×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 23 May 2019

"ညဥ့္နက္ခ်ိန္ထိ ဖုန္းသံုးတတ္တဲ့သူေတြ သိထားသင့္တဲ့ ဆိုးက်ဳိးမ်ား"

"ညဥ့္နက္ခ်ိန္ထိ ဖုန္းသံုးတတ္တဲ့သူေတြ သိထားသင့္တဲ့ ဆိုးက်ဳိးမ်ား" google.com

ZAWGYI

အခုေနာက္ပိုင္း လူငယ္ေတြေတာ္ေတာ္မ်ားမ်ား ညဥ့္နက္ခ်ိန္အထိ ဖုန္းသံုးတဲ့ အေလ့အက်င့္ဆိုးႀကီးကို မေက်ာ္လႊားႏိုင္ၾကပါဘူး။

ေဆာ့ၿပီးရင္းေဆာ့ခ်င္တဲ့ အြန္လိုင္းဂိမ္းေတြ ၊ ပြတ္လို႔ မဝတဲ့ ဆိုရွယ္မီဒီယာေတြနဲ႔ Screem Time ေတြ အရမ္းမ်ားေနၾကတာျဖစ္ပါတယ္။ ဒီလိုညဥ့္နက္ခ်ိန္အထိ ဖုန္းေတြသံုးတဲ့အခါ သင့္ရဲ႕ အိပ္စက္ျခင္းကို ဆိုးဆိုးရြားရြားထိခိုက္ေစတဲ့အျပင္ အခ်ိန္ၾကာလာတာနဲ႔အမွ် ေၾကာက္စရာေကာင္းတဲ့ အက်ဳိးရလဒ္ေတြပါ ခံစားလာရမွာျဖစ္ပါတယ္။

ဘယ္လိုမ်ဳိးေၾကာက္စရာေကာင္းတဲ့ဆိုးက်ဳိးေတြလဲဆိုတာ ဆက္ဖတ္ၾကည့္ရင္း သင့္ပတ္ဝန္းက်င္က ညဥ့္နက္တဲ့အထိ ဖုန္းသံုးတတ္တဲ့သူေတြကိုလည္း ျပန္လည္မွ်ေဝေပးလိုက္ပါဦးေနာ္။


(၁) မွတ္ဥာဏ္စြမ္းရည္ေတြ ပ်က္စီးလာမယ္

stressed


ညဥ့္နက္ခ်ိန္ထိ ဖုန္းသံုးတဲ့အတြက္ လံုေလာက္တဲ့အိပ္စက္ခ်ိန္ဆိုတာ မရွိေတာ့ပါဘူး။ ဒီလိုမ်ဳိးညစဥ္ညတိုင္း အိပ္ေရးေတြဆက္တိုက္ ပ်က္ေနမယ္ဆိုရင္ ဦးေႏွာက္ရဲ႕ စြမ္းေဆာင္ရည္ေတြက်ဆင္းလာၿပီး ေတြးေခၚႏိုင္စြမ္းေတြ စဥ္းစားဆံုးျဖတ္ႏိုင္စြမ္းေတြပါ ေလ်ာ့က်လာမွာျဖစ္ၿပီး ဦးေႏွာက္ဖြံ႕ၿဖိဳးမႈႏႈန္းကို ထိခိုက္ေစကာ မွတ္ဥာဏ္စြမ္းရည္ေတြပါ တေျဖးေျဖးပ်က္စီးလာမွာျဖစ္ပါတယ္။

 

(၂) စိတ္က်ေရာဂါဝင္လာမယ္

pexels photo 236151


ပံုမွန္တစ္ရက္တာ အိပ္ေရးမဝရင္ေတာင္ စိတ္ၾကည္လင္လန္းဆန္းမႈမရွိဘဲ ေနရတာအဆင္မေျပျဖစ္တတ္ပါတယ္။ သင့္အေနနဲ႔ အခုလို ဖုန္းေတြနဲ႔ပဲ ညဥ့္နက္သန္းေခါင္ယံအထိ အခ်ိန္ေတြကုန္ေနမယ္ဆိုရင္ သင္ႏိုးထလာတဲ့မနက္ခင္းဟာ ဘယ္ေတာ့မွ စိတ္ၾကည္လင္လန္းဆန္းမႈရွိမွာမဟုတ္ပါဘူး။အရာရာကို စိတ္အလိုမက်ျဖစ္လာမယ္ စိတ္တိုလြယ္မယ္ ေနာက္ဆံုးမွာေတာ့ ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိေတာ့ဘဲ စိတ္က်ေရာဂါဝင္လာတဲ့အထိျဖစ္သြားႏိုင္ပါတယ္။


