×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 26 February 2019

ချစ်စဖွယ် ​​စကားပြောနည်းများ

ချစ်စဖွယ် ​​စကားပြောနည်းများ google

အခုခေတ်မှာဆိုရင် လူတွေဟာစကားပြောကောင်းဖို့အထက် စကားမကောင်းပြောဖို့ကို ပိုစိတ်အားထက်သန်ကြပါတယ်။ ဒီလိုစကားတွေကြောင့် အချင်းချင်း ကထောက်ကဆဖြစ်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေသာ ပိုလာကြပါတယ်။

မြန်မာစကားပုံတစ်ခုဖြစ်တဲ့ ကြမ်းကျွန်ရင်နုတ်လို့ရတယ် စကားကျွန်ရင် နုတ်လို့မရဘူး ဆိုတဲ့ စကားပုံဟာ အလွန်မှန်ပါတယ်။ လူတွေနဲ့စကားပြောတဲ့နေရာမှာ ထိန်းပေးတဲ့စိတ်ဟာ အရေးကြီးတဲ့ အဓိကအချက်ပါ။ အောက်ပါ အချက်တွေက လူအဖွဲ့အစည်း နဲ့ ထိတွေ့တဲ့အချိန်မှာ ကိုယ့်ရဲ့စကားတွေက တစ်ဖက်လူအပေါ်လွန်မသွားစေဘဲ ချစ်စရာကောင်းတဲ့ စကားပြောနည်းလေးတွေဖြစ်လို့ လူငယ်တွေအတွက် ဖတ်သင့်ဖတ်ထိုက်တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။

(၁)လူတွေနဲ့ စကားပြောရင် သိပ် မပွင့်လင်းနဲ့။ကွယ်ရာကျ ကဲ့ရဲ့တတ်တယ်။

(၂)လူတွေနဲ့ စကားပြောရင် သိပ် မရောလိုက်နဲ့။ကိုယ့် အားနည်းချက်ကို နင်းသွားတတ်တယ်။

(၃)လူတွေနဲ့ စကားပြောရင် သိပ် မစပ်စုနဲ့။အထင်သေး အမြင်သေး ပြန်ကြည့်တတ်တယ်။

(၄)လူတွေနဲ့ စကားပြောရင် သိပ် မဝေဖန်နဲ့။ရွံစရာလူလို့ သတ်မှတ်တတ်မယ်။

(၅)လူတွေနဲ့ စကားပြောရင်သိပ်မချီးကျူးနဲ့။မရိုးသားသူလို့ မြင်သွားတတ်မယ်။

(၆)လူတွေနဲ့ စကားပြောရင် ဖြတ်မပြောနဲ့။မယဉ်ကျေးသူလို့ သတ်မှတ်တတ်တယ်။

(၇)လူတွေနဲ့ စကားပြောရင် သိပ် မမေးပါနဲ့။မပေါင်းသင့်သူလို့ သတ်မှတ်တတ်မယ်။

(၈)လူတွေနဲ့ စကားပြောရင် သိပ် အတင်းမပြောနဲ့။သူ့ အကြောင်းလည်း အခြားလူတွေကိုသင် ပြောမှာပဲလို့ သတ်မှတ်တတ်မယ်။

(၉)သိထားရမှာကလူတိုင်းက စိတ်သောကများကြတဲ့အတွက် ပေါ့ပေါ့ပါးပါး စိတ်ချမ်းသာစရာ 
စကားပဲ ကြားချင်ကြတယ်။

သို့ဖြစ်၍......သူတစ်ပါး စိတ်ချမ်းသာဖို့အဓိကထား ရည်ရွယ် ​ပြောဆိုပါ။

စကားဆိုတာ အမှန်တရား ဖြစ်စေဦးတော့ ပြောသင့် မပြောသင့် ချင့်ချိန်ပါ။

မှန်တဲ့စကားက နားထောင်သူအတွက် အကျိုးရှိကောင်း ရှိမယ်ပြောတဲ့သူအတွက်တော့
အန္တရာယ် အသွယ်သွယ် ရန်အသွယ်သွယ်ဖြစ်ပွားတတ်တယ်နော်။

အရမ်းရင်းနှီးသူပင်ဖြစ်ပါစေ စကားကို ချင့်ချိန်ပြောလိုက်ပါ။

Ref : Original Writer

Sayar.com

Read times Last modified on Thursday, 30 January 2020 15:42
Rate this articles
(1 Vote)