×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 17 May 2019

"သင့်ရဲ့ဦးနှောက်ကျန်းမာရေးကို တစစဆိုးရွားလာစေနိုင်တဲ့ အကျင့်များ"

"သင့်ရဲ့ဦးနှောက်ကျန်းမာရေးကို တစစဆိုးရွားလာစေနိုင်တဲ့ အကျင့်များ" google

ဦးနှောက်ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို အဓိက မောင်းနှင်ပေးနေတဲ့ အင်ဂျင်စက်တစ်လုံး ဆိုရင်လည်း မမှားနိုင်ပါဘူး။

ခန္ဓာကိုယ်ကျန်းမာဖို့လိုသလို ဦးနှောက်ကျန်းမာဖို့ကလည်း အရေးကြီးပါတယ်။ ဦးနှောက် ကျန်းမာလန်းဆန်းနေမှ စာလေ့လာရာမှာလည်း ကိုယ်လေ့လာသလောက် ထိရောက်မှုရှိနိုင်မှာပါ။

စီးပွါးရေး လုပ်ကိုင်နေတဲ့သူတွေကလည်း ဦးနှောက်ကြည်လင်နေမှ ကိုယ်လုပ်ငန်းကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖန်တီးရမလဲဆိုတဲ့ အိုင်ဒီယာတွေကို ကြံဆနိုင်မှာပါ။

အောက်မှာဖော်ပြထားတဲ့အချက်တွေက သင့်အတွက် အကျင့်တစ်ခုလိုဖြစ်နေတယ်ဆိုရင် ပြင်လိုက်ပါ။ သင့်ရဲ့ ဦးနှောက်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

၁. မအိပ်ခြင်း

အချိန်ကာလ အတော်ကြာအောင် ညဖက်မအိပ်စက်ပါက ဦးနှောက်ဆဲလ်များကို ထိခိုက်ပါတယ်။ အိပ်စက် ခြင်းက ဖိစီးမှုကြောင့် ပျက်စီးသွားသည့် တစ်ကိုယ်လုံးက ဆဲလ်များကို ပြင်ဆင်ခြင်း အသစ်တည်ဆောက် ခြင်း ပြုလုပ်ပေးပါတယ်။ လုံလောက်တဲ့အိပ်ချိန် လိုအပ်ပါတယ်။

 

၂. ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကျုံ့သွားစေပါတယ်။ အယ်ဇိုင်းမားကဲ့သို့သော စိတ်ရောဂါများ ရစေပါတယ်။ တတ်နိုင်သမျှ ဆေးလိပ်မသောက်ပါနှင့်။

 

၃. နံနက်စာ မစားခြင်း

နံနက်စာ ပုံမှန်မစားပါက သွေးတွင်းဂလူးကို့ဓါတ်ပမာဏ အတက်အကျ မမှန်သဖြင့် ဦးနှောက်သို့ အာဟာရ ဓါတ်ရောက်ရှိမှု လျော့ပါးပြီး ဦးနှောက် ပျက်စီးတတ်ပါသည်။ နံနက်စာ ပုံမှန်စားပေးဖို့ လိုပါတယ်။

 

၎. နာမကျဉ်းနေစဉ် အလုပ်လုပ်ခြင်း

နာမကျဉ်းဖြစ်စဉ် အနားယူရန် လိုအပ်ပါတယ်။ အလုပ်တစ်ခုမဟုတ် တစ်ခုဖိလုပ်ခြင်းက ဦးနှောက်ပျက်စီး စေပါတယ်။ ပြည့်ပြည့်ဝဝအနားယူဖို့ လိုပါတယ်။

 

၅. စဉ်းစားတွေးတောမှု နည်းပါခြင်း

တွေးတောကြံဆခြင်းက ဦးနှောက်ကို ဖွံ့ဖြိုးစေပါတယ်။ သင်ယူခြင်း တွေးတောကြံဆခြင်းတို့ မပြုပါက ဦးနှောက်ကျုံ့သွားပြီး ပျက်စီးခြင်း စွမ်းရည်ကျဆင်းခြင်းတို့ ဖြစ်လာပါတယ်။ အသစ်အသစ်သော ပညာရပ် တို့ကို အမြဲလေ့လာပါ။

 

၆. ခေါင်းမြီးခြုံအိပ်ခြင်း

ညအိပ်ချိန်မှာ အောက်ဆီဂျင်များများရဖို့ လိုအပ်ပါတယ်။ ခေါင်မြီးခြုံအိပ်ရင် အောက်ဆီဂျင် ပြည့်ပြည့်ဝဝ မရသည့်ပြင် ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန်ရှူနေရသဖြင့် ဦးနှောက်ထိခိုက်စေပါတယ်။

 

၇. အလွန်အကြူးစားခြင်း

ဝခြင်း အဝလွန်ခြင်းက ဦးနှောက်ပင်မဆဲလ်များကို ပျက်စီးစေသဖြင့် အာရုံစူးစိုက်မှု ယုတ်လျော့စေပါတယ်။ အသင့်စား အစားအစာတွေကို အလွန်အကြူးစားခြင်းကို ရှောင်ပါ။

 

၈. သကြားနဲ့ အချို အစားကြူးခြင်း

သကြားနဲ့ အချို အစားလွန်ခြင်းက ဦးနှောက်ထဲသို့ အာဟာရဓါတ်များ ဝင်ရောက်မှုကို လျော့ပါးစေသဖြင့် ဦးနှောက်ထိခိုက် ပျက်စီးစေပါသည်။

ကျန်းမာသန်စွမ်းတဲ့ ဦးနှောက်တစ်စုံကိုပိုင်ဆိုင်နိုင်စေဖို့ ဆန္ဒပြုရင်း ဒေါက်တာမြင့်သန်း၏ ဆေးပညာ ဗဟုသုတများမှ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

Read times
Rate this articles
(2 votes)