×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 01 March 2019

စိန်ခေါ်ပါ

ကျွန်မတို့လူငယ်တွေရဲ့ လိုချင်တဲ့ဘ၀ ကိုမေးရင် အများစုကတော့ အနာဂတ်မှာ သာယာပြီး ပြည့်စုံတဲ့ မိသားစုဘ၀ ဒါမှမဟုတ် ပြည့်စုံတဲ့ ကိုယ်ပိုင်ဘဝ၊ ငွေရေးကြေးရေးကို

မပူပန်ဘဲ ရှင်သန်နေထိုင်ရတဲ့ ဘ၀ တစ်ခုကတော့ ဘယ်သူမဆိုလိုချင်တဲ့ အနေအထားတစ်ခုပေါ့။

ဒါတွေကို အကောင်ထည်ဖော်နိုင်ဖို့ နေ့တိုင်း ကြိုးစားကြတယ်၊ အစွမ်းကုန် အားထုတ်ပြီး ခက်ခဲတဲ့ အရာတွေ ကိုသင်ယူကြပါတယ်။ ဒါက လူငယ်ဘ၀ ရဲ့အဓိက အခန်းကဏ္ဍပါပဲ။

လူငယ်ဆိုတာအမြဲ တက်ကြွပြီး ပညာတစ်ခုခု၊ လုပ်ငန်းတစ်ခုခုကို ဆန္ဒပြင်းပြ သင်ယူနေရတဲ့ အရွယ်ပေါ့။ အောင်မြင်မှုတွေ ရနိုင်ဖို့ဆိုရင် သေချာတယ်ကြိုးစားမှုကတော့ အဓိက လိုတာပေါ့။ ဒီထက်သေချာတာ တစ်ခုကတော့ မသေမချင်း ကြိုးစားရမှာပါဘဲ။ ဒါပေမယ့် ကြိုးစားတဲ့အခါတိုင်းမှာ တူညီတဲ့ လုံ့လ အားထုတ်မှုနဲ့ ကြိုးစားဖို့ဆိုတာ မသေချာတဲ့အရာပါ။

ဒါဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို လှုံ့ ဆော်မလဲ?? ကိုယ့်ကို အမြဲအားတက်စေမယ့် နည်းလမ်းက ဘယ်လိုမျိုးလဲ?? ဒီမေးခွန်းအတွတ်အဖြေရှိပါတယ်။ “ကိုယ့်ကိုယ်ကို စိန်ခေါ်လိုက်ပါ”။

ခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့ Challenge လုပ်တာပေါ့။ စိန်ခေါ်တယ် ဆိုကတည်းက ဘယ်သူကမှ မရှုံးချင်ပါဘူး။ ဒါ့ကြောင့် နိုင်အောင်လုပ်မှာသေချာပါတယ်။ ဥပမာဆိုရင် သင်ရေကူးသင်ခါစအချိန်မှာ ငါရေတစ်မိနစ် ပြည့်အောင်ငုတ်မယ်လို့ သင့်ကိုယ်သင် စိန်ခေါ်ရင် သင်ရေကို ၁ မိနစ်မရ ရအောင် ငုတ်ပါလိမ့်မယ်။

ပထမဆုံးအကြိမ် ငုတ်လို့ ၁မိနစ်မရဘူးဆိုရင်တောင် သင်နောက်တစ်ခါထပ်ကြိုးစားမှာပါ။ အဲ့ချိန်ဆိုရင်တော့ သင်ကြာကြာနေနိုင်အောင် အသက်ကို ကြာကြာ ကြိုးစားပြီးအောင့်ထားမှာသေချာပါတယ်။ ဒီလိုနဲ့ဘဲ သင်ရေအောက်မှာ ၁မိနစ် နေနိုင်သွားမှာ ဖြစ်ပါတယ်။ သူများတွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါက ပုံမှန်ကြိုးစားမှုလေးပါ။

ဒါပေမယ့် သင့်အတွက်ကတော့ ကြီးမားတဲ့ ကြိုးစားအားထုတ်မှုရဲ့အောင်မြင်ခြင်းပါဘဲ။ ဒီအောင်မြင်ခြင်းက သင့်ကို အခြားဟာတွေကို ကြိုးစားချင်အောင် လှုံ့ဆော်ပေးပါလိမ့်မယ်။(Game တစ်ခုကို နိုင်ရင် နောက်ထပ် Level တွေကို ဆက်ဆော့ချင်တဲ့သဘောပေါ့)။

