×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Monday, 20 May 2019

" အိပ်ခါနီးတွေးဖို့ !"

" အိပ်ခါနီးတွေးဖို့ !" google

Nas Daily ရဲ့ ဗီဒီယိုတစ်ခုမှာ လူတွေရဲ့ စကားတွေဟာခဏလေးနဲ့ ဘယ်လောက်ပြောင်းလဲနိုင်လဲဆိုတာကိုNas က ရှင်းပြခဲ့တယ်။

ကျွန်တော်တို့ဟာ သူငယ်ချင်း၊
အသိအကျွမ်း၊မိတ်ဆွေ တစ်ယောက်ကိုစကားတစ်ခုခု
ပြောလိုက်တယ်ဆိုပါစို့။ ဒါပေမယ့် အဲ့ဒီစကားဟာ
အခြားသူဆီကို ထပ်ပြီးပျံ့နှံ့တဲ့အချိန်မှာကျွန်တော်တို့
ပြောလိုက်တဲ့ အတိုင်းမဟုတ်တော့ဘူး။ စကားဟာ
သတင်းအချက်အလက်ကို သယ်ယူကူးပြောင်းပေးတဲ့
နည်းလမ်းတစ်မျိုး ဖြစ်တယ်။ ဒါပေမယ့် စကားတွေဟာ
ကြောက်ဖို့လည်း ကောင်းပြန်တယ်။ လူတစ်ယောက်
ပြောလိုက်တဲ့ စကားဟာ ခဏလေးနဲ့ အခြားတစ်မျိုး
ပြောင်းသွားနိုင်တယ်။ မီဒီယာတွေမှာဆို ဒီအချက်ကို
ပိုပြီး မြင်သာနိုင်တယ်။ Celebrity တစ်ယောက်က
ပြောလိုက်တာက တစ်မျိုး။ သတင်းဌာနတွေက
ခေါင်းစဉ်တပ်တဲ့အခါ တစ်မျိုး ဖြစ်နေတတ်တယ်။
အကယ်ရွေ့ သတင်းကို သေချာ ဝင်မကြည့်ပဲ အမြင်
နဲ့ ဆုံးဖြတ်တတ်တဲ့ သူမျိုးက အဲ့ဒီသတင်းခေါင်းစဉ်
ကို ဖတ်မိရင် မဟုတ်တဲ့ စကားဟာ အလွယ်တကူ
ပျံ့နှံ့သွားတတ်တယ်။ မကောင်းသတင်းဟာ
ကောင်းတဲ့ သတင်းထက်ပိုပြီး ပျံ့နှံလွယ်တတ်တယ်။

ဒါက စကားဟာ ဘယ်လောက် ပြောင်းလဲနိုင်တယ်
ဆိုတာကို ဥပမာ ပြောတာပါ။ အချိန်တိုအတွင်းမှာ
ဒီလောက်တောင် ပြောင်းလဲနိုင်ရင် နှစ်ပေါင်းထောင်နဲ့
ချီတဲ့ စကားတွေမှာရော ကျွန်တော်တို့ယုံလို့ရတာ
ဘယ်လောက် ပါမယ်ထင်ပါသလဲ။ ကျွန်တော်တို့
ဟာ အယူအဆတစ်ခုခုကို မျက်လုံးစုံမှိတ်ပြီး ယုံကြည်
ခိုင်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပျင်းခဲ့သူတွေ များပါတယ်။
Why ဆိုတဲ့ မေးခွန်းကို ကလေးဘဝမှာ မေးခဲ့ကြပေ
မယ့် ကျေနပ်လောက်တဲ့ အဖြေရခဲ့သူ နည်းမှာပါ။
အသက်ကြီးလာတဲ့ အချိန်မှာ Why ဆိုတာကို
ဆက်မေးပြီး အဖြေမှန်ကို ရှာကြတဲ့သူတွေရှိသလို
အဖြေမှန်ကို ကိုယ်တိုင်မရှာတော့ပဲ အလွယ်တကူ
ယုံလိုက်ကြတဲ့သူမျိုးလည်း ရှိပါတယ်။ ဘယ်နေ့မှာ
ခေါင်းမလျှော်ရဘူး၊ ဘယ်နေ့မှာ ဆံပင်မညှပ်ရဘူး၊
ဘယ်အချိန် လက်သည်းမညှပ်ရဘူး၊ ထမင်းစားရင်း
အိမ်မက်အကြောင်း မပြောရဘူး၊ စသဖြင့် အယူ
အဆပေါင်းစုံကို Why လို့ မေးခွင့်မရှိခဲ့ဘူး။ မလိုက်နာ
လို့မရခဲ့ဘူး။ ဒီအယူအဆတွေမှာ အကြောင်းအရင်း
ရှိခဲ့မှာ သေချာပါတယ်။ ဒါပေမယ့် အကြောင်းအရင်း
ဟာ ပျောက်ကွယ်သွားပြီး ဘယ်သူမှ ပြန်မရှင်းပြနိုင်
ဖြစ်လာကြတယ်။ Reason ကို မသိပဲ ယုံကြည်ခြင်း
ဟာ အယူသည်းခြင်းရဲ့ အစဖြစ်တတ်တယ်။ အစွန်း
ရောက်ခြင်းရဲ့ နိဒါန်းလည်း ဖြစ်လာတတ်တယ်။

