×

Warning

JUser: :_load: Unable to load user with ID: 723


Success

Tuesday, 20 December 2016

ဘယ်လိုနည်းလမ်းတွေက ဦးနှောက်မှတ်ဥာဏ် ထက်မြက်စေမလဲ

ဦးနှောက်မှတ်ဥာဏ်က လူတို့နေ့စဉ် နေထိုင်တဲ့ လူမှုဘဝမှာ အရေးပါဆုံး အချက်များထဲမှ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ဦးနှောက်မှတ်ဥာဏ် ထက်ထက်မြက်မြက် ရှိနေဖို့ အရေးကြီးပါတယ်။ မိမိဦးနှောက်မှတ်ဥာဏ်ကို သိမ်းထိန်းပေးပြီး ထက်မြက်စေဖို့ သတိထားဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

ပြင်းထန်သော ရနံ့
- သင်းကြိုင်တဲ့ ရနံ့သစ်တွေ ရှာဖွေပါ။ မနက်အိပ်ရာထတဲ့အခါ ကော်ဖီမှုန့်လို အနံ့အသက်ပြင်းရှတဲ့ အရာတစ်ခုခုကို ရှူရိုက်ပါ။

- ရနံ့က လူရဲ့ ထိုးထွင်းသိမြင်နိုင်မှုစွမ်းရည်ကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်စေပြီး အနံ့ခံစားတတ်မှု အားကောင်းလေလေ ၊ ဦးနှောက်မှတ်ဥာဏ် ထက်မြတ်လေလေ ဖြစ်ပါတယ်။

နေ့စဉ်ပုံမှန် အစားအသောက်
- မှတ်ဥာဏ်အားနည်းစေတဲ့ အီလက်ထရွန်တွေ ပျက်ပြယ်စေတာကြောင့် ဘလူးဘယ်ရီ ၊ ပန်းသီး ၊ ငှက်ပျောသီး ၊ အစိမ်းရင့်ရောင့် ဟင်းသီးဟင်းရွက်များ ၊ ကြက်သွန်ဖြူ ၊ မုန်လာဥ စတဲ့ အင်တီအောက်ဆီးဒင်း မြင့်မားတဲ့ အစားအစာတွေ စားသုံးပေးဖို့ အကြံပြုထားပါတယ်။  

- ဦးနှောက်က ငါးနဲ့ အခွံမာအသီးတွေမှာတွေ့ရတဲ့ အိုမီဂါ-၃ အဆီအက်ဆစ်များကဲ့သို့ ကျန်းမားရေးနဲ့ ညီညွတ်တဲ့ အဆီများမှ အကျိုးကျေးဇူး ရရှိပါတယ်။

ဦးနှောက်ကို အလုပ်ပေးပါ
- သင့်ဦးနှောက် ချွေးထွက်အောင် လုပ်ပါ။ စဉ်းစား တွေးခေါ်ပါ။ Sudoku, crossword puzzle စတဲ့ ကစားနည်းများက မှတ်ဥာဏ်စွမ်းရည် ပြန်ရစေပါတယ်။

- စစ်တုရင်၊ စာလုံးဆက်ကစားနည်း ကစားနိုင်တယ် သို့မဟုတ် ဘာသာစကားအသစ်တစ်ခု သင်ယူနိုင်ပါတယ်။

ကောင်းမွန်စွာ အိပ်စက်ပါ
- ကောင်းမွန်စွာ အိပ်ပျော်ခြင်းဖြင့် ဦးနှောက်စွမ်းရည် ပြန်လည်ရရှိစေပြီး မှတ်ဥာဏ်တွေ တစ်စုတစ်စည်းတည်းဖြစ်စေတယ်လို့ လက်ခံထားပါတယ်။

- အိပ်ရေးပျက်ခြင်းက မှတ်ဥာဏ်ဖိုင်သစ်တွေ ရောထွေး ၊ ပျောက်ကွယ်စေတယ်လို့ သိရပါတယ်။

အတိတ် ၊ ပစ္စုပ္ပန်နဲ့ အနာဂတ်
- ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေ ပြန်စမ်းစစ်ပြီး အမှတ်ရလိုတဲ့ အရာများကို အဖန်ဖန် ပြန်စဉ်းစားပါက ဦးနှောက်က အကျိုးအမြတ်ရရှိပြီး အိုမင်းရင့်ရော်မှု နှေးကွေးစေပါတယ်။

- ဦးနှောက်အလုပ်ဆောင်ရွက်မှု ရိုးရိုးရှင်းရှင်း ဖြစ်ပါစေ။ တချိန်တည်း အလုပ်အများကြီး မလုပ်ခိုင်းပါနဲ့။

ဦးနှောက်မှတ်ဥာဏ်ထက်မြက်စေဖို့ဘယ်နည်းလမ်းများက အကောင်းဆုံးဖြစ်မလဲဆိုတာကို sayar.com.mm တွင် ရှိသော ဆရာ ၊ ဆရာမများနဲ့ ဆက်သွယ်လိုက်ပါ။

Source: bagoknowledge

Read times Last modified on Friday, 27 December 2019 15:14
Rate this articles
(1 Vote)