×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 22 May 2019

ယနေ့ အချိန်ထိ ထိန်းသိမ်းထားနိုင်တဲ့ ကမ္ဘာ့ အကြီးမားဆုံး လျှို့ ဝှက်ချက် (၁၀) ခု

ယနေ့ အချိန်ထိ ထိန်းသိမ်းထားနိုင်တဲ့ ကမ္ဘာ့ အကြီးမားဆုံး လျှို့ ဝှက်ချက် (၁၀) ခု google.com

သင်ဟာ အကြောင်း အရာတစ်ခုခုကို တခြား သူတွေကိုမသိစေချင်လို့ ဖုံးကွယ်ထားတယ်။ အဲ့ဒီဖုံး ကွယ်ထားတဲ့အရာတွေကိုက ပဲ တခြားလူတွေအပေါ် အာရုံစူးစိုက်မှုပိုရှိလေပါပဲ။

ရှင်းရှင်းပြောရရင်တော့ သင်ဖုံးကွယ်ထားလေ လူတွေက ပို သိချင်လေပဲပေါ့။ ကျွန်တော် တို့ လူသားတွေအားလုံး မှာ လည်းလျှို့ဝှက် ချက်ကိုယ်စီ ရှိကြပါတယ်။ ကြီးကြီးမားမား မဟုတ်ရင်တောင် အနည်းငယ်စီ လောက်တော့ရှိကြပါတယ်။ ကိုယ့် လျှို့ ဝှက် ချက် ကို လူတိုင်းက စိတ်ဝင်စားချင် မှ စိတ်ဝင်စားလိမ့်မယ်။ ဒါပေမဲ့ တစ်ကမ္ဘာ လုံးက သိချင်နေတဲ့  အကြီးမားဆုံးလျှို့ ဝှက်ချက် (၁၀) ခုတောင် ရှိနေပါတယ်။ အဲ့ဒီလျှို့ ဝှက်ချက် (၁၀)ခု ကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။


(၁) အမေရိကန်ရဲ့  နျူးကလီးယား ထုတ်လုပ်မှု

Nuclear energy

ဒီလျို့ဝှက်ချက်ကတော့ကမ္ဘာပေါ်မှာ သတင်းအချက်လက်တွေကို အမြင့်ဆုံး ကာကွယ်မှု ယူထားတဲ့ အရာတွေထဲ ကတစ်ခုပါ။ အဲ့ဒီ နျူကလီးယား စက်ရုံကြီး ဘယ်မှာ တည်ရှိလဲဆိုတာ ကိုတောင် သူတို့ ထဲက လူအနည်ငယ်သာ သိခွင့်ရပါတယ်။ အမေရိ ကန်အစိုးရ ရဲ့  အလျှို့ ဝှက်ဆုံးသော အရာတွေထဲက တစ်ခုပါ။ သူတို့ ရဲ့  နျူကလီးယားလက်နက်ပုံစံ၊ ဒီဇိုင်းတွေ.. လက်နက်တွေရဲ့ ပြင်းအားတွေကို ဘယ်တော့မှ Public ကို ချပြမှမဟုတ်ပါဘူး။ ဘယ်သူမှ လဲ သူတို့ ရဲ နျူကလီးယား အချက်အလက်တွေကို ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။
နောက် ဆုံး လူတစ်ယောက်ယောက်က သူတို့ ရဲ့ သတင်းတွေကို တရားမဝင် နည်းလမ်းနဲ့ သိခဲ့ရင် လဲ အဲ့ဒီလူရဲ့ ဘဝဟာအရမ်းကို အန္တရာယ်ရှိသွားပါပြီ။



