×

Warning

JUser: :_load: Unable to load user with ID: 723


Language

Tuesday, 25 July 2017

သီချင်းနားထောင်ရင်း ဘာသာစကားလေ့လာကြမယ်

လူတိုင်းကတော့ သီချင်းနားထောင်ဖြစ်ကြမှာပါ။ ကားပေါ်မှာပဲဖြစ်ဖြစ်၊ လမ်းလျှောက်ရင်းနဲ့ဖြစ်ဖြစ်၊ အိမ်မှာ အနားယူတဲ့အချိန်မှာပဲဖြစ်ဖြစ် နားထောင်လေ့ရှိပါတယ်။ သီချင်းတွေနားထောင်တာ ဖန်တီးထားတဲ့ အနုပညာကို ခံစားရဖို့သက်သက်မဟုတ်ပဲ ဘာသာစကားကိုလည်း လေ့လာနိုင်ပါသေးတယ်။ japan music တွေနားထောင်ဖြစ်ရင် ဂျပန်နဲ့ပက်သက်ပြီး ဝေါဟာရတွေ အသံထွက်တွေ သင်အများကြီးလေ့လာ လို့ရနိုင်ပါတယ်။ ဒီတခါမှာတော့ english music တွေနားထောင်ရင်းနဲ့ အင်္ဂလိပ်ဘာသာစကားတိုးတက် စေမယ့် နည်းလမ်း ၅ မျိုးဖော်ပြပေးလိုက်ပါတယ်။

 

၁။သီချင်းနားထောင်တဲ့အခါ စာသားလေးတွေနဲ့တွဲပြီးနားထောင်တာလေးတွေ လုပ်ပေးသင့်ပါတယ်။ သီချင်းကတော့ လွယ်လွယ်ကူကူမမေ့နိုင်တဲ့အတွက် စာသားတွေကိုလည်း အထူးတလည် ကျက်မှတ် စရာလိုမယ် မထင်ပါဘူး။

 

၂။သီချင်းတွေက သင့်ကိုလေ့လာစရာ ဝေါဟာရအသစ်တွေကိုပေးနိုင်ပါတယ်။ သီချင်းတွေမှာ vocabulary ကြွယ်ဝပါတယ်။ သင်မသိသေးတဲ့ vocabulary တွေကိုသီချင်းနားထောင်ရင်းသင်ယူနိုင်ပါတယ်။ Lyrics Training လို website တွေက အကူအညီအများကြီးပေးနိုင်ပါတယ်။

 

၃။သီချင်းတွေမှာ လက်တွေ့ဘဝမှာအသုံးပြုတဲ့ စကားအသုံးအနှုန်းတွေ ဗန်းစကားတွေ အများဆုံး ပါဝင်ပါတယ်။ ဒီစကားလုံးလေးတွေက သင့်ရဲ့ textbook မှာတွေ့ရခဲ့တဲ့စကားအသုံးအနှုန်းတွေ ဖြစ်ပါတယ်။

 

၎။သီချင်းတွေက သင့်ရဲ့ အသံထွက်ကောင်းမွန်အောင်လည်းကူညီပေးပါတယ်။ သီချင်းတွေမှာ (wanna, gonna) အဲ့လိုမျိုးအတိုချုံ့သုံးထားတဲ့ စကားလုံးလေးတွေအများအပြားတွေ့ နိုင်ပါတယ်။ သဘာဝကျတဲ့ စာကြောင်းလေးတွေကိုလည်း မှတ်ထားရင်း သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ ပြန်လည်အသုံးပြုနိုင်ပါတယ်။ သီချင်းညည်းရင်းနဲ့လည်း အသံထွက်ကောင်းအောင်လေ့ကျင့်နိုင်ပါသေးတယ်။

 

၅။သီချင်းတွေက သင်ယူလေ့လာချင်စိတ်ကိုလည်း တွန်းအားဖြစ်စေပါတယ်။ သုံးထားတဲ့စကားလုံးတွေနဲ့ သီချင်းရဲ့ အဓိပ္ပါယ်ကို နားလည်ချင်တဲ့အတွက် သင်ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို ထပ်ခါထပ်ခါ နားထောင် ဖြစ်နေမှာပါ။

 

Source; british council

Read times Last modified on Saturday, 28 December 2019 13:54
Rate this articles
(4 votes)