×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 19 March 2019

အသက်(၂၀) မတိုင်ခင်မှာ မီလျံနာဖြစ်ခဲ့ကြသူ (၅) ယောက်

ကျတော်တို့ လူငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂတ်တွေဖြစ်ပြီး တိုင်းပြည်ရဲ့ ပုံရိပ်တွေကို အကောင်းမွန်ဆုံးမြင့်တင်ပေးကြသူတွေ လည်း ဖြစ်ပါတယ်။

ကမ္ဘာတစ်ခွင်လုံးမှာ အသက်ငယ်ငယ်လေးနဲ့ မီလျံနာစာရင်းဝင်ခဲ့ကြတဲ့ လူငယ်လေး (၅) ယောက်ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) Mark Zuckerberg

Mark Zuckerberg fb

Facebook ကိုတီထွင်ခဲ့တဲ့ Mark ဟာ အသက်(၁၂) နှစ်အရွယ်ကတည်းက Programming ပညာရပ်ကို လေ့လာနေခဲ့သူဖြစ်ပါတယ်။ သူဟာ ထိုအရွယ်ကစပြီး ဗီဒီယိုဂိမ်း၊ သီချင်းဆော့ဖ်ဝဲလ်နဲ့ ဝက်ဘ်ဆိုဒ်တွေကို တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ Mark ဟာ အသက်(၂၀) အရွယ်မှာတော့ ဘီလျံနာတစ်ယောက်ဖြစ်လာပြီး ချမ်းသာကြွယ်ဝလာပါတော့တယ်။ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ 33.4 Billion ဖြစ်ပါတယ်။

(၂) Andrew Gower

Andrew Gower

Andrew ကတော့ အသုံးပြုသူ သန်းနှစ်ရာကျော်ရှိနေပြီဖြစ်တဲ့ RuneScape ဂိမ်းကို တီထွင်ခဲ့သူဖြစ်ပါတယ်။ Andrew ဟာ ၎င်းဂိမ်းကုမ္ပဏီကို သူ့ရဲ့အကိုဖြစ်သူနဲ့ပူးပေါင်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းကုမ္ပဏီက ထွက်ပြီးနောက်ပိုင်းမှာတော့ Andrew ဟာ Fen Research လို့အမည်ရတဲ့ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်ပါတော့တယ်။ ထို့နောက်မှာတော့ သူ့ရဲ့ ဒုတိယမြောက် နာမည်ကြီး ဂိမ်းဖြစ်တဲ့ အွန်လိုင်းဂိမ်း Solstrike ကိုတီထွင်ခဲ့ပါတယ်။ Andrew ရဲ့ ချမ်းသာကြွယ်စမှုဟာ အခုဆိုရင်တော့ $680 Million ရှိနေပြီဖြစ်ပါတယ်။

(၃) Justin Bieber

Justin Bieber

Justin Bieber ကတော့ ကမ္ဘာကျော် အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ အသက်(၁၆) နှစ်ကတည်းက အောင်မြင်မှုရရှိခဲ့တာဖြစ်ပြီး အသက်(၁၈) နှစ်မှာတော့ $100 Million အထိ ချမ်းသာလာပြီဖြစ်ပါတယ်။ သူဟာ မီဒီယာတွေရဲ့ မကောင်းသတင်းဖြန့်ဝေမှုတစ်ချို့ဖြစ်ပွားခဲ့သလို အမှုအနည်းငယ်လည်း ရင်ဆိုင်ခဲ့ရပါတယ်။ သို့သော်လည်း သူဟာ အခုဆိုရင်တော့ $200 Million အထိချမ်းသာကြွယ်ဝတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။

(၄) Chris Phillips

Chris Phillips

Chris ဟာ အသက်(၁၆) နှစ်အရွယ်ကတည်းက Hosting Service ကိုလုပ်ကိုင်ခဲ့တဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ပါတယ်။ သူအသက်(၁၇) နှစ်ရောက်တဲ့အခါမှာတော့ သူ့ရဲ့ကုမ္ပဏီဟာ အလွန်အောင်မြင်လာပြီး ရောင်းထွက်ခဲ့ကာ ဒေါ်လာသန်းနဲ့ချီ ရရှိခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ Just Develop ဆိုတဲ့ ကုမ္ပဏီတစ်ခုကို ဆက်လက်တည်ထောင်ခဲ့ပြီး $82 Million အထိချမ်းသာနေပြီပဲ ဖြစ်ပါတယ်။

(၅) Emma Watson

Emma Watson

မင်းသမီးချောလေး Emma ဟာလည်း အသက်ကိုးနှစ်အရွယ်ကတည်းက ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း အောင်မြင်မှုရခဲ့သူလေးဖြစ်ပါတယ်။

သူမဟာ အသက်(၂၀) မတိုင်ခင်မှာပဲ ထိုရုပ်ရှင်ဇာတ်လမ်းတွဲကြောင့် $10 Million ရရှိခဲ့ပါတယ်။ သူမရဲ့ အခုလက်ရှိ ချမ်းသာကြွယ်ဝမှုကတော့ $60 Million အထိရှိနေပြီပဲဖြစ်ပါတယ်။

Credit – Original Uploader

Read times Last modified on Tuesday, 04 February 2020 15:01
Rate this articles
(1 Vote)