(၂) အမေရိကန်ရဲ့ ရေနံအများဆုံးထုတ်လုပ်တဲ့ နေရာ

oil 1


ဒီနေရာဟာလည်း အမေရိကန်စိုးရရဲ့  အလျှို့ ဝှက်ထားဆုံးအရာတွေထဲကတစ်ခုပါ။ ဘာလို့ သူတို့ ကဒီအချက်ကို ထိန်းသိမ်းထာလဲဆိုရင် ရေနံ ဟာ ကမ္ဘာ့ တန်ဖို့ အရှိ ဆုံး သဘာဝဓါတ်ငွေ့ တွေထဲကတစ်ခုဖြစ်လို့ ပါပဲ ။ ဥပမာ ဒူဘိုင်း တို့ လို နိုင်ငံ မျိုးတွေဆို ရေနံကြောင့် အရမ်းချမ်းသာ နေကြတဲ့နိုင်ငံတွေပါ။ ဒါကြောင့် အမေရိကန်အစိုးရက သူတို့ ရဲ့ ရေနံ အများဆုံးထွက်တဲ့ နေရာတွေ ၊ ဘယ်လို လည်ပတ်ကြလဲ ဆိုတဲ့ အချက်အလက်တွေ ကို ဘယ်သူမှ မသိအောင် လျှို့ ဝှက်ထားတာပါ။


(၃) အမေရိကန်ရဲ့ ဆေးပညာ

Surgeon success


အမေရိကန်ကတော့ တော်တော်လေးကို လျှို့ ဝှက်ချက်များတယ်လို့ ပြောလို့ ရတယ်ဗျ။ အမေရိကန်က ဆရာဝန် တချို့ ဆို သူတို့ ဘဝနဲ့ ရင်းပြီး ဆေးပညာအချက်အလက်တွေကို ထိန်းသိမ်း ရတယ်လို့ ကြားဖူပါတယ်။ ပြောချင်တာက တော့ နှာစေး၊ ချောင်းဆိုး..နောက်ဆုံး တကမ္ဘာလုံးက သိတဲ့ ရောဂါတွေ အတွက်တော့ လျှို့ ဝှက်လောက်မှာ မဟုတ်ဘူးဗျ။ တခြားသူတွေကို မသိစေချင်လောက်တဲ့ ဆေးပညာတချို့ တော့ရှိမှာပါ။ အဲ့ဒါကိုတော့ ကျွန်တော်လဲမသိနိုင်ဘူး. ဘယ်သူမှလဲမသိနိုင်ဘူးပေါ့ဗျာ။ ဒီအချက်ကလဲ ကမ္ဘာ့ လျှို့ ဝှက်ဆုံးသော အရာတွေထဲကတစ်ခုပါ။


(၄) ၾသစေတ်းလ် ရဲ့ လက်ကိုင်ပဝါခေါက်နည်း

pin


ဒီအချက် ဟာ ကမ္ဘာ့ လျှို့ ယှက်ဆုံးသော အရာတွေထဲ ကတစ်ခုဆို သင်ရယ်မိမှာ အမှန်ပဲ။ ကျွန်တော်လဲ ရယ်မိတာပဲ။ လက်ကိုင်ပဝါခေါက်နည်းလေးကို ဘာလို့ လျှို့ ဝှက်ထားတာလဲ ပေါ့။ ဒါပေမဲ့ အဲ့ဒါက တကယ့်အမှန်တရားပါ။ ဒီလျှို့ ဝှက်တဲ့  လက်ကိုင်ပဝါခေါက်နည်းကို သြစတျေးလျနဲ့ ဟန်ဂေရီ တို့ ရဲ့ တော်ဝင်စားသောက်ပွဲတွေ မှာပဲ သုံးပါတယ်တဲ့ ။ ဘာကြောင့် ဒါလေးတစ်ခု ကို အရမ်းလျှို့ ဝှက်ထားလဲဆိုတာတော့ ဘယ်သုမှ မသိနိုင်ပါဘူး။


(၅) KFC ရဲ့ အရသာလျှို့ ဝှက်ချက်

kfc


KFC က သူ့ရဲ့ အရသာကို ဘယ်လို လုပ်တယ်၊ ဘယ်လိုပြင်ဆင်ကြလဲ ဆိုတာ လူတိုင်းသိချင်တဲ့ အရာ တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ KFC ကို တစ်ကမ္ဘာလုံးက လူတော်တော်များများကြိုက်ကြပါတယ်။ 1930 မှာ Herland Sander က KFC ကို စတင် ထည်ထောင်ခဲ့ပြီးအဲ့ ဒီ အချိန်ထဲ က သူတို့ ရဲ့ အချက်အလက်တွေကို လျှို့ ဝှက်ထားခဲ့တာ ဒီနေ့  ထိပါပဲ။


