×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 01 March 2019

ရည်မှန်းချက်နဲ့ ရှင်သန်ပါ

မျှော်လင့်ချက်နဲ့ အသက်မရှင်ပါနဲ့။ ရည်မှန်းချက်နဲ့ အသက်ရှင်ပါ။

မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာ မောပန်းလွန်းသလောက်ရည်မှန်းချက်နဲ့ အသက်ရှင်ရတာ သိပ်ကိုစိတ်အားတက်ကြွတယ်။

မျှော်လင့်ချက်နဲ့ အသက်ရှင်ကြသူတွေက လူပျင်းတွေများတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသူတွေ များတယ်။

သတ္တိမရှိသူတွေများတယ်။"ငါ အနာဂတ်မှာ အောင်မြင်ချင်လိုက်တာ" "ငါ မနက်ဖြန်ကံကောင်းမှာပါ" "တစ်နေ့နေ့တော့ ဖြစ်လာမှာပေါ့" စသဖြင့် မရေရာတဲ့ မျှော်လင့်ချက်တွေကို ရင်မှာပိုက်ပြီး အချိန်ဖြုန်းနေတတ်ကြတယ်။ ကံကို အားကိုးမျှော်လင့်တတ်ကြတယ်။

မျှော်လင့်ချက်တွေဖြစ်မလာပါများတော့ မိမိကိုယ်ကို ယုံကြည်မှုတွေ မဲ့လာတတ်ကြတယ်။ ဒီလိုနဲ့ ဘဝကို စိတ်ပျက်ငြီးငွေ့လာတတ်ကြတယ်။

ရည်မှန်းချက်နဲ့ အသက်ရှင်ကြည့်ပါ။ဘဝဟာ သိပ်ကို အားရကျေနပ်ဖွယ်ကောင်းတယ်။"လာမယ့်ငါးနှစ် ငါအောင်မြင်ရမယ်" "ဒီနှစ်ထက်နောက်နှစ် အင်္ဂလိပ်စာစွမ်းရည် ပိုတိုးတက်ရမယ်" စတဲ့ ရေတိုရေရှည် ရည်မှန်းချက်တွေ ချမှတ်ပြီး လုပ်ဆောင်ကြည့်ပါ။

ကိုယ်သတ်မှတ်ထားတဲ့ ရည်မှန်းချက်ရောက်အောင် နေ့စဉ်ဆောင်ရွက်လုပ်ကိုင်နေရတာကြောင့် စိတ်ညစ်ဖို့ စိတ်ဓာတ်ကျဖို့ အားငယ်ဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။ တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ ကိုယ့်ရဲ့အခြေအနေကြောင့် စိတ်အားတက်ကြွမှုကိုတောင် ရရှိခံစားရပါ လိမ့်မယ်။

သင် စိတ်ညစ်နေတယ် စိတ်ဓာတ်တွေကျနေတယ် ပျင်းနေတယ်ဆိုရင် သေချာပါတယ် သင့်မှာ ဘဝအတွက် တိကျရေရာတဲ့ ရည်မှန်းချက် မရှိဘူး။သင့်မှာ ပျင်းဖို့ စိတ်ဓာတ်ကျဖို့ စိတ်ညစ်ဖို့ အချိန်တွေ ရှိနေပါတယ်။

အချိန်တွေ ပိုနေတယ်။အချိန်တွေ လေလွင့်နေတယ်။စိတ်ဓာတ်ကျ စိတ်ညစ်ပြီး အချိန်ကုန်ခံနေမယ့်အစား ဘဝအတွက် တိုးတက်မှုတစ်ခုခုကို ရည်မှန်းချက်ထားပြီး လုပ်ဆောင်နေသင့်တယ်။

အရွေ့တစ်ခုကိုလိုချင်ရင် ခွန်အားစိုက်ထုတ်မှုတော့ ရှိရပါမယ်။ ကိုယ့်ရဲ့energyကြောင့် အရွေ့တစ်ခုဖြစ်ပေါ်သွားရင် အဲ့တာကိုအလုပ်လို့ ခေါ်ပါတယ်။မျှော်လင့်နေရုံ ဆန္ဒရှိရုံနဲ့တော့ အရွေ့တစ်ခုဖြစ်မလာပါဘူး။

သင်ဟာ ဝလွန်းနေတဲ့ သင့်ခန္ဓာကိုယ်အစား ကျစ်လစ်တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဝိတ်ချရမယ်။ အစားရှောင်ရမယ်။ နေ့စဉ်လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးရမယ်။ ဒါဟာ အရွေ့တစ်ခုအတွက် အားစိုက်ထုတ်မှုပါ။

ဒီလိုတွေ သင်မလုပ်ချင်ဘူးဆိုရင်တော့ သင်လိုချင်တဲ့အနေအထားကို ရမှာမဟုတ်ပါဘူး။ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ် ချင်တယ်။ ဒါပေမယ့် အားထုတ်မှုမရှိဘူးဆိုရင်တော့ တိုးတက်မှုလည်းရှိလာမှာ မဟုတ်ပါဘူး။

ပိုပျော်ချင်တယ် ပိုတော်ချင်တယ်ဆိုရင် မျှော်လင့်နေတာတွေကို ရပ်လိုက်ပါ။ ရည်မှန်းချက်တွေ ချမှတ်ပါ။ တစိုက်မတ်မတ်လုပ်ဆောင်ပါ။ ဘဝရဲ့အဆင်မပြေမှုတွေကို အလုပ်နဲ့ အလဲထိုးလိုက်ပါ။

အလုပ်ဆိုတာ အကောင်းဆုံးသောကပြေဆေးဖြစ်သလို အကောင်းဆုံးမိတ်ဆွေလည်း ဖြစ်ပါတယ်။ ဒီနေ့ကစပြီး ရည်မှန်းချက်planတွေ ရေးဆွဲပြီး စိတ်အားတက်ကြွစွာ လုပ်ကိုင်နေထိုင်ပါ။

credit: အညာသားစွယ်စုံကျမ်း

Read times Last modified on Thursday, 30 January 2020 15:48
Rate this articles
(0 votes)