×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 13 March 2019

ထူးချွန်ထက်မြက်သူတိုင်း ဂရုမစိုက်သည့် အရာ (၆) ခု

ထူးချွန်ထက်မြက်သူတိုင်း ဂရုမစိုက်သည့် အရာ (၆) ခု google

၁. အတိတ်ကို ဘယ်တော့မှ ပြန်မတွေးဘူး။

ထူးချွန်ထက်မြက်သူများဟာ ပြန်မရနိုင်တော့တဲ့ အတိတ်ကို ဘယ်တော့မှ သတိမရတတ်ကြပါဘူး။ တကယ်တော့ အတိတ်ဆိုတာ ဟာသင်ခန်းစာ ယူလို့အကောင်းဆုံး အရာ တစ်ခုပါ။

တကယ်လို့ သင်ဟာ ဒီနေ့မှာ မအောင်မြင်ခဲ့ပေမယ့် မဆုတ်မနစ်ဆက်ကြိုးစားခဲ့ရင် နောင် တစ်ချိန်ချိန်မှာ အောင်မြင်နိုင်မှာပါ။ ဒါကြောင့် တန်ဖိုးရှိတဲ့ လက်ရှိ အချိန်တွေကို အတိတ်ကြောင့် ဘယ်တော့မှ မပျက်စီးစေပါနဲ့။

၂. ပြဿနာဖြစ်ရင် အဖြေကို မရမက ရှာတတ်တယ်။

အောင်မြင်သူတွေဟာ သူတို့ မလုပ်နိုင်တာအပေါ် စိတ်ဓာတ်မကျတတ်ကြပါဘူး။ သူတို့ က ဘယ်လိုအရာမျိုး

ကိုမှ တွန်းအားထားလေ့ မရှိကြပါဘူး။

ပြသနာတစ်ခုရှိလာရင် ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အရင်းအမြစ်ကို ရှာလေ့ရှိပါတယ်။ ထို့ကြောင့် သင့်မှာ ပြသနာတစ်ခုခုရှိလာရင် အဖြေကို အရင်ရှာပါ။ ကိုယ်မလုပ်နိုင်မှာကို အရင်မတွေးပါနဲ့။

Read - သင်ဟာ တစ်နေ့အောင်မြင်မယ့်သူဆိုတာ ရှေ့ပြေးပြသနေတဲ့ လက္ခဏာများ

၃. အခြားသူတွေရဲ့ ထင်မြင်မှု လျစ်လျူရှုပါ။

ပတ်ဝန်းကျင်က အခြားသောသူတွေရဲ့ သင့်အပေါ်ထင်မြင်လျက်တွေကို နားထောင်ရုံပဲနားထောင်သင့်ပါတယ်။

လူအများ အဆုံးအဖြတ်အပေါ် အရမ်းအလေးပေးရင် သင်ဘယ်သူဆိုတာ မေ့သွားပါလိမ့်မယ်။ သင်လုပ်ရမှာက သူတို့ကို သင်ဟာ ကိုယ့်ဘဝ အခြေအနေကို ဘယ်လောက်ပျော်ရွှင်ကျေနပ်မိလည်း ဆိုတာ ပြသဖို့ပါပဲ။

၎. စိတ်မရှည်တဲ့ အတွေးအခေါ် အပြုအမူ

ဘယ် အရာမဆို သေးသည် ဖြစ်စေ ကြီးသည်ဖြစ်စေ စိတ်ရှည်သည်းခံရင် အောင်မြင်မှုကို ကျိန်းသေ ရနိုင်မှာပါ။ စိတ်မရှည်တာတွေ ဘေးဖယ် ကိုယ့်ပန်းတိုင်ကို အာရုံစိုက်ပြီး ကြိုးစားရင် သင့် ရဲ့ပန်းတိုင်ဟာ လက်တစ်ကမ်း မှာပါ။

၅. သံသယများ

ထူးချွန်ထက်မြက်သူများဟာ သူတို့ အောင်မြင်မှု အပေါ် သံသယ လုံးဝ မရှိသူတွေပါ။ သံသယဟာ သင့် အောင်မြင်မှုကို တိုက်စားတဲ့အရာဖြစ်တဲ့အတွက် ယုံကြည်မှု အပြည့်အ၀ရှိနေရင် သင့်အောင်မြင်ဖို့ကို လမ်းပြပေးနိုင်မှာပါ။

၆. ကြောက်ရွံ့မှု ဘေးဖယ်ထားပါ။

တစ်ခါတစ်လေ မှာ လူတွေဟာ ကျရှုံးမှုတွေ ဆုံးဖြတ်ချက်တွေ ငြင်းပယ်ခံရမှုတွေကြောင့် စွန့်စားရတာတွေကို ရှောင်လေ့ရှိပါတယ်။ သင့်ပန်းတိုင် အတွက် ကောင်းတဲ့အရာ ပဲတွေးပါ။ သင်လုပ်နိုင်တယ်လို့ ယုံကြည်ထားပါ။ သင်ပိုကောင်းအောင်စွမ်းဆောင်နိုင်လာပါလိမ့်မယ်။

 Read More;

စာသင်လို့မရတဲ့ ဦးနှောက်ချို့ ယွင်းမှုရောဂါကြောင့် ကျောင်းမှထွက်ခဲ့ရပေမယ့် ဘီလီယံနာဖြစ်လာသူ

သင်မသိသေးတဲ့ အင်္ဂလိပ်ဝေါဟာရတွေရဲ့ ထူးခြားတဲ့ ဆက်စပ်မှု

www.sayar.com.mm

Source: shwemom

Read times Last modified on Thursday, 30 January 2020 17:40
Rate this articles
(2 votes)