×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 16 May 2019

"ပူပြင်းတဲ့ရာသီဥတုနဲ့ လိုက်လျောညီထွေနေနိုင်ဖို့ နည်းလမ်း (၇) ခု"

"ပူပြင်းတဲ့ရာသီဥတုနဲ့ လိုက်လျောညီထွေနေနိုင်ဖို့ နည်းလမ်း  (၇) ခု" google

ဒီလို နွေရာသီကနေ မိုးရာသီသို့ ကူပြောင်းခါနီး အချိန်ဟာ အင်မတန်မှ ပူပြင်းလွန်းလှပါတယ်။

ပြီးတော့ ဒီနှစ်ဟာ အရင် နှစ်တွေထက် ပိုပြီး ရာသီဥတု ပူ တာကို မိတ်ဆွေတို့ သတိထားမိကြမှာပါ။ ဒါကြောင့်ခုလို ပူပြင်းတဲ့နွေရာသီမှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ရမှာဖြစ်ပါတယ်။ ပူပြင်တဲ့နွေရာသီနဲ့ မိမိရဲ့ ကျန်းမာရေး လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ အချက်တွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။


(၁) အဝတ်အစားရွေးဝတ်ပါ။
အရောင်ဖျော့ တဲ့အဝတ်အစားတွေဝတ်ပါ။ အနီရောင်တို့ ၊ အမည်းရောင်တို့ လိုမျိုး အပူစုပ်ယူနိုင်တဲ့ အဝတ်အစားများကို တက်နိုင်သလောက် မဝတ်ပဲနေပါ။ ပွပွ ယွယွ အဝတ်စားတွေဝတ်ပါ။ ဂျင်း လိုမျိုး အရမ်းထူတဲ့အဝတ်အစားတွေ ကို တက်နိုင်သမျှ မဝတ်ပါနဲ့ ။ အရောင်ဖျော့ ဖျော့ နဲ့  ပွပွ ယွယွ အဝတ်အစားတွေဟာ ပူလွန်းလို့ ထွက်လာတဲ့ချွေးတွေကို အငွေ့ ပျံစေနိုင်ပါတယ်။


(၂) ဒေါသမထွက်မိအောင်နေပါ။
အခုလို ပူပြင်းတဲ့ရာသီဥတုမှာ ဒေါသထွက် ခြင်းဟာ ရှိနေတဲ့အပူထက် နှစ်ဆ ပိုတိုးစေပါတယ်။ ဒေါသဟာ သင့်ကိုယ် သင် ပူလောင်စေသလို သင့်ရဲ့ ပတ်ဝန်းကျင်ကိုလည်းပူလောင်စေပါတယ်။ ဒါကြောင့် ဒေါသဖြစ်စေနိုင်မည့် အရာတွေ ပေါ်လာပြီဆို လျှင်ရှောင်ထွက်သွားလိုက်တာအကောင်းဆုံးပါ။ အခုလို ပူပြင်းနေတဲ့အချိန်မှာ ဒေါသထွက်ခြင်းဟာ သင့်ရဲ့ စိတ်ကို ပို ပင်ပန်းစေပါတယ်။ Heart Attack ကို တွန်းအားပေးသလိုဖြစ်နေပါလိမ့်မယ်။


(၃) မမေ့ပါနဲ့ ။
ဘယ်အရာကို မမေ့ရမလဲဆိုတော့ အကြောင်းတစ်ခုခုကြောင့် နေအရမ်းပြင်းနေတဲ့ အချိန် အပြင်ကိုသွားရရင်လည်း ထီး၊ ဦးထုပ် စသည်တို့ ကိုယူသွားဖို့ မမေ့ပါနဲ့ ။ ဦးထုပ်တွေထဲမှ ပုံမှန် လျှာထိုးဦးထုပ်မဟုတ်ပဲ၊ ပြန့် ကျယ်တဲ့ ဦးထုပ် ကိုသာ ရွေးချယ်သင့်ပါတယ်။ ဥပမာ .ခမောက်လိုမျိုး၊ ကမ်းခြေမှာ ဆောင်းတဲ့ ပြန့် ကျယ်တဲ့ ဦးထုပ်တွေကိုသာ ရွေးချယ်သင့်ပါတယ်။


