×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Print this page
Wednesday, 21 December 2016

ကလေးကို ထူးချွန်အောင် ဘယ်လိုပျိုးထောင်မလဲ

- နေ့တိုင်း အနည်းဆုံး နာရီဝက်ခန့် သင့်ကလေးနဲ့ သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုခုကို ဆွေးနွေး တိုင်ပင်ပါ။

- ကလေး ငယ်စဉ်ကစပြီး သန့်ရှင်းရေး ကို နှစ်သက်ပါစေ။ တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုပြု နိုင်ပါစေ။
- စိတ်ရှည်ရှည်ထားပြီး ကလေး၏ စိတ်တွင်းစကားကို နားထောင်ပေးပါ။ ထောက်ခံအားပေးသည့် ပုံစံမျိုးဖြင့် နားထောင်ပေးပါ။
- ကလေးကို သတိပေးတယ်ဆိုပြီး အနာဟောင်းကို တုတ်ဖြင့်ခဏခဏ မဆွပါနှင့်၊ သတိပေးစကား ခဏခဏ ပြောမိလျှင် ၊ ကိုယ်ပြောချင်တာပြော ၊ သူလုပ်ချင်တာလုပ် ဖြစ်သွားမည်။
- ကလေး၏ အပြစ်ကိုတွေ့လျှင် လေးလေးနက်နက် ပြောပြပေးပါ။ ဆွေးနွေးပေးပါ။ အပြစ်၏ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ အကျိုးများကို ကလေးနားလည်အောင် ပြောပြပေးပါ။
- မိမိ အကောင်အထည် မဖော်နိုင်ခဲ့သော ရည်ရွယ်ချက်များကို ကလေးထံမလွဲပြောင်းပါနှင့် ၊ ကိုယ်က ဆရာဝန်မဖြစ်ခဲ့လို့ ၊ စစ်ဗိုလ်မဖြစ်ခဲ့လို့ စသည်ဖြင့် ကလေးကို အကောင်အထည် ဖော်ခိုင်းတာမျိုး လုံးဝရှောင်ကြဉ်ပါ။
- ကလေးကို အဖိုးအဖွားအနားမှာ နှစ်ချီထားတာမျိုး မပြုလုပ်ပါနှင့် ၊ မြေး မှာအနှစ် ၊ အနှစ်လွန်လျှင် မကောင်းပါ။
- ကလေးကို စိတ်ရှည်ရှည်ဖြင့် ပုံပြင်စာအုပ် ဖတ်ပြပါ။ ပြန်ပြောပြခိုင်းပါ။ သူ့အယူအဆလေးတွေကို မေးကြည့်ပါ။ ထောက်ခံပေးပါ။
- ကလေး၏ အပြုအမူ၊ အပြောအဆို ၊ တိုးတက်မူ စသည်တို့ကို သုံးသပ်ပြီး နေ့စဉ် ကလေးအတွက် တိုးတက်နိုင်စရာ နည်းလမ်းတစ်ခုခု ၊ အားပေးနိုင်စရာ နည်းလမ်းတစ်ခုခု စဉ်းစားပေးပါ။ အချိန်ကြာလာသည်နှင့်အမျှ အလွန်ထိရောက်သည်ကို တွေ့ရှိလာပါလိမ့်မည်။
- ကလေးကို စိတ်ရင်းကောင်း ရှိအောင် ငယ်စဉ်ကတည်းက မွေးမြူပါ။
အကောင်းဆုံးနည်းလမ်းမှာ ကလေးရှေ့မှာ မည်သူတစ်ဦးတစ်ယောက်၏ မကောင်းကြောင်းကို မပြောမိပါစေနှင့်။
- ကလေးကို ပြုံးတတ်အောင်သင်ထားပေးပါ။ အလွယ်ကူဆုံးနည်းလမ်းမှာ ကိုယ်အရင် ပြုံးပါ။
- ကလေးကို လွယ်လွယ် နှင့် ကတိမပေးပါနှင့် ၊ ပေးမိလျှင်လည်း အကောင်အထည်ရအောင်ဖော်ပေးပါ။
- ကိုယ့်ကလေးက ဘယ်ကလေးထက် ညံ့တယ် ၊ အားနည်းတယ် စသည်ဖြင့် မည်သည့်အခါမှ မပြောမိပါစေနှင့်။
- ကလေးပြီးမြောက်ထားသော အလုပ်ထဲတွင် ချီးကျူးနိုင်စရာကို ရအောင်ရှာဖွေပြီး ချီးကျူးပေးပါ။
- ကလေးကို မည်သည့်အခါမှ မချိမ်းခြောက်ပါနှင့်။
- လူရှေ့သူရှေ့ မှာ မည်သည့်အခါမှ မိမိကလေးကို ဝေဖန်ခြင်း ၊ ဆဲဆိုခြင်း မပြုလုပ်ပါနှင့်။

မိမိကလေးငယ်များကို ထူးချွန်အောင် ဘယ်လို ပြုစုပျိုးထောင်ရမလဲဆိုတဲ့ နည်းလမ်းကောင်းများကို ရရှိစေဖို့ sayar.com.mm တွင် ရှိသော ဆရာ ၊ ဆရာမများနှင့် ဆက်သွယ်နိုင်ပါတယ်။

Ref: kings international school

Read times Last modified on Friday, 27 December 2019 15:15
Rate this articles
(0 votes)