×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 12 March 2019

ပြောင်းပြန်ဖြစ်တဲ့လောကဓံ

ပြောင်းပြန်ဖြစ်တဲ့လောကဓံ google

`သိန်း​လေးဆယ်​တန်´မီးပုံးပျံကြီးတက်သွားတဲ့အခါ

`​လေးရာတန်´ထမင်းထုပ်လေးစားနေတဲ့

ကလေးလေးက ငေးကြည့်နေတယ်

သိန်းသောင်းများစွာနဲ့တည်ဆောက်ထားတဲ့

ဝေရောစဏ ​ကျောက်စိမ်းစေတီကြီးရဲ့ရှေ့မှ

အစိမ်းရောင်ဆင်းတုတော်တစ်ဆူ

ခြေရင်းက လက်အုပ်ချီပြီး ရောင်းနေတဲ့

ပန်း​သည်လေးက`အကိုရယ်ယူပါနော်´တဲ့!!

သီချင်းတပုဒ်ဆိုရင် သိန်းဆယ်ဂဏန်းရတဲ့

အဆိုတော်မလေးက မီးပွိုင့်က

သီချင်းညည်းရင်း စံပါယ်ပန်းရောင်းတဲ့

ပန်းသည်လေးကိုအကြွေ မရှိသေးဘူးတဲ့!!

 

ရွှေဆိုင်ပိုင်ရှင်​ အ​ဒေါ်ကြီးက

ကန်စွန်းရွက်သည် ကလေးလေးကို

`၃စည်း ၅၀၀ မရရင် မယူဘူး´တဲ့!!

ဒါပေမယ့်​လေ

မီးပုံးပျံ သိန်း​လေးရာတန်ကို

လက်ခုပ်တီးရင်း ကနေကြသူတွေဟာ

ကလေးငယ်လေးရဲ့ ထမင်းထုတ်ကို

မတွေ့မိလိုက်ကြဘူး။

ဟင်းဆိုတာ

ပဲရည်ကျဲလေးနဲ့ ဂေါ်ဖီကြော်!!

ကလေးလေးနားကို ဖုတ်ခနဲ ကျသွားတာက

သိန်းဂဏန်းတန်တဲ့ အရက်ပုလင်းခွံတစ်လုံး

ကျောက်စိမ်း စေတီကြီးဆီမှာ

ဆုတောင်းနေသံတွေကို လေ့လာရင်

လောဘတွေ ပြည့်နေပေမယ့်

ပန်း​ရောင်းတဲ့ ကလေးလေးပါးစပ်က

မေတ္တာပို့သံလေးလွင့်လွင့်လာတတ်တယ်!!

စံပါယ်ပန်းတွဲလေးကိုင်ထားတဲ့

ကလေးလေးက

သူ ဈေးမရောင်းရတာကို ဝမ်းမနည်းဘူးဗျာ

ကားပေါ်က အဆိုတော်မလေးကိုတွေ့ရလို့

အားရဝမ်းသာ ရယ်ပြနေတယ်​!!

ကန်စွန်းရွက်

၃ စီး ၅၀၀ နဲ့ ဈေးဆစ်နိုင်လို့

ပြုံးနေတဲ့ အဒေါ်ကြီးကို

ဈေးသည်လေးက

နောက်တစ်​ခါ ဝယ်လှည့်​​ပါဦးတဲ့!!

တစ်​ခါတစ်​ခါ 

ပြောင်းပြန်​ဖြစ်​တဲ့​လောကဓံနဲ့

လောကကြီးကို မုန်းတယ်!!

 

Read More

အလုပ်ပြီးချိန် ညခင်းတွေမှာ မင်းဘာလုပ်လဲဆိုတာက မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်

 

လူငယ်တစ်ယောက်ရဲ့တန်ဖိုး

 

 

credit - original writer

Read times Last modified on Thursday, 30 January 2020 17:37
Rate this articles
(1 Vote)