×
Warning
JUser: :_load: Unable to load user with ID: 81428
Success
Friday, 05 April 2019
သင့်ရဲ့ အောင်မြင်မှုတွေကိုထိန်းသိမ်းဖို့  ရိုးရှင်းတဲ့နည်းလမ်း (၃) ခု
သင်ဟာအလုပ်တစ်ခုကို ခုမှစလုပ်တယ် ဆိုပါစို့ ၊ အကြောင်းအမျိုးမျိုးကြောင့်ဒီအလုပ်မှာအရှုံးပေါ်ခဲ့တယ်။
ဒါပေမဲ့ လအနည်းငယ် အတွင်းမှာသင့်ရဲ့ ပြင်းပြင်းထန်ထန် ပြန်လည်ကြိုစားအားထုတ်မှုတွေကြောင့် သင်ရှုံးခဲ့တဲ့ပမာဏထက် နှစ်ဆ အမြတ်ရခဲ့ရင် ဒါဟာသင်အောင်မြင်တာပါပဲ။ သင်ရှုံးခဲ့တုန်းက လုပ်ခဲ့တဲ့အမှားတွေနဲ့ ပေါ့လျော့မှုတွေကို ဘယ်လိုပြင်ဆင်ပြီး ၊ သင့်ရဲ့ အောင်မြင်မှုကိုထိန်းသိမ်း ဖို့ နည်းလမ်း () ခုကတော့....
() ဘယ်သူမှသင့်ဘေးနားမှာမရှိရင်တောင်ကိုယ့်အလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးကြိုးစားလုပ်ပါ
ဘယ်သူ့ ကိုမှအားမကိုးပဲ သင်တိုးတက်အောင်မြင်ဖို့ သင်ကိုယ်တိုင်ကြိုးစားပါ။ အဲ့ဒါဟာသင့်ရဲ့ ကိုယ်ပိုင် အတွေးခေါ်တွေနဲ့ သင့်ရဲ့ အောင်မြင်မှုတွေကိုပိုပြီး တိုးတက်စေပါလိမ့်မယ်။ အောင်မြင်မှုကိုထိန်းသိမ်းတဲ့အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။
() သင့်ကိုယ်သင် အောင်မြင်နေပီလို့ ဘယ်တော့မှမတွေးပါနဲ့ 
သင့်ရဲ့ အောင်မြင်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို အမြဲတမ်း တိုးတက်လာအောင်လုပ်ဆောင်ရမယ်။
သင့်ရဲ့ ရည်မှန်းချက်တွေပြီးမြောက်သွားပြီလို့ သင့်ကိုယ်သင် မထင်ပါနဲ့ ။ဆက်လေ့လာရမယ်။ သင်ရည်မှန်း ထားတဲ့အရာကို ပိုမိုလေ့လာပြီး အဲ့ဒီနယ်ပယ်မှာ professional တစ်ယောက်ဖြစ်အောင်လုပ်ရမယ်။သင်က ဆောက်လုပ်ရေး နယ်ပယ်မှာ အောင်မြင်နေရင်လည်း စီးပွားရေးနယ်ပယ်မှာပါ ထူးချွန်အောင် လေ့လာထားရမယ်။
() ဇွဲရှိပါ
ဒီအချက်တွေကို လိုက်နာဆောင်ရွက်နိုင်ရင်တော့ သင်နဲ့  သင့်ရဲ့ အောင်မြင်မှုတွေဟာလည်း ဘယ်တော့မှ ရပ်တန့် လို့ ရမှာ မဟုတ်တော့ပါဘူး။
Author : Si Thu
Ref; earlytorise
Read times Last modified on Monday, 17 February 2020 16:54
Rate this articles
(2 votes)