(၆) Area 51

gl road 11


ဒါကတော့ လူတော်တော်များများလဲသိကြပြီး တော်တော်များများစိတ်ဝင်စားကြတဲ့ နေရာတစ်ခုပါ။ အမေရိကန် အစိုးရက ဒီနေရာရဲ့ လျှို့ ဝှချက်ကို  နှစ် ၆၀ကျော်ကြာ ထိန်းသိမ်းထားခဲ့ ပါတယ်။ ဒါပေမဲ့  ၂၀၁၃ ခုနှစ် Augustလ မှာတော့ အဲ့ဒီ နေရာရဲ့ လျို့ ဝှက်ချက်အချို့ ပေါက်ကြားခဲ့ပါတယ်။ ပေါက်ကြားခဲ့တဲ့ သတင်းတွေ အရ အဲ့ နေ မှာ ဂြိုလ် သားတွေနဲ့ တောင် အဆက်သွယ်လုပ်ကြတယ်လို့ ပြောကြပါတယ်။ နျူးကလီးယားထုတ်လုပ်တဲ့နေရာလို့ လဲ ပြောကြပါတယ်။ အဲ့ သတင်းတွေက မှန်ကန်လာဆိုတာကိုလည်း ဘယ်သူမှတပ်အပ်မပြောနိုင်ခဲ့ပါဘူး။ Area 51 ရဲ့  သတ်မှတ်ထာတဲ့နယ်မြေ အတွင်း မှာ လေယာဉ်တွေတောင် ဖြတ်သန်းသွားလာခွင့်မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အမေရိကန်အစိုးရ က Area 51 ရဲ့ လျှို့ ဝှက်ချက်ကို ယခုချိန်ထိ တစ်စုံတစ်ရမှာ ထုတ်မပြောပဲ ထိန်းသိမ်းထားနိုင်တုန်းပဲ။


(၇) အဒေါ့ ဟစ်တလာ

hitla


ကမ္ဘာပေါ် မှာ ဟစ်တလာကို မသိတဲ့သူ ခပ်ရှားရှားပါပဲ။ ကမ္ဘာ့ သမိုင်းတစ်လျှောက်မှာ ဂျူးလူမျိုးတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ တာကြောင့် လူအများရဲ့ မုန်းတီးခြင်းကို ခံရသူတစ်ယောက်ပါ။ သူဟာဒုတိယ ကမ္ဘာစစ်မှာ ဥရောပနိုင်ငံတော်တော်များများကို သိမ်းယူခဲ့ပြီး နောက် ရရှားနိုင်ငံကို သိမ်းပိုက်တဲ့အချိန်မှာ စစ်ရှုံးခဲ့ပါတယ်။ ဒီလိုစစ်ရှုံးခဲ့ပြီးနောက် သူ့ရဲ့ နာဇီတပ်မတော်နှင့် နိုင်ငံရဲ့ နေရာတော်တော်များများကို တိုက်ခိုက်သိမ်းပိုက်ခံခဲ့ ရပြီးနောက်မှာ သူဟာပျာက်ကွယ်သွားခဲ့ပါတယ်။ April 30, 1945 မှာ သူအိပ်တဲ့ သူရဲ့ ကု တင်ပေါ်မှာပဲ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သက်သေခဲ့တယ်လို့လဲပြောကြပါတယ်။ အမေရိကန် FBIရဲ့ စုံစမ်းချက်အရ ဒုတိယ ကမ္ဘာ စစ် ပြီး ခဲ့တဲ့နောက်မှာ အသက်ရှင်သေးတယ်လို့ လဲ ပြောပါတယ်။ သူ့ကိုယ်သူ တကယ် သက်သေခဲ့တာလား သေဆုံးတယ်အကြောင်းပြပြီး အသက်ရှင်နေထိုင်ခဲ့တာလား ဆိုတာ ယခုချိန်အထိ ဘယ်သူမှသေသေချာချာ မသိတဲ့ အကြောင်းအရာတစ်ခုဖြစ်နေဆဲပါပဲ။