ဒီတော့ သေချာပေါက် အောင်မြင်ချင်တယ်ဆိုရင် ပညာရပ်တစ်ခုခု ကို သင်ယူတဲ့ အခါမှာဘဲ ဖြစ်ဖြစ် လုပ်ငန်းတစ်ခုခု ကို လုပ်ဖို့ ရည်ရွယ်ချက်ရှိ တဲ့အခါမှာဘဲ ဖြစ်ဖြစ် ပထမဆုံး ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ၊ ကတိတွေ ထားတာက သင့်ကို အောင်မြင်မှုတစ်ခုကနေ အခြားသောအောင်မြင်မှုဆီကို ခေါ်သွားမှာပါ။

ဘယ်နယ်ပယ်ထဲဘဲ ရောက်ရောက် အခက်အခဲတွေဆိုတာသေချာပေါက် ရောက်လာမှာဘဲ။ ကိုယ့်ကိုယ်ကို စိန်ခေါ်တာ၊ ကတိထားတာတွေက နောက်ရောက်လာမဲ့ အခက်အခဲတွေကို ကြိုပြီးတော့ အောင်နိုင်မယ်လို့ ကြွေးကြော်ထားတာနဲ့အတူပါဘဲ။

ဒါကြောင့် ကိစ္စသေးသေးလေး က စလို့ ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။ ဥပမာပြောရရင် စာအုပ်တစ်အုပ်ကို အပြီးဖတ်ချင်လို့” ငါနေ့တိုင်း (၁၀) မျက်နှာ ဖတ်မယ်”လို့ စိန်ခေါ်ထားတယ်ဆိုရင် နေ့တိုင်း လုပ်ဖြစ်အောင် သင်ကြိုးစားပါလိမ့်မယ်။ ကြိုးစားနေတဲ့ကာလ ကတော့ အရမ်းကို ခက်ခဲပြီး အနှောင့်အယှက်တွေများမှာသေချာပါတယ်။ ဒါပေမယ့် ကြိုးစားပါ။

အဲဒီစာအုပ်ကိုဖတ်ပြီးသွားတဲ့အချိန်မှာ သင်ခံစားရတဲ့ အောင်မြင်မှုနဲ့ ပီတိက နောက်နောင်လုပ်ငန်းတွေမှာ စိန်ခေါ်ဖို့ သတ္တိတွေကို ပေးမှာပါ။ ကိုယ့်စိတ်ကိုယ်နိုင်လိုက်တယ်ဆိုတဲ့ခံစားချက်က အရမ်းကို အားရပြီး ဂုဏ်ယူဖို့ကောင်းတဲ့ အောင်မြင်မှုပါ။ ဒီလိုဘဲ ဘဝရှေ့လျှောက်မှာတွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကအများကြီးပါ။ လူကြီးတွေ ပြောနေကျစကားတိုင်းဘဲ “သူများခိုင်းတာ မခံချင်ရင် ကိုယ့်ကိုယ်ကို ခိုင်း” ဆိုတဲ့အတိုင်း သူများတွေက စိန်ခေါ်တာကို မခံချင်ရင် တော့ ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။

ကိုယ့်မှာ အမြဲ ပြည့်စုံပြီး တိုးတက်နေအောင်ကြိုးစားပါ။ ဒါမှသူများတွေက စိန်ခေါ်တဲ့သူမဟုတ်ဘဲ ကိုယ့်ဆီမှာလာဆည်းပူးတဲ့သူတွေ ဖြစ်လာကြမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုစိန်ခေါ်တာက ဘယ်တော့မှ နောင်တ မရမယ့် စိန်ခေါ်ခြင်းဘဲဖြစ်ပါတယ်။ အဓိက ကတော့ ကိုယ့်ကိုယ်ကို အလျော့မပေးဘဲ အဆုံးထိ အားတင်းထားဖို့ဘဲလိုပါတယ်။

Source: LiveTheDream

Read times Last modified on Thursday, 30 January 2020 15:49
Rate this articles
(2 votes)