×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 11 April 2019

အောင်မြင်ဖို့အတွက် အခုအချိန်မှ စကြိုးစားရင် နောက်ကျနေပြီလား?

အောင်မြင်ဖို့အတွက် အခုအချိန်မှ စကြိုးစားရင် နောက်ကျနေပြီလား? google

ပညာရှာတဲ့အရွယ်မှာလည်း ကျောင်းစာတွေကို ငြီးငွေ့စွာလုပ်ရ၊ ကျောင်းပြီးလို့ လုပ်ငန်းခွင် ဝင်ပြန်တော့လည်း

မနက် အိပ်ရာထ၊ ရုံးတက်၊ ညနေ အိမ်ပြန်ရောက်၊ နောက်တစ်နေ့ ရုံးပြန်တက်နဲ့ ဘဝကြီးက သံသရာလည်နေတာပါ။ တဖြည်းဖြည်းနဲ့ အသက်ကြီးလာတော့ ကိုယ်ပြုလုပ်ချင်တဲ့အရာတွေထက် ပြုလုပ်သင့်တဲ့ အရာတွေကိုဦးစားပေးလိုက်ရတာပါပဲ။

ကိုယ့်ရဲ့ အလုပ်မှာ ဒီလိုပုံမှန်လေးပဲ ရူံးတက်တယ်၊ ရုံးဆင်းတယ်။ ဒါပေမဲ့ အကျိုးဆက်အနေနဲ့ ကိုယ့်လုပ်တဲ့အလုပ်က ထင်သလောက် ပေါက်ရောက်အောင်မြင်ခြင်းမရှိဘူး။ အဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိပြီး၊ တိုးတက်အောင်လုပ်ဆောင်ချင်လာတယ်။ အောင်မြင်မှုတွေလိုချင်လာတယ်။ ဒါပေမဲ့ကိုယ့် အသက်အရွယ်ကြောင့်..ငါ့မှာကြိုးစားဖို့ အချိန်ရပါ့မလား၊ အခုမှကြိုးစားရင်နောက်ကျနေပြီလား ဆိုတဲ့ အတွေးတွေ ဝင်ရင်ဝင်လာပါလိမ့်မယ်။

ဒါဆိုရင်အသက်ကြီးမှကြိုးစားရင် အောင်မြင်နိုင်ပါ့မလား?

သတင်းကောင်းတစ်ခုကတော့ ကြိုးစားမှုအတွက် နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်မှာတကယ်ကြိုးစားချင်စိတ်ရှိဖို့ကသာအဓိကပါ။ ဒါဆိုရင် အောင်မြင်ဖို့အတွက် ဘယ်လိုအတွေးတွေကို ဖျောက်ဖျက်ပစ်ရမလဲ။

 

၁။ ငါက အရမ်းအသက်ကြီးနေပြီ။

“အခုအချိန်မှ စကြိုးစားရင်တောင် အသက်အရွယ်က ရနေပြီဆိုတော့ အောင်မြင်ဖို့အလားအလာရှိမှာမဟုတ်တော့ပါဘူးလေ” ဆိုပြီး လက်လျော့ချင်တဲ့အတွေးတွေကို အဝေးဆုံးသာ လွှင့်ပစ်လိုက်ပါ။ အောင်မြင်မှုအတွက် အသက်အရွယ်အကန့်အသတ် မရှိပါဘူး။ ကိုယ် ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှုအသီးအပွင့်ကို ခံစားရမှာပဲဖြစ်ပါတယ်။

ကိုယ်ကအသက်ကြီးနေလို့ အောင်မြင်မှုအသီးပွင့်တွေကို ကိုယ်ကိုယ်တိုင် ခံစားခွင့်မရတော့ရင်တောင် ကိုယ့်ရဲ့ သား၊သမီး၊ မြေးမြစ်တွေခံစားကြရမှာပါ။


၂။ ငါ့မှာ ပိုက်ဆံမှ လုံလုံလောက်လောက် မရှိတာ။

အောင်မြင်မှုရဖို့ အတွက် ပိုက်ဆံဆိုတာ သာမညပါ။ ကိုယ်ကသာ ကြိုးစားချင်စိတ်ပြင်းပြပြီး၊ အမှန်တကယ် ကြိုးစားအားထုတ်မှုကသာအဓိကပါ။ ဆင်းရဲတဲ့ဘဝကနေ မီးကုန်ယမ်းကုန်ကြိုးစားခဲ့ကြလို့ အောင်မြင်နေတဲ့သူဌေးတွေ တစ်ပုံကြီးပါပဲ။ ပိုက်ဆံမှ မရှိတာလို့ ထိုင်ညည်းနေမယ့်အစား ပိုက်ဆံရအောင် ဘယ်လိုကြိုးစားမလဲ၊ ကိုယ်ကြိုးစားလို့ ရလာတဲ့ ပိုက်ဆံကို အကျိုးရှိရှိဘယ်လိုအသုံးချမလဲဆိုတာ စဉ်းစားရမှာပါ။ ကိုယ့်မှာရှိတဲ့ ပိုက်ဆံကို အကျိုးရှိရှိအသုံးချတတ်ဖို့ကလည်း လူတိုင်းတတ်ထားသင့်တဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။


၃။ မနက်ဖြန်မှစလုပ်မယ်။

ကိုယ့်ရဲ့ အခြေနေကို နားလည်နေပြီ။ အောင်မြင်အောင်လုပ်ဖို့ စိတ်ဆန္ဒ ရှိနေပြီ။ ဒါပေမဲ့ ငါ မနက်ဖြန်မှ စကြိုးစားမယ်၊ ဘယ်အချိန်မှ စကြိုးစားမယ် စသည့် အတွေးတွေရှိရင် ဖယ်ထုတ်ပစ်လိုက်ပါ။ ငါကြိုးစားမှဖြစ်မယ်ဆိုတဲ့အတွေးရှိရင် နေ့ ရွှေ့ ၊ညရွှေ့ မလုပ်ပဲ အခုပဲအကောင်ထည်ဖော်ပါ။သင့်အတွက်ပြင်းပြတဲ့စိတ်က အောင်မြင်ဖို့အတွက် တစ်နေရာရာကနေ အထောက်ကူပြုမှာပါ။ ဒါဆိုရင်တော့ သင့်ဘဝအတွက် အောင်မြင်မှုနဲ့တဖြည်းဖြည်းနီးကပ်လာပြီပဲဖြစ်ပါတယ်။ ဒီလို အချိန်ဆွဲတတ်တဲ့အကျင့်ဆိုးကို မဖျောက်နိုင်ဘူးဆိုရင်တော့ အချိန်တွေက အကျိုးမရှိဘဲ အလဟဿကုန်ဆုံးနေမှာပဲဖြစ်ပါတယ်။

သင်ဟာနောက်ကျနေသည်ဖြစ်စေ၊ အသက်ကြီးနေသည်ပဲ ဖြစ်စေ ဒီအချက်(၃) ချက်ကိုခေါင်းထဲ ကထုတ်နိုင်ရင်တော့ အောင်မြင်မှုကသင့်အတွက်ပါပဲ။


Ref; kwee

Read times Last modified on Monday, 17 February 2020 16:17
Rate this articles
(1 Vote)