×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 25 April 2019

အသက်သုံးဆယ်အရွယ်မှာ သေချာပေါက်ချမ်းသာနိုင်ဖို့ဆိုရင်

အသက်သုံးဆယ်အရွယ်မှာ သေချာပေါက်ချမ်းသာနိုင်ဖို့ဆိုရင် google

#ငွေနောက်ကိုလိုက်ပါ

ယနေ့ခေတ် စီးပွားရေးအရဆိုရင် သမာရိုးကျနည်းတွေနဲ့ချမ်းသာဖို့က ခက်ခဲလွန်းပါတယ်။

ပထမဆုံးခြေလှမ်းကတော့ သင်ဝင်ငွေတိုးလာဖို့ အာရုံစိုက်ရမယ်။

ငွေတွေထက်ခါထက်ခါဝင်နေဖို့ အာရုံစိုက်နေရမယ်။ခုငွေနောက်

စလိုက်ပါ ဒီလိုလုပ်ခြင်းအားဖြင့် သင်ဟာငွေကို ဘယ်လို
ထိန်းချုပ်ရမလဲဆိုတာ သိလာပြီး အခွင့်အလမ်းတွေကို
မြင်လာမှာ ဖြစ်ပါတယ်။

 

#မကြွားဝါးပါနဲ့တိတ်တဆိတ်ကြိုးစားပါ

သင်ရဲ့လုပ်ငန်း သင်ရဲ့ရင်းနှီးမြှပ်နှံမှုတွေက ဝင်ငွေမပေါး
သေးဘဲနဲ့ တန်ဖိုးကြီးကားတွေ တန်ဖိုးကြီးနာရီတွေ ဝယ်
မစီး ဝယ်မဝတ်ပါနဲ့။သင့်အလုပ်ကြောင့်လူသိပါစေ။သင်
ဝယ်တဲ့အရာတွေကြောင့် လူမသိပါစေနဲ့။

 

#ရင်းနှီးမြှပ်နှံဖို့အတွက်ငွေစုပါငွေစုဖို့အတွက်ငွေမစုပါနဲ့

ငွေစုဖို့အတွက်တစ်ခုထဲသောအကြောင်းပြချက်က ရင်း
နှီးမြှပ်နှံဖို့ပါဘဲ။ငွေစုပြီးဆိုတာနဲ့ စုတဲ့ငွေကိုလုံးဝမထိပါနဲ့
ဘာအတွက်မှလည်းမသုံးပါနဲ့ အရေးပေါ်အတွက်ဆိုရင်
တောင်မသုံးပါနဲ့ ဒီလိုလုပ်ခြင်းလုပ်ခြင်းဟာ သင်ရဲ့ဝင်
ငွေကိုတိုးလာစေပါတယ်။

 

#အကြွေးယူတာရှောင်ပါ

သင်ဘယ်တော့မှ ငွေမချေးရအောင် အကောင်းဆုံးငွေ
ကြေးကိုထိန်းချုပ်ပါ စည်းကမ်းတွေ သတ်မှတ်ထားပါ 
ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှပ်နှံမှုအသစ်တွေပြုလုပ်
ဖို့ ငွေကြေးစီးဆင်းမှုတိုးတက်ဖို့အတွက်သာ အကြွေးယူ
ကြတာပါ ဆင်းရဲတဲ့သူတွေကတော့ ပစ္စည်းတွေဝယ်ဖို့
ငွေချေးကြတယ်။ဒီတော့ ဆင်းရဲတဲ့သူတွေက ပိုဆင်းရဲ
ပြီး ချမ်းသာတဲ့သူတွေက ပိုချမ်းသာကြပါတော့တယ်။

 

#ငွေကိုသဝန်တိုတတ်တဲ့ချစ်သူတစ်ယောက်လိုပြုမူဆက်ဆံပါ

ငွေတွေပေါးများလာပါစေလို့ ဘယ်လောက်ဆုတောင်း
နေနေ အချည်းနှီးပါဘဲ။ငွေကြေးပိုင်ဆိုင်ရာ လွတ်လပ်မှု
ရှိရမယ်ဆိုတာ ဦးစားပေးတစ်ခုအနေနဲ့ သတ်မှတ်ထားပါ
ချမ်းသာဖို့ဆိုရင် ငွေကိုဦးစားပေးတစ်ခုအနေနဲ့သတ်မှတ်
ထားရမယ်။ငွေဆိုတာ သဝန်တိုတတ်တဲ့ချစ်သူလိုဘဲ။
သင်မှသူကိုဂရုမစိုက်ရင် သူကလည်းသင်ကိုဂရုစိုက်မှာ
မဟုတ်ပါဘူး။

 

#ပိုက်ဆံကဘယ်တော့မှအိပ်မနေပါဘူး

ပိုက်ဆံဟာနာရီကိုလည်းမသိဘူး။အချိန်ဇယားတွေကို
လည်းမသိဘူး။အားလပ်ရက်တွေကိုလည်း မသိဘူး။
ငွေက အလုပ်ကြိုးစားသူတွေကိုဘဲ ချစ်တယ်။

#ဆင်းရဲတယ်ဆိုတာအဓိပ္ပာယ်မရှိတဲ့အရာဘဲ

ဘီဂတ်က ဆင်းဆင်းရဲရဲနဲ့မွေးလာတာသင်အပြစ်မဟုတ်
ဘူး။ဆင်းဆင်းရဲရဲနဲ့ သေသွားရင်တော့ သင်အပြစ်ဘဲလို့
ပြောဖူးပါတယ်။

 

#အကောင်းဆုံးစိတ်ခွန်အားပေးနိုင်သူအကြံပေးနိုင်သူကိုရှာပါ

တိုးတက်အောင်မြင်ဖို့ဆိုရင် မိမိကို တွန်းအားအကောင်း
ဆုံးပေးနိုင်တဲ့သူကို ရှာဖွေရမယ်။ဒါဟာအကောင်းဆုံး
နည်းလမ်းပါဘဲ။

 

#ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ပါအမွေတွေဘာတွေစဉ်းစားမနေနဲ့

စွန့်ဦးလုပ်ကိုင်သူတွေဟာ အကောင်းဆုံးလုပ်ဆောင်နိုင်
ပါတယ်။မီလီယံနာအများစုဟာ ကိုယ်တိုင်ကြိုးစားပြီး
ကြွယ်ဝလာသူတွေ ဖြစ်ပါတယ်။အညာသားစွယ်စုံကျမ်း

Ref; အညာသားစွယ်စုံကျမ်း

Read times Last modified on Tuesday, 18 February 2020 11:44
Rate this articles
(0 votes)