(၄) ရေဓာတ်မခမ်းခြောက်စေပါနဲ့ ။
သင့်ခန္ဓာကိုယ် ထဲက ရေဓါတ်ကို မခမ်းခြောက်ပါစေနဲ့။ ဥပမာ ရေဆာမှ ရေသောက်တာမျိုး မဟုတ်ပဲ ခဏခဏ သောက်ပေးသင့်ပါတယ်။ ဘာလို့ လဲ ဆိုတော့ သင်ရေဆာလာခြင်း ဟာ သင့်ရဲ့ ခန္ဓာကိုယ်ရေဓာတ်လိုနေတယ်ဆိုတဲ့ သင်္ကေတ မဟုတ်ပါဘူး။ ရေဓာတ်က သင့်ခန္ဓာကိုယ်အတွက် အမြဲလိုနေတာပါ။ အခုလို အပူချိန်ပြင်းနေတဲ့အချိန်တွေဆို ပိုဆိုးပါတယ်။


(၅)အသောက်အစားသတိထားပါ။
AlcohoL ပါတဲ့ ဖော်ရည်တို့ ၊ အရက်၊ ဘီယာတို့ ကို တစ်နေတာရဲ့ အရမ်းပူပြင်နေတဲ့ အချိန်တွေမှာလုံးဝမသောက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အဲ့ ဒီ Alcohol ပါတဲ့အဖျော်ယမကာတွေဟာ သင့်ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ရေဓာတ် ကို အလျှင်အမြန်ခမ်းခြောက်စေလို့ပဲဖြစ်ပါတယ်။ သွေးတိုးစေတဲ့အစားစာတွေကိုရှောင်ပါ။ဥပမာ ဒံပေါက်၊ အုန်းနို့ ခေါက်ဆွဲတို့ လိုမျိုး သွေးတိုးစေတဲ့ အစားစာမျိုး တွေကိုရှောင်ပါ။


(၆) ဂရုစိုက်ပါ။
ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို အဝတ်အထူကြီးတွေ ဝတ်ပေးတာမျိုး၊ အိပ်နေချိန် စောင်အထူကြီးတွေ ခြုံပေးထားတာမျိုး မလုပ်ပေးသင့်ပါဘူး။ အရမ်းပူနေတဲ့ရာသီဥတုမှာ ကလေးတွေ ကို ကားထဲ မှာ အဲကွန်းမဖွင့်ပဲ ထားတာမျိုးတို့ လုံးဝမလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးတွေရဲ့ ချွေးဂလင်း ဟာ ကျွန်တော်တို့ လူကြီးတွေ လောက်ကောင်းစွာ မဖွံ့ ဖြိုးလို့ပဲ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ထိုနည်းတူပါပဲ။


(၇) အပူအအေးမျှတအောင်နေပါ။
ကားစီးသူများ အနေနဲ့  ..ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး ကားမှန်တံခါးများအားလုံး ချထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင် အပူ၊ အအေး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်တော့ပါဘူး။ နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားလျှင် ရေသန့်ဗူး ယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာတွင် ကားရပ်ပြီး အပြင်းသို့မဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှဆင်းလျှင် ရုတ်တရက် ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါသည်။ အဲယားကွန်း ကြိုတင်ဖွင့်ထားသည့် ဘတ်စ်ကားကြီးများပေါ်သို့ နေပူထဲမှတက်စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။ အချို့လူကြီးများသည် ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါသည်။ ထို့အတူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှအိပ်လျှင် ကိုယ်တွင်း(အစာအိမ်)မှ အပူနှင့် ပြင်ပအဲယားကွန်းမှ အအေးဓာတ်တို့ ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်မည် ဖြစ်သည်။

Read times
Rate this articles
(0 votes)