×

Warning

JUser: :_load: Unable to load user with ID: 81428


Book Review

Wednesday, 06 March 2019

မဖတ်မိရင် နောင်တရမယ့်စာ

မဖတ်မိရင် နောင်တရမယ့်စာ google

အလှအတွက်မှန်ကြည့်သလို ဘ၀အတွက် စာကြည့်ဖို့လိုပါတယ်။ စာပေတွေရဲ့လမ်းညွန်မှုကပဲ လူတစ်ယောက် မြို့တစ်မြို နိုင်ငံတစ်နိုင်ငံကို ပြောင်းလဲပေးနိုင်တာပါ။

ဒါကြောင့် ယခုစာကို ဖတ်ရှုရခြင်းဖြင့် ဘ၀ရဲ့ အကောင်းအဆိုး အကြောင်းအကျိုးတွေကို ဆင်ခြင်သုံးသပ်နိုင်ပြီး ပျော်ရွင်တဲ့လူသားတစ် ဖြစ်နိုင်ကြပါစေ...။

အလုပ်မရှိရင် စာဖတ်ပါ၊စာ ဖတ်လို့ ပိုက်ဆံ မရပေမယ့် ပိုက်ဆံရှာဖို့ အတွေးအခေါ် တွေ ရပါလိမ့်မယ်။

၁ဝ.နှစ်စာ အတွေ့အကြုံကို ကြိုရချင်ရင် အတွေးအခေါ် ရှိတဲ့ လူကြီးစကား နားထောင်ပါ။

ဘဝမှာ အောင်မြင်ချင်ရင် ရှုံးနိမ့် ခဲ့ဖူးသူဆီက သင်ယူ လေ့လာပါ။

တသက်လုံး လိပ်ပြာလုံချင်ရင် ကိုယ်ကျင့်တရားကို လုံခြုံစွာ ထိမ်းနိုင်အောင် ကြိုးစားပါ။

အသိပညာ အတတ်ပညာကို ပြည့်စုံ ရင့်ကျက်စေချင်ရင် လက်တွေ့ လုပ်ဆောင်ပါ။

ကြီးမားတဲ့ နောင်တဆိုတာ မရှိစေချင်ရင် ရွှေထက် တန်ဖိုးကြီးသော အချိန်ကို လေးစားပါ။

ဘဝတစ်ခုလုံး ပျော်ရွှင်ချင်ရင် ဘယ်အရာကိုမှ သံယောဇဉ် သိပ်မထားပါနဲ့။

ပူလောင်မှုတွေ အရမ်းများလွန်း နေရင် ကိုယ့်အတ္တနဲ့ မာနတွေ လျော့ချပါ။

အကောင်းဆုံး ဆိုတာတွေကို ပိုင်ဆိုင်ချင်ရင် အကောင်းဆုံး ဆိုတာတွေနဲ့ ထိုက်တန်အောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

အထီးကျန်မှုတွေ ပပျောက်ပြီး ဗဟုသုတပွားချင်ရင် စာဖတ်ပါ။

ဘ၀ကို တိုးတတ်ချင်သူတိုင်းအတွက် အကောင်းဆုံး မှတ်သားဖွယ်ရာများ

source - original writer

sayar.com

Read times Last modified on Thursday, 30 January 2020 15:55
Rate this articles
(0 votes)