×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 02 May 2019

"ဆယ်တန်းမှာ ဂုဏ်ထူးထွက်ရုံနဲ့ ဘဝခရီးလမ်းမှာ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မှာလား"

"ဆယ်တန်းမှာ ဂုဏ်ထူးထွက်ရုံနဲ့ ဘဝခရီးလမ်းမှာ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မှာလား" google

ကလေးများကို ကျောင်းထားရုံနဲ့၊ ဆယ်တန်းဂုဏ်ထူး ထွက်ရုံနဲ့၊ လူရည်ချွန်ဖြစ်ရုံနဲ့ ဘဝခရီး အဆင်ပြေမယ်လို့ မဆိုလိုပါဘူး။

ကလေးများ အောင်မြင်တဲ့ အနာဂတ်ဘ၀ တည်ဆောက်နိုင်ဖို့ အောက်ပါ အမူအကျင့်များကို ပျိုးထောင်ပေးထားဖို့ လိုအပ်ပါတယ်။

 

၁။ ကျေးဇူးတင်တတ်ခြင်း
စိတ်ထဲ အသဲထဲကနေ လိုက်လိုက်လဲလဲ ကျေးဇူးတင်တတ်ခြင်း ( Gratitude ) ကိုဆိုလိုတာပါ။ ကျေးဇူးတင်တတ်သူများဟာ ဘ၀ရဲ့ ပျော်ရွှင်မူ အစစ်အမှန်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကျေးဇူးတင်ခြင်းကြောင့် ဘာမှဆုံးမဆုံးရူံးပါဘူး။ ကျေးဇူးတင်တဲ့သူဟာ ကျေးဇူးတင်ခံရတဲ့သူထက် များစွာပိုမို အကျိုးကျေးဇူးခံစားရပါတယ်။ 


၂။ အကောင်းမြင်ခြင်း
အကောင်းမြင်တဲ့လူများအတွက် အနာဂတ်ဟာ ကောင်းမူများနဲ့ ပြည့်နက်နေတတ်ပါတယ်။ အကောင်းမြင်ခြင်းဟာ အောင်မြင်မူ ပေါင်းစုံတို့ရဲ့ အခြေခံ စိတ်နေစိတ်ထားဖြစ်ပါတယ်။ 


၃။ သဘောထားကြီးခြင်း
ကလေးများကို နေရာလဲလှယ်ပြီး စဉ်းစားတတ်အောင်၊ ကိုယ်ချင်းစာတတ်အောင် သင်ပေးခြင်းဖြင့် သဘောထားကြီးစေပါတယ်။ စာများများဖတ်ရူ့ ခြင်း၊ ခရီးများများ သွားခြင်းဟာလည်း အမြင်ကျယ်စေပါတယ်။ အမြင်ကျယ်ခြင်းဟာ သဘောထား ကြီးခြင်းအတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။


၎။ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်း
ကိုယ့်ရဲ့ တန်ဖိုးကို ယုံကြည်စေမယ်။ ကိုယ့်ရဲ့ အမြင်ကို ယုံကြည်စေမယ်။ သူများယောင်တိုင်းလိုက်မယောင်ဘူးဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တော်တော်ရှိနေပါပြီ။


၅။ ကတိတည်ခြင်း
ကတိတည်ခြင်းဟာ အောင်မြင်တဲ့ဘ၀တစ်ခုကို တည်ဆောက်ဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်ပေးထားတဲ့ ကတိကို အကြိမ်ကြိမ်ဖြစ်မြောက်အောင် အကောင်အထည်ဖေါ် ခြင်းဟာ နာမည်ကောင်းခြင်းရဲ့ အစဖြစ်ပါတယ်။ 


၆။ အလုပ်ကြိုးစားခြင်း
ကလေးများကို အလုပ်ကြိုးစားအောင် ပျိုးထောင်ထားရပါမယ်။ နိုင်နင်းတဲ့ အိမ်မူကိစ္စလုပ်ခိုင်းတာမျိုး၊ ကိုယ့်အ၀တ်ကို ကိုယ်တိုင်လျှော်ခိုင်းတာမျိုး စတင်လေ့ကျင့်ပေးသင့်ပါတယ်။


ရ။ ယဉ်ကျေးသိမ်မွေ့ခြင်း
ယဉ်ကျေးတဲ့မိဘများဟာ ယဉ်ကျေးတဲ့ ကလေးကို ပျိုးထောင်ဖို့ မခဲယင်းပါဘူး။ မိဘများက ဆုံးမတာထက် စံပြပိုဖြစ်သင့်ပါတယ်။ 


၈။ တာဝန်ခံရဲခြင်း
ဝန်ခံရဲခြင်း၊ တာဝန်ခံရဲခြင်းဟာ သတ္တိဖြစ်ပါတယ်။ အဆိုပါ သတ္တိမျိုးကို ငယ်စဉ်ကတဲကစပြီး ပျိုးထောင်ပေးရမှာပါ။ 


၉ ။ ကြံ့ ကြံ့ ခံခြင်း
နည်းနည်းလေးအခက်အခဲတွေ့ရုံနဲ့ အရူံးပေးတတ်တဲ့ အကျင့်၊ ဘာမဆို အကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တတ်တဲ့အကျင့်၊ နည်းနည်းလေးဆုံးရူံးသွားရုံနဲ့ ကံကိုရိုးမယ်ဖွဲ့တတ်တဲ့အကျင့်များဟာ ဘ၀ကို အလွန်နစ်နာစေပါတယ်။ ဘ၀အောင်မြင်ဖို့အတွက် အတွေအကြုံလိုပါတယ်။ အတွေ့အကြုံ ဟာ ဆုံးရူံးခြင်းနဲ့ အခက်အခဲကြားကနေလာတာပါ။ဒါကြောင့်မို့လို့ ကြံ့ ကြံ့ ခံနိုင်တဲ့စိတ်ဓါတ်ရှိဖို့ မွေးမြူထားရပါမယ်။ 


၁၀။ ကိုယ်ပိုင်အမြင်ရှိခြင်း
ကိုယ်ပိုင်အမြင်ရှိတဲ့သူအတွက် ကမ္ဘာကြီးက လမ်းဖွင့်ပေးပါတယ်။ ကိုယ့်ဘ၀ ကို ကိုယ်တိုင်ပဲ့ကိုင်ချင်ရင် ကိုယ်ပိုင်အမြင်ရှိဖို့ များများလေ့ကျင့်ထားရပါမယ်။ ကလေးများအတွက် စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း စာအုပ်အကြောင်းအရာအပေါ် ကိုယ်ပိုင်အမြင် နှစ်ကြောင်းသုံးကြောင်းဖြစ်ဖြစ် ရေးသားတဲ့အကျင့် ပျိုးထောင်ပေးနိုင်ရင် ကလေးအနာဂတ်အတွက် အလွန်ထောက်အကူဖြစ်ပါတယ်။

Credit; Aung Ko Latt

Read times Last modified on Tuesday, 18 February 2020 13:18
Rate this articles
(1 Vote)