×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Thursday, 11 April 2019

အသုံးမကျတဲ့လူ မဖြစ်ပါစေနဲ့

အသုံးမကျတဲ့လူ မဖြစ်ပါစေနဲ့ google

အသက် ၂၅ ကျော် အထိ သင်ဟာ အလုပ်မယ်မယ် ရရ မရှိဘူးဆိုရင်တော့ သင်ဟာ အသုံးမကျတဲ့ လူတစ်ယောက်

အဖြစ် စာရင်းဝင်သွားပါပြီ။ ဒါပေမဲ့သင်ကြိုးစားလို့ ရပါသေးတယ်။ အသက် ၃၅ နှစ်ပြည့်တဲ့အချိန်ထိ သင်ဟာ တီဗီလေး။ ကတ်ဆက်လေးတစ်လုံးတောင် မပိုင်သေးတဲ့ အခါ ဘယ်သူမှ သင့်ကို သနားနေလိမ့်မယ် မထင်ပါနဲ့။

ဈေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့် သင် ကျရှုံးခဲ့တဲ့အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ သင့်ကို ကိုယ်ချင်းစာတရား ဆိုပြီးတော့ လျော်ပေးလိမ့်မယ် မထင်ပါနဲ့။ စီးပွား ရေးလုပ်နေတာပါ ကစားနေကြတာမဟုတ်ပါဘူး။

မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။ ဘယ်သူကမှ သင့်ကို ချစ်လို့ဆိုပြီး တော့ ခင်ဗျားမိဘတွေကို အကောင်းစားဆေးရုံ ပို့ပေးမယ်မထင်ပါနဲ့။

မိသားစုဆင်းရဲလို့ မချမ်းသာတာပေါ့။ ဟုတ်သလား။ လူဆင်းရဲချင် ဆင်းရဲပါစေ အသိပညာမဆင်းရဲပါနဲ့။ ဆင်ခြေတွေ အလီလီ ပေးနိုင်တဲ့အတွက် ဘယ်သူကများ တော်လွန်းလို့ဆိုပြီးတော့ ပိုက်ဆံလာပြီးမပေးပါဘူး။

ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။ ပြီးတော့ မရသေးတဲ့ ပိုက်ဆံတွေကို ကြိုသုံးနေရင် တော့ သင်ဟာအသုံးမကျတဲ့လူတယောက်ဖြစ်ပြီး ဆင်းရဲနေမှာပဲ။ ကံတရားဆိုတဲ့ အရာကို ဘယ်သူမှ တွက်ချက်လို့ မရပါဘူး။ သင်မှန်းထားသလောက်လဲ ရချင်မှရလိမ့်မယ်။ ဒါကြောင့် မရသေးတဲ့ပိုက်ဆံတွေကိုလည်း ကြို ပြီး မသုံးမိပါစေနဲ့ ။

ခိုင်မာတဲ့ ဆုံဖြတ်ချက်နဲ့ လျှောက်ရဲတဲ့ သတ္တိမရှိတဲ့လူ ဆင်းရဲမှာပဲ။ စွန့်စားရမှာကို ကြောက်တဲ့လူ ဆင်းရဲမှာပဲ။ ဘယ် သူမှာ ငါဒီအလုပ် လုပ် လိုက်ရင် ချမ်းသာသွားမယ်ဆိုတာ ကြို မသိကြပါဘူး။ ဒီလိုပဲ မိမိရဲ့ ကြိုးစားအားထုတ်မှုတွေ ၊စွန်းစားမှုတွေနဲ့  အလုပ်လုပ်နေကြရတာပါ။ ချမ်းသာချင်စိတ် မပြင်းပြတဲ့လူဟာ ဆင်းရဲမှာပါပဲ။ စိတ်ဓါတ်ကို မြှင့်တင်ထားရမယ်။ ပေါ့ပေါ့လျော့လျော့ မလုပ်ပါနဲ့ ။ ငါအောင်ကိုအောင်မြင်ရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ပါ။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင်တော့ဘူး။ ပျောက်သွားတယ်။ ချမ်းသာဖို့ဆိုရင် ၁၀၀ % အပြည့် ကိုယ့်ခွန်အားကို ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေကြတဲ့လူတွေ ဖြစ်တယ်။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ ကျရှုံးခဲ့ရင်တောင် အဲ့ဒီကျရှုံးမှုကို ဘေးဖယ်ထုတ်ပြီး ဘယ်သူမှ စိတ်မကူးရတဲ့ အားထုတ်ခြင်း အသစ်တစ်ခုနဲ့ ဖြစ်စဉ်ကို ချက်ချင်း ပြောင်းပြန်လှန် ပစ်ချင်သူတွေ ဖြစ်တယ်။

ဒီတော့ သင်စဉ်းပါ။ ဆင်ခြေတွေ ဘေးဖယ်ထားလိုက်ပါ။ သင် ရှေ့ဆက်ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်။ ငွေပုံရှိရာ လမ်းရယ် အိမ်အပြန် လမ်းရယ်။ နှစ်ခုထဲက တစ်ခုကို ရွေးရလိမ့်မယ်။ ရပ်မနေနဲ့ သင်ဟာ အသုံးမကျတဲ့လူတစ်ယောက် ဖြစ်သွားလိမ့်မယ်။

Ref: မှတ်စုကြမ်း

Read times Last modified on Tuesday, 25 February 2020 10:24
Rate this articles
(1 Vote)