(၃) ကိုယ္အေလးအခ်ိန္တက္လာမယ္

file 20170508 20740 1f7loga


ညဥ္႔နက္ခ်ိန္အထိ မအိပ္ေသးတဲ့သူေတြဟာ သန္းေခါင္ယံဗိုက္ဆာတဲ့ဒဏ္ကို ဘယ္သူမွမခံႏိုင္ပါဘူး။ သေရစာမုန္႔တစ္ခုခုျဖစ္ျဖစ္ ထမင္းျဖစ္ျဖစ္စားလိုက္မွ အာသာေျပသြားတတ္ၾကတာျဖစ္ပါတယ္။သ န္းေခါင္ယံအစားစားျခင္းဟာ ကိုယ္အေလးခ်ိန္အမ်ားႀကီးတက္ေစတဲ့ အဓိကအေၾကာင္းအရင္းတစ္ခ်က္ျဖစ္ပါတယ္။ ေနာက္ၿပီး အိပ္ေရးမဝတဲ့အခါ ခႏၶာကိုယ္က အစားစားခ်င္တဲ့ ေဟာ္မုန္းဓာတ္တစ္မ်ဳိး ပိုထြက္လာတာေၾကာင့္ ကိုယ္အေလးခ်ိန္တက္ဖို႔ တြန္းအားျဖစ္ေစမွာျဖစ္ပါတယ္။


(၄) အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္လာမယ္

Signs You Arent Aging Well HEADER


ညဥ့္နက္ခ်ိန္ထိ အိပ္ေရးပ်က္ခံကာ ဖုန္းသံုးၾကတဲ့သူေတြဟာ သူတို႔ရဲ႕ ရွိရင္းစြဲအသက္ထက္ ပိုၿပီး အိုမင္းရင့္ေရာ္ေနတတ္ၾကပါတယ္။ အေၾကာင္းက အိပ္ေရးပ်က္ျခင္းေၾကာင့္ မဲညစ္ျခင္း ၊ အေရးအေၾကာင္းနဲ႔ အမဲစက္ေတြျဖစ္ေပၚျခင္း ၊ ဝက္ၿခံအမ်ားအျပားထြက္ျခင္း စတဲ့အလွအပဆိုင္ရာျပႆနာေတြနဲ႔ ရင္ဆိုင္လာရတာေၾကာင့္ အသားအေရးပ်က္စီးကာ အရြယ္မတိုင္ခင္အိုမင္းရင့္ေရာ္တဲ့ ျပႆနာေတြ ျဖစ္ေပၚလာႏိုင္တာျဖစ္ပါတယ္။

 

UNICODE 

အခုနောက်ပိုင်း လူငယ်တွေတော်တော်များများ ညဉ့်နက်ချိန်အထိ ဖုန်းသုံးတဲ့ အလေ့အကျင့်ဆိုးကြီးကို မကျော်လွှားနိုင်ကြပါဘူး။

ဆော့ပြီးရင်းဆော့ချင်တဲ့ အွန်လိုင်းဂိမ်းတွေ ၊ ပွတ်လို့ မဝတဲ့ ဆိုရှယ်မီဒီယာတွေနဲ့ Screem Time တွေ အရမ်းများနေကြတာဖြစ်ပါတယ်။ ဒီလိုညဉ့်နက်ချိန်အထိ ဖုန်းတွေသုံးတဲ့အခါ သင့်ရဲ့ အိပ်စက်ခြင်းကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ ကြောက်စရာကောင်းတဲ့ အကျိုးရလဒ်တွေပါ ခံစားလာရမှာဖြစ်ပါတယ်။

