×

Warning

JUser: :_load: Unable to load user with ID: 723


Student

Monday, 17 July 2017

ဆယ်တန်းအောင်ပြီးတာနဲ့ ရှိရမယ့် အလေ့အကျင့် (၄)ခု

ဆယ်တန်းအောင်ပြီးတာနဲ့ ရှိရမယ့် အလေ့အကျင့် (၄)ခု google.com

ဆယ်တန်းအောင်ပြီဆိုတာနဲ့ ကျယ်ပြန့်တဲ့ ဘဝထဲ ဝင်ဖို့ သင်ယူရတော့မှာပါ။ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူနိုင်တဲ့ လူကြီးတစ်ယောက်ဖြစ်ဖို့ လက်တွေ့ကျကျ သင်ယူရတော့မှာပါ။ ဒီလိုအချိန်မှာ သင် သိသင့်ရုံမက  ရှိပါ ရှိသိသင့်တဲ့ အလေ့အကျင့်တွေ ဖြစ်ပါတယ်။

၁ - အင်တာနက်

ကိုယ်ဘယ်လိုလူလဲဆိုတာကို ဖော်ပြဖို့ အသည်းအသန်ကြိုးစားမိနေနိုင်ပါတယ်။ ကိုယ့်ကိုယ် လူတွေထင်စေချင်တဲ့ အမှတ်တံဆိပ်ကို ကြိုးစားတည်ဆောက်နေမိတတ်ပါတယ်။ ဒီလို တည်ဆောက်ချင်စိတ်ရှိတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာပေါ်မှာ တည်ဆောက်ရုံသက်သက် မလုပ်ပါနဲ့။ ဆိုရှယ်မီဒီယာပေါ်မှာပဲ အချိန်တွေကုန်ပြီး လက်တွေ့ဘဝထဲ ထိရောက်တဲ့ ကြိုးစားမှုတွေ မပြုလုပ်နိုင်ဘဲ ဖြစ်နေနိုင်ပါတယ်။ အချိန်တွေ နှမြောဖို့ကောင်းပါတယ်။ ဆယ်ကျော်သက်ဘဝမှာပဲ ရှိသေးတာကြောင့် ကိုယ့်ဘယ်သူလဲဆိုတာ လူတွေကို ပြဖို့ စောပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် အများကို ထုတ်ပြဖို့ထက် အရင်ဆုံး လေ့လာဖြည့်ဆည်းမှုကိုသာ အားစိုက်လုပ်ဆောင်သင့်ပါသေးတယ်။ ဆိုရှယ်မီဒီယာ အလွန်အကျွံစွဲလန်းမှုမျိုး ဖြစ်မသွားဘဲ အင်တာနက်ကို ပါးပါးနပ်နပ်သုံးတတ်တဲ့ အလေ့အကျင့်ရှိဖို့ လိုပါတယ်။

 

၂ - နားထောင်တတ်မှု

စကားပြောတတ်ဖို့ လိုပါတယ်။ ကျယ်ပြန့်တဲ့ အပေါင်းအသင်းမိတ်ဆွေတွေ၊ နယ်ပယ်တွေနဲ့ ထိတွေ့ရတော့မှာ ဖြစ်တာကြောင့် စကားပြော ပါးနပ်ဖို့ လိုပါတယ်။ စကားပြောပါးနပ်ဖို့ အဓိက အချက်ကတော့ ဘယ်သူ့ကိုမှ မငြင်းခုံပါနဲ့။ ပြောဖို့ထက် နားထောင်တာကို ပိုလုပ်ရမှာ ဖြစ်ပါတယ်။ လူတွေဟာ သူတို့ဘဝရဲ့ အဖြေကို လိုက်ရှာနေတာမဟုတ်ပါဘူး။ သူတို့ဘဝကို သိတဲ့လူ၊ နားလည်တဲ့လူ ရှိတယ်လို့ ထင်ရတဲ့လူမျိုး လိုချင်တာပါ။ ဒီလိုလူမျိုး ဖြစ်ဖို့ အတွက် သင့်ဘက်က ပြောတာထက် နားထောင်တတ်တဲ့ အကျင့်ကို ပိုမွေးထားရုံပါပဲ။ စကားပြောရဆိုရတော့မယ်ဆိုရင် ကိုယ်ကစပြောတာထက် တစ်ဖက်က စပြောတာကိုပဲ စောင့်ပါ။ ကိုယ့်ကနည်းနည်းပဲ ပြောပြီး သူ့ကိုပဲ များများပြောခိုင်းပါ။

 

၃ - ပိုဖတ်

စာဖတ်ကျင့်ရှိဖို့ဟာ အထူးအရေးကြီးပါတယ်။ ပညာတစ်ခုကို လိုက်စားမယ်ဆိုရင် အဆိုပါ ပညာရပ်နဲ့ပတ်သက်တဲ့စာအုပ်အမြောက်အများကို  ဖတ်ကိုဖတ်ရတော့မှာပါ။ လူတစ်ယောက်ဟာ ကိုယ်သိသလောက်ပဲ ကိုယ်တွေးတာကြောင့် ကျယ်ကျယ်ပြန့်ပြန့်တွေးနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့်သိထားဖို့လိုပါတယ်။ ဆယ်ကျော်သက်ဘဝဟာ စာအုပ်တွေကို ဝါးစားသလို ဖတ်သင့်တဲ့အချိန်ဖြစ်ပါတယ်။

 

၎ - စူးစူးစိုက်စိုက်

ဆယ်တန်းကို အေးအေးဆေးဆေး အောင်တယ်လို့ ပြောပေမယ့် စာမကျက်ရင် မအောင်ပါဘူး။ အချိန်ပေး မလေ့လာခဲ့ရင် အောင်စရာကို အကြောင်းမရှိပါဘူး။ တစ်စုံတစ်ရာကို ပုံမှန်အချိန်ပေးပြီး လေ့လာသင်ယူတဲ့အကျင့်လည်း ပျက်မသွားပါစေနဲ့။ နေ့စဉ်၊ အပတ်စဉ် တစ်စုံတစ်ရာကို ပုံမှန်လေ့လာသင့်ပါတယ်။ ဆယ်တန်းအောင်ပြီးစအချိန်မှာ သင်ယူဖို့ အကြံပေးချင်ဆုံးကတော့ ဂီတဖြစ်ပါတယ်။ ဝါသနာပါရင်  ဂစ်တာ၊ တယော၊ စန္ဒယား စတာတွေကို အချိန်ပေးပြီးလေ့လာသင့်ပါတယ်။ နောက်ပိုင်းမှာဆိုရင်  ပြန်လည်သင်ယူဖို့ မလွယ်တော့တာကြောင့် ဖြစ်ပါတယ်။

Source ; duwun

Read times Last modified on Saturday, 28 December 2019 13:43
Rate this articles
(1 Vote)