(၈) HIV/AIDS

hiv blood sample


ဒီရောဂါ ဟာ 1980 ခုနှစ် ကတည်း က စတင်ခဲ့တဲ့ရောဂါတစ်ခုပါ။ HIV/AIDS ဘယ်ကစလဲဆိုတဲ့ သီအိုရီတွေတော်တော်များများရှိပါတယ်။ လူတော်တော်များများကတော့ အာဖရိက တိုက်က စခဲ့တယ်လို့  ပြောကြပါတယ်။ ဒါပေမဲ့ အဲ့ဒါက အမှန်တရားလား? လူတစ်ချို့ က လဲ သိပ္ပံပညာရှင်တွေ ကိုယ်တိုင်တီထွင်ထားတဲ့လူကိုသေစေနိုင်တဲ့ရောဂါတစ်ခုလို့လဲပြောပါတယ်။ တကယ်ပဲ HIV/AIDS ကလူလုပ်တဲ့အရာပဲလား? HIV/AIDS ကို ကုသနိုင်တဲ့ ဆေးကို ထုတ်လုပ်နိုင်ပြီလို့ သတင်း ထွက်ခဲ့သော်လည်း တစ်ကမ္ဘလုံးကို မမျှ ဝေနိုင်ခဲ့ပါဘူး။ သူတို့ ဘာကို ကြောက်နေတာလဲ? HIV/AIDS က နျူးကလီးယားလိုမျိုးလက်နက်တစ်ခုပဲလား? ဆိုတာ ဘယ်သူမှ မသိပါဘူး။ အခုချိန်ထိ ဘာမှမသေချာ မရေရပဲနဲ့  HIV/AIDS ဟာ ကမ္ဘာ့ လျှို့ ဝှက်ဆုံး အကြောင်းအရာတွေထဲ က တစ်ခု ဖြစ်နေတုန်းပါပဲ။


(၉) Coca Cola ရဲ့ အရသာ

247WallSt.com 247WS 488498 coca cola


ကမ္ဘာကျော်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Coca Cola ရဲ့ အရသာကို လူတိုင်း မြည်းစမ်းဖူးကြမယ်ထင်ပါတယ်။ Coca Cola ကို သောက်သုံဖူးကြပေမဲ့  သူရဲ့ အရသာ ထုတ်လုပ်ပုံ ဖော်မြူလာကို သတိမထားမိကြပါဘူး။ Coca Cola ကုမ္ပဏီ က ..အရသာ ရဲ့  ဖော်မြူလာကို ဝန်ထမ်းနှစ်ယောက်တည်း ကို သာပြောပြခဲ့ပါတယ်။ ထိုဝန်ထမ်း နှစ်ယောက်ကလည်း ဒီဖော်မြူလာ မပေါက်ကြားစေဖို့ အတွက် ကျမ်းသစ္စာဆိုရပါတယ်။


(၁၀) နတ်ပြည်နဲ့ ငရဲပြည်

Heaven and Hell


နတ်ပြည်နဲ့ ငပြည် ဟာဆိုရင်ဖြင့် လူ့ဘဝသေဆုံးပြီးနောက်ပိုင်းမှာ ဖြတ်သန်းရမဲ့ နေရာနှစ်ခုအဖြစ် လူတိုင်းရဲ့ စိတ်ထဲမှာ အခြေတည်ပြီးသားဖြစ်မှာပါ။ မည့်သည့်ဘာသာမဆို သေပြီးနောက် ငရဲပြည်နဲ့ နတ်ပြည်ရဲ့ ဖြစ်တည်ခြင်းကို ယုံကြည်ကြပါတယ်။ သို့ပေမဲ့ ယခုအချိန်အထိတော့ ဒါတွေဟာ အစစ်အမှန်လားဆိုတာကို မည်သူမှ သက်သေပြနိုင်ခြင်းမရှိသေးပါဘူး။ သေပြီးမှာ လူပြန်ဖြစ်နိုင်သလား၊နတ်ပြည်သွားမှာလား၊ ငရဲပြည်သွားမှလားဆိုတာကတော့ အကြီးမားလျို့ဝှက်ချက်အဖြစ် တည်ရှိနေတုံးပါပဲ..။

sayar.com.mm

Read times Last modified on Thursday, 23 May 2019 15:17
Rate this articles
(1 Vote)