×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 23 April 2019

ဥာဏ်ကောင်းလွန်းရင်လည်း single ဖြစ်တတ်ပါတယ်

ဥာဏ်ကောင်းလွန်းရင်လည်း single ဖြစ်တတ်ပါတယ် google

ဥာဏ်ကောင်းလွန်းတဲ့သူတွေမှာလည်း အခက်အခဲဆိုတာ ရှိပါတယ်။ ဥာဏ်ကောင်းတဲ့သူတွေက စဉ်းစားဆင်ခြင် တွက်ချက်မှုတွေက အမြဲတမ်းပြုလုပ်နေတဲ့သူတွေ ဖြစ်ပါတယ်။

သူတို့အတွက် အချစ်ရေးမှာ အခက်အခဲတွေ့တတ်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းလေးချက်ကို ဖော်ပြပေး လိုက်ပါတယ်။

၁. လွတ်လပ်မှုကို မြတ်နိုးတယ်။

ဥာဏ်ကောင်းတဲ့သူတွေက သူတို့ကို ချုပ်ချယ်မှု တားမြစ်ပိတ်လှောင်မှုတွေ လုပ်တာကို မကြိုက်ပါဘူး။ သူတို့က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကိုယ့်ဘဝကိုယ်ထိန်းကြောင်းနေတဲ့အတွက် လွတ်လပ်မှုကို အရမ်းတန်ဖိုးထားပါတယ်။

ကိုယ့်ဆီမှာရှိတဲ့ လွတ်လပ်မှုကို တန်ဖိုးထားပြီး ကိုယ့်လွတ်လပ်မှုကို ဖျက်ဆီးနိုင်မယ့် ဘယ်သူ့ကိုမဆို လက်မခံပါဘူး။ ဒါကလည်း အချစ်ရေးမှာ နှောင့်နှေးကြန့်ကြာနေရတဲ့ အကြောင်းရင်းတစ်ချက် ဖြစ်နေပါတယ်။

READ_https://www.sayar.com.mm/whats-new/item/1507-popular-people.html

 

၂. တွက်ချက်မှုတွေကို အမြဲမပြတ်လုပ်ဆောင်နေခြင်း။

ဥာဏ်ကောင်းတဲ့သူတွေက သူတို့အတွက် အရေးကြီးတဲ့အရာတွေက ဘာလဲဆိုတာ သေချာသိကြပါတယ်။ သူတို့ဘဝထဲကို အချစ်ဆိုတဲ့ ဝေါဟာရဝင်လာတာနဲ့ တွက်ချက်မှုတွေကို စတင်လုပ်ဆောင်ကြပါတယ်။

သူတို့အတွက် တကယ်လိုအပ်လား၊ ကိုယ့်ရဲ့လွတ်လပ်မှု ပျောက်ဆုံးသွားမလား၊ ကိုယ်ဘက်က ဘာတွေ ပြန်ပေးဆပ်ရမလဲ ၊သူဆီက ကိုယ်မလိုချင်တာ ဘာတွေရနိုင်လဲ ဒါတွေကို နှိုင်းယှဉ်စဉ်းစားလာတဲ့အခါမှာ အချစ်ကို လက်ခံဖို့ ခက်ခဲသွားပါတယ်။

 

၃. အချစ်ရေးအတွက် အလျင်စလိုမဖြစ်ပါဘူး။

တချို့ဥာဏ်ကောင်းတဲ့သူတွေက အချစ်ရေးကို သူတို့ဘဝအတွက် အရေးကြီးတဲ့အခန်း ကဏ္ဍထဲမှာ မထည့်ထားတဲ့သူတွေတောင် ရှိပါတယ်။ သူတို့ဘဝမှာ လုပ်ချင်တဲ့အလုပ်တွေ ဖြစ်ချင်တဲ့ဆန္ဒတွေ အောင်မြင်မှုရဖို့အတွက် ကြိုးစားနေတဲ့အတွက်ကြောင့် အချစ်ကို အလျင်စလိုမရှာဖွေကြပါဘူး။

READ_https://www.sayar.com.mm/whats-new/item/1507-popular-people.html

 

၎. သတိရှိပါတယ်။

ပညာဥာဏ်ကောင်းတဲ့သူတွေဟာ အမြဲတမ်းသတိရှိပါတယ်။ ကိစ္စတော်တော်များကိုလည်း ဖြစ်သလို မဆောင်ရွက်တတ်ပါဘူး။ စနစ်တကျစီမံဆောင်ရွက်တတ်ပါတယ်။ အချစ်ဆိုတာ အသုံးမချတတ်ရင် အရေးကြီးတဲ့ အရာတွေအားလုံးကို ပြန်ယူသွားနိုင်တယ်ဆိုတာကိုလည်း ကောင်းကောင်းသဘောပေါက် တတ်ကြပါတယ်။ ဒါကလည်း ပညာဥာဏ်ကောင်းသူတွေရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။

 

Read times Last modified on Tuesday, 18 February 2020 11:42
Rate this articles
(0 votes)