×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 18 March 2019

အလုပ်နဲ့ပတ်သက်ပြီး စဉ်းစားသင့်တဲ့အချက်များ

အလုပ်လုပ်ခြင်းနဲပတ်သက်ပြီးတော့ သိသိသာသာ ဆွဲဆောင်နိုင်တဲ့အရာတွေ ရှိကြတယ်။ ငွေကတော့ ထိပ်ဆုံးကပေါ့။

သင့်ရဲ့ လိုအင်ဆန္ဒတွေနဲ့ လိုအပ်ချက်တွေသာ နောက်ကွယ်မှာ ရှိမနေဘူးဆိုရင် အလုပ်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှုကလည်း ဖြစ်စေနိုင်တယ်။ ဒါပေမဲ့ သင့်အနေနဲ့တော့ တစ်နေ့ တစ်နေ့ ဆောင်ရွက်နေရတဲ့ အခြေခံအချက်တွေပေါ်မှာ ကျေနပ်ပျော်ရွှင်မှု ရှိဖို့ မရှိဖို့ဆိုတာတော့ မသေချာပါဘူး။

တကယ်တော့ ငွေရတာ၊ မရတာထက် စဉ်းစားရမယ့်အချက်တွေ အများကြီးရှိတ်။ ဒါကြောင့် ဝင်ငွေကောင်းတာ မကောာင်းတာထက် သင်ဘာလုပ်ချင်တာလဲ၊ ဘာရချင်တာလဲ စသဖြင့် စဉ်းစားရမယ်။ သင့်ကိုသင် မေးခွန်းတွေ အများကြီးမေးဖို့လိုတယ်။ အနဲ့ဆုံးတော့ အောက်မှာဖော်ပြထားတဲ့ မေးခွန်းမျိုးတွေကို မေးကြည့်သင့်ပါတယ်။

 

Read More >>>>>  လူက သခင်လား? နည်းပညာက သခင်လား?

 

၁။ သင့်အတွက် job security က အဓိကလား

၂။ Flexible ဖြစ်ရဲ့လား။ အချိန်နဲ့ လုပ်ငန်းဆိုင်ရာ စီစဉ်မှုတွေဟာ သင့်နဲ့ အဆင်ပြေပြေဖြစ်ရဲ့လား

၃။ ရာထူးအဆင့်အတန်းတွေ တိုးမြှင့်ပေးတာကို လိုချင်တာလား။ ဒါမှမဟုတ် ငွေကြေးတိုးပေးတာကို လိုချင်တာလား

၎။ သင့်စကေးတွေ တိုးတက်လာဖို့ လေ့ကျင့်ပေးမှု အခွင့်လမ်းတွေကို နှစ်သက်တာလား

၅။ သင့်အတွက် ပင်စင်ကအရေးကြီးတာလား၊ ဒါမှမဟုတ် သင့်အတွက် ဘာက အရေးကြီးလေမလဲ

၆။ အိမ်ကနေပဲ အလုပ်လုပ်ပေးချင်တာလား စသဖြင့်ပေါ့။

ပြီးတော့ ဒီမေးခွန်းတွေက သင့်ရဲ့လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး အစစ်အမှန်ကို ရရှိနိုင်ပါလိမ့်မယ်။ ဒီမေးခွန်းတွေကနေ ရရှိလာမယ့် သင့်ရဲ့အဖြေကို ကြည့်ပြီး၊ လက်ရှိအလုပ်မှာရော ဒီလိုအပ်ချက်တွေနဲ့ ပြည့်စုံရဲ့လား မပြည့်စုံဘူးလားဆိုတာ သိပါ။ လိုအပ်ပါက အထက်လူကြီးကိုပြောပြီး တောင်းဆိုပါ။ အဲဒီလိုမှမဟုတ်ဘဲ သင့်အတွက် ဘယ်နေရာကမှ ရနိုင်ခြေမရှိ တော့ဘူးဆိုရင် career ပြောင်းဖို့ plan စချပါ။

အထောက်အပံ့ဖြစ်စေတဲ့ လိုအပ်ချက်တွေ ရှိခြင်းဟာ လုပ်ငန်းခွင်မှာ အားရကျေနပ်မှုဖြစ်စေဖို့နဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် အရေးကြီးပါတယ်။

Reference: Lifehack

Read times Last modified on Tuesday, 04 February 2020 15:01
Rate this articles
(1 Vote)