×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 29 April 2019

"ငယ်ငယ်က စာညံ့တဲ့သူတွေ ပိုပြီး အောင်မြင်ရတဲ့ အချက် (၅) ချက်"

"ငယ်ငယ်က စာညံ့တဲ့သူတွေ ပိုပြီး အောင်မြင်ရတဲ့ အချက် (၅) ချက်" google

ငယ်ငယ်တုန်းက စာသင်ခန်းထဲမှာ စာညံ့တယ်လို့ အများက သတ်မှတ်ခံရတဲ့ သူငယ်ချင်း....

တစ်ယောက်ကို အခုအပြင်မှာ ပြန်တွေ့လိုက်တဲ့အခါ

သူကြီးပွားနေတာ မြင်လိုက်ရတာကို ကြုံဖူးကြမယ်ထင်ပါတယ်။

ယနေ့ ကမ္ဘာမှာ အကြီးအကျယ်အောင်မြင်နေကြသူတွေ အားလုံး ငယ်ငယ်က ကျောင်းမှာ စာတော်ခဲ့ကြမယ်လို့ မထင်လိုက်ပါနဲ့။

ငယ်ငယ်က စာညံ့ရင် လက်တွေ့ဘဝမှာ ပိုအောင်မြင်နိုင်ချေရှိတဲ့ အကြောင်းအရင်း ၅ ချက်ရှိပါတယ်။

(၁)  သူတို့ ဘာလုပ်ချင်တာလဲဆိုတာ စောစောစီးစီး သဘောပေါက်သွား တက်ကြပါတယ်။ စက်ပစ္စည်းတွေ စူးစမ်းတီထွင်ရတာ ကြိုက်တဲ့သူဟာ နေ့တိုင်း စာရေးချင်မှာမဟုတ်မှာ သေချာပါတယ်။ သူတို့က စာဘက် ခြေဦးမလှည့်ပဲ သူတို့ဝါသနာပါတာကို စောစောသိသွားတတ်ကြပါတယ်။

 

(၂)  စာညံ့တာက သူတို့အတွက် လက်တွေ့ လောကထဲ စောစော တွန်းပို့ နေသလိုပါပဲ။ သူငယ်ချင်းတွေထက် သူတို့က လက်တွေ့လုပ်ငန်းခွင်ထဲ ပိုပြီး စောစောရောက်တတ်ကြပါတယ်။

 

(၃) လူမှုဆက်ဆံရေးမှာ ပိုကောင်းကြသူတွေပါ။ ကျောင်းမှာ A အဆင့်ရတဲ့ ကျောင်းသားတွေက စာအုပ်တွေနဲ့ လုံးပန်းနေချိန်မှာ C အဆင့် ကျောင်းသားတွေက ရသစာပေတွေနဲ့ ပြင်ပလောကက စာအုပ်တွေဘက် ခြေဦးလှည့်နေပါတယ်။ နေ့တိုင်း သူတို့က လူပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံ တတ်ကြပါတယ်။

 

(၄)  ဘဝကို ပျော်စရာဖြစ်အောင် သူတို့က နေတတ်တယ်။ တစ်ခါတလေ ပါတီတွေတက်၊ ခရီးတွေထွက်ပြီး ပျော်အောင်နေတတ်ကြတဲ့အတွက် စိတ်ဖိစီးမှုတွေ ကင်းဝေးလေ့ရှိသူတွေပါ။ ဒါဟာ အောင်မြင်မှုအတွက် မရှိမဖြစ်လည်း ဖြစ်ပါတယ်။

 

(၅)  အောင်မြင်တဲ့သူ အများစုက ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ်လုပ်ရင်း အောင်မြင်လာကြတာပါ။ စာညံ့တဲ့ကျောင်းသားတွေကလည်း သူတို့ဝါသနာပါရာ တစ်ခုခုကို အာရုံစိုက်လေ့ ရှိကြပါတယ်။ ကိုယ်က ဘယ်နေရာမှာ မတော်ဘူးလဲ ဆိုတာ သူတို့ သိကြပါတယ်။

 

Source: Lwin Pyin

Read times Last modified on Tuesday, 18 February 2020 12:03
Rate this articles
(0 votes)