×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 09 May 2019

"အောင်မြင်နေတဲ့သူတွေမှာ မရှိတဲ့အမူအကျင့် (၆) မျိုး"

"အောင်မြင်နေတဲ့သူတွေမှာ မရှိတဲ့အမူအကျင့် (၆) မျိုး" google

အောင်မြင်သူတွေဟာ ရရှိလာတဲ့အခွင့်အရေးတွေကို မလွတ်တမ်းအသုံးချနိုင်သလို..

အခွင့်အရေးရပြီဆိုရင်လည်း ထိရောက်စွာအသုံးချတတ်ကြပါတယ်။ သူတို့မှာ ကိုယ်ပိုင်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပြီး အဲဒီစည်းမျဉ်းတွေကိုလည်း အလေးအနက်ထားလိုက်နာကြပါတယ်။

အဲဒါနဲ့ပြောင်းပြန် အောင်မြင်သူတွေလုပ်လေ့မရှိတဲ့၊ မိမိရဲ့လုပ်ရည်ကိုင်ရည်ကို ကျဆင်းစေတဲ့လုပ်ရပ်တွေကတော့.…

။ လျှပ်စစ်ပစ္စည်းတွေနဲ့ အချိန်ဖြုန်းခြင်း
နည်းပညာ အလုံးအရင်းနဲ့ဖွံ့ဖြိုးတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ လူတော်တော်များများဟာ နည်းပညာရဲ့သားကောင်ဖြစ်နေရပါတယ်။ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ ဂိမ်းစက်တွေ၊ တီဗီတွေရှေ့မှာပဲ ကျွန်တော်တို့ရဲ့ အချိန်တော်တော်များများကို အသုံးပြုနေရပါတယ်။ နည်းပညာကိုအသုံးချပြီး အလုပ်ပိုမိုလွယ်ကူမြန်ဆန်အောင် လုပ်ဆောင်တာကောင်းပေမယ့် Facebook တို့၊ Twitter တို့လိုလူမှုကွန်ရက်တွေနဲ့ပဲ အချိန်ဖြုန်းနေတာတို့၊ ဂိမ်းစက်တွေရှေ့မှာထိုင်ပြီး ဂိမ်းဆော့နေမိလို့ အလုပ်မတွင်ကျယ်တာတို့ကတော့ မဖြစ်သင့်ပါဘူး။

။ ကိုယ့်ကိုယ်ကိုယ် အလုပ်တွေမနိုင်မနင်းပေးခြင်း
အောင်မြင်သူတွေက ကိုယ်တာဝန်ယူထားတဲ့အလုပ်တစ်ခုကိုအောင်မြင်အောင်လုပ်ဆောင်နိုင်သလို ကိုယ့်ရဲ့လစ်မစ်ကိုလည်းကိုယ်သိပါတယ်။ တစ်နေ့မှာ (၂၄) နာရီပဲရတဲ့အတွက် အဲဒီအချိန်ပိုင်းအတွင်းမှာ ဘယ်လောက်ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မလဲဆိုတာကိုလည်း ကြိုတင်တွက်ချက်ထားနိုင်ကြပါတယ်။ ကိုယ့်လစ်မစ်ကိုယ်မသိဘဲ အလုပ်တွေမနိုင်မနင်းလက်ခံလိုက်တာက ညံ့ဖျင်းတဲ့ အချိန်စီမံခန့်ခွဲမှုတစ်ခုဖြစ်သလို ကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်ကိုလည်းကျဆင်းစေပါတယ်။

၃။ တိကျတဲ့ပလန်မထားရှိခြင်း

"စီစဉ်တကျဖြစ်အောင်လုပ်ဖို့ ပျက်ကွက်ခြင်းဟာ ရှုံးနိမ့်စေဖို့အတွက်အစီအစဉ်ချလိုက်တာပဲ" ဆိုတဲ့ဆိုရိုးစကားတစ်ခွန်းရှိပါတယ်။ ကြိုတင်အစီအစဉ်ချခြင်း (ပလန်ဆွဲခြင်း)ဟာ အလုပ်လုပ်နေရင်း "ငါဘာဆက်လုပ်ရမလဲ" ဆိုပြီးတွေးနေလို့ အချိန်ကုန်ခြင်းကိုသက်သာစေပါတယ်။ အသေးစိတ်ကျတဲ့ ပလန်မဟုတ်ရင်တောင် "ဒီနေ့ ငါဘာတွေလုပ်ရမယ်" ဆိုတာလောက် ပလန်လေးတော့ ချထားသင့်ပါတယ်။

၎။ အာရုံလွင့်ပျယ်တတ်ခြင်း
ဦးစားပေးအစီအစဉ်တွေ ခဏခဏပြောင်းလဲတတ်တာက အလေ့အကျင့်ကောင်းတစ်ခုတော့မဟုတ်ပါဘူး။ အာရုံစူးစိုက်မှုအပြည့်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်အရာတွေကိုဦးစားပေးသင့်တယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဟိုဟာအရင်လုပ်ရနိုး၊ ဒီဟာအရင်လုပ်ရနိုးဖြစ်နေရင်တော့ ဘာကိုမှဖြစ်ဖြစ်မြောက်မြောက် လုပ်ဖြစ်မှာမဟုတ်ပါဘူး။

၅။ တစ်ဝက်တစ်ပျက်တွေလုပ်တတ်ခြင်း

တစ်ခုပြီးမှ တစ်ခုလုပ်ခြင်းဟာ တစ်ခုခုကိုပြီးဆုံးသည်အထိမလုပ်ဘဲ တစ်ဝက်တစ်ပျက်အဆင့်မှာထားခဲ့ပြီး နောက်တစ်ခုအပေါ်အာရုံရောက်သွားတာထက် အလုပ်ပိုဖြစ်ပါတယ်။ အောင်မြင်တဲ့လူတွေဟာလည်း အလုပ်တွေကို ပြီးမြောက်အောင်လုပ်နိုင်ကြပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဟိုအလုပ်လည်းတစ်ဝက်တစ်ပျက်၊ ဒီအလုပ်လည်းတစ်ဝက်တစ်ပျက် ဖြစ်နေရင်တော့ အချိန်တန်ရင် ခင်ဗျားမှာပြစရာအလုပ်ရှိမှာ မဟုတ်ပါဘူး။

၆။ သေချာနားမထောင်တတ်ခြင်း
တခြားလူတွေပေးတဲ့ အကြံဉာဏ်သစ်တွေ၊ စိတ်ကူးသစ်တွေကို သေချာနားမထောင်တတ်ခြင်းဟာလည်း အကျင့်ဆိုးတစ်ခုပါပဲ။ ကျွန်တော်တို့တွေဟာ တစ်ခါတလေမှာ ကျွန်တော်တို့တွေ တကယ်သိတာထက် ပိုသိပိုတတ်နေတယ်လို့ ထင်တတ်ကြပြီး တခြားလူတွေပေးတဲ့အကြံဉာဏ်ကောင်းတွေကို လစ်လျူရှုမိတတ်ကြပါတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေကတော့ တခြားလူတွေပေးတဲ့အကြံဉာဏ်ကောင်းတွေကို တလေးတစားရှိတတ်ကြပြီး အကျိုးရှိအောင်အသုံးချတတ်ကြပါတယ်။

Source:
Duwun

Read times Last modified on Tuesday, 17 March 2020 16:53
Rate this articles
(2 votes)