မျက်စိမှိတ်ပြီး ယုံလိုက်တာထက် ငါဘာလို့ ဒါကိုလုပ်နေ
ရတာလဲဆိုတာကို ရှာဖွေဖို့ လိုတယ်လို့ ကျွန်တော်က
တော့ ထင်တယ်။ Why ဆိုတာကိုမေးပါ။ အပြင်မှာ
ထုတ်မေးခွင့်မရှိရင် စိတ်ထဲမှာ မေးပါ။ အကြောင်းရင်း
ကို သိပြီး တစ်စုံတစ်ခုကို ယုံကြည်ရတာက မျက်စိမှိတ်
ယုံလိုက်ရတာထက် အများကြီး ပိုအကျိုးရှိပါတယ်။
ဘာသာရေး အယူအဆတွေမှာလည်း အမှန်တွေရှိ
သလို အမှားတွေ ရှိနေပါတယ်။ ဘယ်ဟာက မှန်ပြီး
ဘယ်ဟာက မှားတယ်ဆိုတာသိဖို့ဆိုတာ စာများများ
ဖတ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ တွေးနိုင်တဲ့ စွမ်းရည်ကို
သွေးဖို့အတွက် ဗဟုသုတတွေ ရှိရပါမယ်။ ဦးနှောက်
ရဲ့ အတွေးစွမ်းရည်ကို မသွေးပေးနိုင်ရင် ကျွန်တော်တို့
ဟာ ဘာမှမသိပဲ ကျိတ်မှိတ်ယုံတတ်သူတွေ ဖြစ်လာ
ပါလိမ့်မယ်။ ယနေ့ခေတ်နဲ့ အရင်ခေတ်နဲ့တောင်မတူ
ပါဘူး။ ယနေ့ခေတ်လူငယ်တွေဟာ ပိုတွေးတတ်လာ
ကြပါပြီ။ စာဖတ်အားပိုကောင်းလာတဲ့အတွက် အမှား
တွေကို မြင်လာကြပါပြီ။ ကျွန်တော်တို့ သံသယရှိတဲ့
အရာတွေကို ကိုယ်တိုင်ရှာဖွေ ဖတ်ရှုရမယ်။ မေးခွန်း
ထုတ်ရမယ်။ အဖြေရှာရမယ်။

