×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Saturday, 27 April 2019

သင့်ကိုသင်မှန်ထဲမှာကြည့်ပြီး အားပေးစကားပြောနည်း (၁၀) နည်း

သင့်ကိုသင်မှန်ထဲမှာကြည့်ပြီး အားပေးစကားပြောနည်း (၁၀) နည်း google

(၁) သင်ဟာ ရင့်ကျက်သန်မာနေပါပြီ။ သင့်ကို လေးစားတဲ့သူတွေကို လေးစားပါ။

သင့်ကို မလေးစားတဲ့သူတွေကိုလည်းလေးစားပါ။ သင့်ကိုသင် လေးစားတယ်ဆိုရင် တစ်ခြားသူတွေကြောင့် သင့်ရဲ့ကောင်းမွန်ရင့်ကျက်တဲ့ စိတ်ထားတွေ
မယုတ်လျော့ပါစေနဲ့။ သင့်ကို အသည်းခွဲပြီး နာကျင်စေတဲ့သူတွေကြောင့် သင်ဟာ ပိုပြီးရင့်ကျက် သန်မာလာပြီ။ ဒါ့ကြောင့် သင့်ကို နာကျင်စေတဲ့သူ၊ လှောင်ပြောင်တတ်တဲ့သူ၊ စွန့်ပစ်သွားတဲ့ သူတွေကို ခွင့်လွတ်လိုက်ပါ။
မြဲမြဲမှတ်ထားရမှာက သင်ဟာ သူတို့ကြောင့် တကယ့်ကို ရင့်ကျက်သန်မာပြီး တည်ငြိမ်နေပါပြီ။
သင့်ကို မနှစ်သက်တဲ့သူတွေ၊မုန်းနေတဲ့ သူတွေ၊သင့်ကို စွန့်ပစ်သွားတဲ့သူတွေရဲ့ရှေ့မှာ ပျော်ပျော်နေလိုက်ပါ။ သင့်ရဲ့ပျော်ရွှင်မှုက သူတို့ကို သတ်ပစ် နိုင်လောက်အောင် စွမ်းပါတယ်။

 

(၂) သင်ဟာ သင်ဝါသနာပါတဲ့ အရာတွေ ကိုလုပ်တဲ့အခါ လူအများစုက သင့်ကို လှောင်ပြောင်ကြပါလိမ့်မယ်။ ဝေဖန်ရှုတ်ချကြပါလိမ့်မယ်။ ဒါကြောင့် သင်ဟာ သင့်အလုပ်ကို အကောင်းဆုံးလုပ်ပြီး ဝေဖန်သံတွေကို ချနင်းလိုက်ပါ။
သူတစ်ပါးရဲ့ စကားကြောင့် သင်လုပ် နေတဲ့အရာတွေ ရပ်တန့်ပစ်လောက်အောင် မမိုက်မဲပါနဲ့။ သင့်ကိုညံ့တယ်လို့ပြောတဲ့သူတွေကို သူတို့မှားကြောင်း သက်သေပြလိုက်ပါ။

 

(၃) သင့်ရဲ့စိန်ခေါ်မှုတွေကို သင့်ရဲ့ အားနည်းချက်အဖြစ် မမြင်လိုက်ပါနဲ့။ ဘဝကိုဖြတ်သန်းတဲ့အခါ သင့်ရဲ့ လမ်းကြောင်းပေါ်မှာ အခက်အခဲမြောက်များစွာကိုကျော်ဖြတ်ရပါလိမ့်မယ်။ အဲ့ဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီး ခွန်အားတွေ၊ရင့်ကျက်မှုတွေကို ပြုစုပျိုးထောင်လိုက်ပါ။ သင်ဟာ အခက်အခဲ ဘယ်လောက်တွေ့ ပါစေ ရပ်တန့်သွားမယ့်သူ မဟုတ်ဘူးဆိုတာ တွေးထားပါ။

 