ဘယ်လိုမျိုးကြောက်စရာကောင်းတဲ့ဆိုးကျိုးတွေလဲဆိုတာ ဆက်ဖတ်ကြည့်ရင်း သင့်ပတ်ဝန်းကျင်က ညဉ့်နက်တဲ့အထိ ဖုန်းသုံးတတ်တဲ့သူတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။


(၁) မှတ်ဉာဏ်စွမ်းရည်တွေ ပျက်စီးလာမယ်

stressed


ညဉ့်နက်ချိန်ထိ ဖုန်းသုံးတဲ့အတွက် လုံလောက်တဲ့အိပ်စက်ချိန်ဆိုတာ မရှိတော့ပါဘူး။ ဒီလိုမျိုးညစဉ်ညတိုင်း အိပ်ရေးတွေဆက်တိုက် ပျက်နေမယ်ဆိုရင် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကျဆင်းလာပြီး တွေးခေါ်နိုင်စွမ်းတွေ စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေပါ လျော့ကျလာမှာဖြစ်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုနှုန်းကို ထိခိုက်စေကာ မှတ်ဉာဏ်စွမ်းရည်တွေပါ တဖြေးဖြေးပျက်စီးလာမှာဖြစ်ပါတယ်။

 

(၂) စိတ်ကျရောဂါဝင်လာမယ်

pexels photo 236151


ပုံမှန်တစ်ရက်တာ အိပ်ရေးမဝရင်တောင် စိတ်ကြည်လင်လန်းဆန်းမှုမရှိဘဲ နေရတာအဆင်မပြေဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ အခုလို ဖုန်းတွေနဲ့ပဲ ညဉ့်နက်သန်းခေါင်ယံအထိ အချိန်တွေကုန်နေမယ်ဆိုရင် သင်နိုးထလာတဲ့မနက်ခင်းဟာ ဘယ်တော့မှ စိတ်ကြည်လင်လန်းဆန်းမှုရှိမှာမဟုတ်ပါဘူး။အရာရာကို စိတ်အလိုမကျဖြစ်လာမယ် စိတ်တိုလွယ်မယ် နောက်ဆုံးမှာတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘဲ စိတ်ကျရောဂါဝင်လာတဲ့အထိဖြစ်သွားနိုင်ပါတယ်။


(၃) ကိုယ်အလေးအချိန်တက်လာမယ်

file 20170508 20740 1f7loga


ညဉ့်နက်ချိန်အထိ မအိပ်သေးတဲ့သူတွေဟာ သန်းခေါင်ယံဗိုက်ဆာတဲ့ဒဏ်ကို ဘယ်သူမှမခံနိုင်ပါဘူး။ သရေစာမုန့်တစ်ခုခုဖြစ်ဖြစ် ထမင်းဖြစ်ဖြစ်စားလိုက်မှ အာသာပြေသွားတတ်ကြတာဖြစ်ပါတယ်။သ န်းခေါင်ယံအစားစားခြင်းဟာ ကိုယ်အလေးချိန်အများကြီးတက်စေတဲ့ အဓိကအကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။ နောက်ပြီး အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က အစားစားချင်တဲ့ ဟော်မုန်းဓာတ်တစ်မျိုး ပိုထွက်လာတာကြောင့် ကိုယ်အလေးချိန်တက်ဖို့ တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။


(၄) အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာမယ်

Signs You Arent Aging Well HEADER


ညဉ့်နက်ချိန်ထိ အိပ်ရေးပျက်ခံကာ ဖုန်းသုံးကြတဲ့သူတွေဟာ သူတို့ရဲ့ ရှိရင်းစွဲအသက်ထက် ပိုပြီး အိုမင်းရင့်ရော်နေတတ်ကြပါတယ်။ အကြောင်းက အိပ်ရေးပျက်ခြင်းကြောင့် မဲညစ်ခြင်း ၊ အရေးအကြောင်းနဲ့ အမဲစက်တွေဖြစ်ပေါ်ခြင်း ၊ ဝက်ခြံအများအပြားထွက်ခြင်း စတဲ့အလှအပဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်လာရတာကြောင့် အသားအရေးပျက်စီးကာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။

 


Sources :  Kwee

sayar.com.mm

Read times Last modified on Thursday, 17 October 2019 17:51
Rate this articles
(0 votes)