ်းကြောင်းရှာ

ပြောင်းလဲချင်တာလည်း သေချာတယ်၊ ကိုယ့်မှာ တိကျတဲ့ ပန်းတိုင် တစ်ခုလည်း ရှိတယ်ဆိုရင်တော့ နောက်တစ်ဆင့်က လမ်းကြောင်းရှာဖို့ပါပဲ။ Career change လိုက်မယ်ဆိုရင် ကိုယ်မျှော်မှန်းထားတဲ့ နေရာရောက်နိုင်ဖို့ ဘယ်လို လမ်းကြောင်းကနေ သွားရမလဲ၊ ဘာတွေ လိုအပ်မလဲ ဒါတွေ ကြိုတင်ရှာဖွေပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ကြိုတင်ပြင်ဆင်မှု ရှိမှ အဆုံးထိ အစီအစဉ်တကျ လျှောက်နိုင်မှာပေါ့။ ဒါ့ကြောင့် ကိုယ်ပြောင်းမယ့် Career နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ၊ နယ်ပယ်တွေကို သေချာလေ့လာပြီး လမ်းကြောင်းရှာထားဖို့ လိုအပ်ပါတယ်။

Plan ချပါ

ခမ်းနားတဲ့ အောင်မြင်မှုတိုင်းက နည်းစနစ်တကျ အစီအစဉ်တွေကနေ ဖြစ်တည်လာတာပါ။ ကိုယ်ဘယ်သွား ရမလဲသိပြီ၊ ဘယ်လို လမ်းကြောင်းကနေ သွားရမလဲ ဆိုတာလည်း သိပြီဆိုရင် သွားဖို့အတွက် လိုအပ်တာတွေ ပြင်ဆင်ရတော့ မှာပေါ့။ Plan မရှိဘဲနဲ့ နယ်ပယ်အသစ်ထဲ ဒီတိုင်းဝင်ရင် ကိုယ်ပဲ ထိခိုက်မှာလေ။ ဒါ့ကြောင့် ကိုယ့် Career အတွက် လိုအပ်တာတွေ အသေးစိတ်ကို Plan ချထားဖို့ လိုပါတယ်။ ဒီလိုမှပဲ ဆုံးရှုံးမှုတွေကို ကြိုတင်ကာကွယ်နိုင်မှာပါ။ Career change တယ်ဆိုတာ စွန့်စားရတဲ့ အရာတစ်ခုမို့ အဆိုးဆုံးအခြေအနေတွေ အတွက်ရော၊ အောင်မြင်မှုအတွက်ပါ ပြင်ဆင်ထားဖို့ လိုပါတယ်။ အာ့ဆို မထင်မှတ်ထားတဲ့ အခြေအနေတွေမှာ လွယ်လွယ် မပြိုလဲနိုင်တော့ဘူးပေါ့။

Skills တွေ မြှင့်တင်ပါ

နယ်ပယ်အသစ်မှာ ရှင်သန်ရုန်းကန်နိုင်ဖို့ Skills တွေဆိုတာ မဖြစ်မနေ လိုအပ်တာပါပဲ။ ဖြည့်ထားရမယ့် အရည်အချင်းတွေ ရှိတယ်၊ သိထားသင့်တဲ့ အချက်အလက်တွေ ရှိတယ်။ ဒီလို ကြိုတင် လေ့လာပြီး skillsတွေ မြှင့်တင်ထားမှ Career change လိုက်လို့ နယ်ပယ်အသစ် ရောက်သွားတဲ့အခါ ဘာမှမသိဘဲ အူကြောင်ကျားမျိုး မဖြစ်တော့ဘူးလေ။ ဒါ့ကြောင့် Career change ဖို့ ပြင်ဆင်ရင်းနဲ့ လိုအပ်တဲ့ skills တွေကိုလည်း တတ်နိုင်သလောက် မြှင့်တင်ထားဖို့ လိုအပ်ပါတယ်နော်။

Source: LiveTheDream

Read times Last modified on Thursday, 30 January 2020 15:36
Rate this articles
(1 Vote)