(၄) သင်ဟာလဲကျတိုင်း ပြန်ထနိုင်ပါပြီ။ သင်ကျရှုံးတယ်၊ သင်ပြန်ထမယ်။ဒါပါပဲ။ သင်ဟာဘယ်လိုကျရှုံးခဲ့ပါစေ၊ ဘယ်လိုအမှားတွေကို လုပ်ခဲ့မိပါစေ အရေးမကြီးပါဘူး။ အရေးကြီးတာက အမှားကိုပြင်ဆင်ပြီး
ပြန်လည်ကြိုးစားဖို့ပါ။ သင်ဟာ ဖုန်မှုန့်လေးတစ်မှုန့် ဆိုရင်တောင် လေထဲမှာ လွင့်ပျံလိုက်ပါ။ သင်ဟာ ပင်လယ်ကြီးမဟုတ်သေးတောင် မြစ်ချောင်းလေးတစ်ခုတော့ ဖြစ်လိုက်ပါ။

 

(၅) သင်လုပ်နိုင်ပါတယ် ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သင်လုပ်စရာရှိတာကို လုပ်ပါ။ ဟုတ်ပါတယ်။သင်လုပ်နိုင်ပါတယ်၊၊ သင်လုပ်နေပါပြီ။

 

(၆) သင်ဟာဘာအတွက်မွေးဖွားလာတာလဲ သင့်ဘဝတိုးတက်ရေးအတွက် ဘာတွေများလုပ်နေပြီလဲ။ အရေးမပါတဲ့ အရာတွေကို ဘာ့ကြောင့် များ လုပ်နေရတာပါလဲ။ သင်လိုချင်တဲ့အရာအတွက် ဘယ်လောက်များ ပေးဆပ်ပြီးပြီလဲ။
သင်လိုချင်တာအတွက် အသက်ကို စွန့်နိုင်တဲ့သူ ဖြစ်ပါစေ။ ဘယ်အရာကိုမဆို သင်လုပ်နိုင်ပါတယ်။ နည်းနည်းလေးမှ အရှုံးမပေးပါနဲ့။ ရှေ့ဆက်သွားပါ။သင်ဟာ အရာရာကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိပါတယ်။

 

(၇) သင်ဟာဘာကိုကြောက်နေရတာလဲ သင်ဘာကိုမှ မကြောက်ပါဘူး။ သင်ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ အခုချက်ချင်းပဲ သင်ကြောက်နေတဲ့အရာ သင်ကြောက်နေတဲ့သူကို ပြေးတွေ့ပစ်လိုက်စမ်းပါ။ ရဲရဲရင့်ရင့် ရင်ဆိုင်လိုက်ပါ။

 

(၈) သင်ဟာ သင့်ပတ်ဝန်းကျင်သင့်မိတ်ဆွေသူငယ်ချင်းကြားမှာ အရေးပါတဲ့သူတစ်ယောက်လို့ အမြဲတွေးထားပါ။

 

(၉) သင်ဟာ ရဲရင့်တဲ့ သူတစ်ယောက်ပါ။ သင်ဟာ နှလုံးသားနုညံ့ပြီး မြင့်မြတ်တဲ့ သူတစ်ယောက်ပါ။ သင်ဟာ ခဏခဏ စိတ်ဆိုး၊စိတ်တို နေတတ်တဲ့သူလား။ မဟုတ်ပါဘူး။သင်ဟာ စိတ်သဘောထား ပြည့်ဝပြီး ခွင့်လွတ်တတ်တဲ့ လူသားပါ။

 

(၁၀) သင်ဟာအောင်မြင်မယ့်သူပါ။ ဟုတ်ပါတယ်။ သင်ဟာအခု အောင်မြင်မယ့် အလုပ်တွေကို လုပ်နေပါပြီ။ သင်ဟာ သင်စိတ်ဝင်စားတဲ့ အရာတွေအပေါ်မှာ အားသွန်ခွန်စိုက် ကြိုးစားနေပါပြီ။ အခုပဲ ထလုပ်လိုက်ပါ။ဘာကို လွမ်းမောပြီး ငေးမိုင်နေရတာလဲ။

အချိန်ဆွဲမနေပဲ သင်လုပ်စရာရှိတာကို ချက်ချင်းလုပ်လိုက်ပါ။ သင်ဟာ တစ်နေ့မှာ အကြီးအကျယ် အောင်မြင်မယ့်သူဆိုတာ မမေ့ပါနဲ့။


Ref ; ပါရမီဖြည့်ဖက်

Read times Last modified on Tuesday, 18 February 2020 13:28
Rate this articles
(2 votes)