မြောက်ကိုရီးယားမှာ အာဏာရှင်(၃)ဆက်ဟာ မြောက်
ကိုရီးယားသားတွေကို အသိပညာနဲ့ ဖြတ်တောက်
ထားပါတယ်။ အသိပညာကို သင်ယူခွင့်မရပဲ သူတို့
သင်ပေးချင်တဲ့ အရာတွေကိုပဲ ငယ်ငယ်ထဲက သင်ပေး
ပါတယ်။ ဒီတော့ မြောက်ကိုရီးယား ပြည်သူတွေရဲ့ ဦးနှောက်
ထဲမှာ အာဏာရှင်တွေထည့်ပေးထားတဲ့ ဒေတာတွေပဲရှိ
ပါတယ်။ ဒီတော့ သူတို့ရဲ့ ခေါင်းဆောင်ကြီးဟာ အိမ်သာ
လုံးဝမတက်ဘူး၊ သူတို့ရဲ့ ခေါင်းဆောင်ကြီးဟာ သာမန်
လူမဟုတ်ဘူး၊ သူတို့ရဲ့ ခေါင်းဆောင်ကြီးဟာ သူတို့ခေါင်း
ထဲမှာတွေးတဲ့ အတွေးတွေကိုတောင် ဖတ်နိုင်စွမ်းရှိတယ်၊

သူတို့ခေါင်းဆောင်ကြီးဟာ ပြည်သူတွေအတွက် စဉ်းစား
ပေးပြီး ထမင်းတစ်နပ်ပဲစားတယ်၊ စတဲ့ ဝါဒဖြန့်ချီရေး
စကားလုံးတွေကိုယုံကြပါတယ်။ အသိပညာဗဟုသုတ
မရှိတော့ ကြိုက်သလို ချယ်လှယ်လို့ ရပါတယ်။ ဒါဟာ
အသိပညာဗဟုသုတနည်းခြင်းရဲ့ ဆိုးကျိုးပါ။

ကျွန်တော်တို့တိုင်းပြည်ဟာလည်း အခြေအနေဆိုးတွေ
ဖြတ်ကျော်ခဲ့ရတဲ့တိုင်းပြည်တစ်ခုပါ။ဒါပေမယ့် အခုအချိန်မှာ
ဗဟုသုတတွေအလွယ်တကူရှာဖွေနိုင်တဲ့အနေအထားကို
ရောက်နေပါပြီ။ကျွန်တော်တို့က နောက်ကျနေတဲ့တိုင်းပြည်
တစ်ခုပါ။ သူများတွေကို အမှီလိုက်ဖို့ဆိုရင် သူများတွေထက်
ကျွန်တော်တို့ စာပိုဖတ်ဖို့ လိုပါတယ်။ Why ဆိုတဲ့ မေးခွန်း
ကို မေးဖို့လိုပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ထဲက ယုံကြည်
လာတဲ့ အယူအဆတွေမှာဘယ်ဟာတွေက မှားပြီး၊ ဘယ်ဟာ
တွေက မှန်လဲဆိုတာပြန်လည် သုံးသပ်ရပါမယ်။ ဒီအတွက်
ကိုယ်က အသိပညာဗဟုသုတရှိတဲ့သူတစ်ယောက် ဖြစ်ဖို့
လိုပါတယ်။ အသိပညာဗဟုသုတရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့
စာများများဖတ်ဖို့လိုပါတယ်။ History စာအုပ်တွေ၊
Biography တွေ၊ Science နဲ့ ပတ်သက်တာတွေ၊ နည်းပညာ
နဲ့ပတ်သက်တာတွေ၊ အတွေးအခေါ်တွေ၊ ရသသုတစာပေတွေ၊
စသဖြင့် မိမိဝါသနာပါရာ စာတွေဖတ်ဖို့လိုပါတယ်။

နောက်ဆုံးအနေနဲ့ မေးခွန်းလေးတွေနဲ့ အဆုံးသတ်ပါမယ်။
ကိုယ့်ဘာသာ ဆက်ပြီးတွေးလို့ ရအောင်ပါ။

မေးခွန်း(၁)

ကျွန်တော်တို့ ခေါင်းထဲမှာ ငယ်စဉ်ထဲက အထည့်ခံခဲ့ရတဲ့
Data တွေ၊ Knowledge တွေဟာ ဘယ်လောက်ထိမှန်ပါ
သလဲ....

မေးခွန်း(၂)

နံပါတ်(၁) မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးခဲ့ဖူးပါသလား...

Crd; မိုးရှင်း(I.M.T)

Read times
Rate this articles
(0 votes)