×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 14 June 2019

"ငယ်ငယ် ရွယ်ရွယ်နဲ့ အောင်မြင်ချင်ရင် ဒီအချက်တွေကိုလိုက်နာပါ"

"ငယ်ငယ် ရွယ်ရွယ်နဲ့ အောင်မြင်ချင်ရင် ဒီအချက်တွေကိုလိုက်နာပါ" pexels

၁. အချိန်ကို စီမံခန့်ခွဲတတ်ခြင်း

အချိန်စီမံခန့်ခွဲမှုကို အရင်ဆုံးလေ့လာရမယ့် အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်လေ့လာပါ။

သင့်ရဲ့ အလုပ်တွေကို ဦးစားပေးသတ်မှတ်ပြီး၊ မှန်ကန်တဲ့အချိန်နဲ့ နေရာမှာ အင်အားကို စိုက်ထုတ်တတ်ခြင်းအားဖြင့် အလုပ်မှန်သမျှကို နောက်ဆုံးချိန်မတိုင်ခင် အပြီးသတ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

 

၂. ရည်မှန်းချက်ကြီးကြီးထားပါ

သင့်ရဲ့ရည်မှန်းချက်အိပ်မက်အတိုင်း ဖြစ်လာအောင် အမြဲကြိုစားနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကို ရောက်ရှိဖို့အတွက် လိုအပ်တဲ့ အစီအစဉ်များကို စနစ်တကျ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 

၃. စိတ်ဝင်စားတက်ကြွမှုရှိပါ

အောင်မြင်ခဲ့သူတွေအများစုရဲ့ အခြေခံတူညီမှုတစ်ခုက စိတ်ဝင်စား တက်ကြွမှုရှိခြင်းပဲ ဖြစ်ပါတယ်။ သင်က စိတ်ဝင်စားမှု အပြည့်ရှိတဲ့ အရာကို လုပ်ဆောင်နေမယ်ဆိုရင် အောင်မြင်မှုက သိပ်ဝေးမှာ မဟုတ်ပါဘူး။ သင့်ဆီ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

 

၎. အောင်မြင်သူတွေဆီက ပညာယူပါ

တကယ်ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်နေသူတွေကို လေ့လာပါ။ အောင်မြင်သူများရဲ့ ကောင်းကွက်တွေ ဆိုးကွက်တွေကို ရှာဖွေပါ။ သူတို့အတွက် အလုပ်ဖြစ်တဲ့နည်းလမ်းတိုင်းက သင့်အတွက် အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အောင်မြင်သူတွေကို လေ့လာခြင်းအားဖြင့် အောင်မြင်မှုကို ရယူဖို့ လိုအပ်ချက်တွေကို သင်နားလည် လာပါလိမ့်မယ်။

 

၅. သင့်ရဲ့တိုးတက်မှုကို ဆန်းစစ်ပါ

သင့်ရဲ့နေ့စဉ်ဘ၀မှာ ဘာတွေတိုးတက်မှုရှိပါသလဲ၊ ဘာတွေဆုတ်ယုတ်နေပါသလဲ အမြဲတမ်း တွေးတောဖို့ လိုအပ်ပါတယ်။ အခုလုပ်နေတဲ့အရေးကိစ္စတွေက သင့်ရောက်ချင်တဲ့နေရာရောက်ဖို့အတွက် အထောက်အကူ ဖြစ်ပါသလား။ သင်လုပ်သမျှအရာအားလုံးအတွက် သတိရှိပါ။ ဒါမှသာ သင့်ရဲ့ရည်မှန်းချက်ဆီကို မျက်ခြေမပြတ် သွားနိုင်မှာ ဖြစ်ပါတယ်။

 

၆. စနစ်တကျအလုပ်လုပ်ပါ

အလုပ်ကို ကြိုးစားလုပ်တိုင်း အောင်မြင်မယ်ဆိုရင် လူတိုင်းအလုပ်ချည်းပဲ လုပ်နေကြမှာဖြစ်ပါတယ်။

တကယ်တော့ အလုပ်ကို မနားတမ်း ကြိုးစားလုပ်ဆောင်နေတာထက် စနစ်တကျမှန်မှန်ကန်ကန် လုပ်တတ်ဖို့ လိုပါတယ်။

 

၇. အချိန်မဆွဲပါနဲ့ 

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စလုပ်မယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင်တော့ အလုပ်မဖြစ်တော့ပါဘူး။ ခဏနေမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလုပ်လိုက်မယ်ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက်ကို ကျရူံးစေတဲ့ အဓိကအကြောင်းအရာထဲမှာ ပါပါတယ်။

 

၈.ဆင်ခြေများပါနဲ့ 

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်းဟာလည်း ဘဝကိုဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါဝင်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်ကြတယ်။ လုပ်ဖော်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြောင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မဆန်းစစ်ပါ။

 

၉. အဖြစ်မှန်ကို ရင်ဆိုင်ပါ

လက်တွေ့ကျကျ ပြုလုပ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယဉ်ထဲမှာပဲကျေနပ်မနေပါနဲ့ ။ ဘာမဆို အလကားလိုချင်တဲ့ စိတ်မမွေးပါနဲ့ ။ ကံကောင်းတာကိုစောင့်နေမယ့်အစား အလုပ်ကောင်းအောင်ပဲ ကြိုးစားပါ။

 

Ref : lwin pyin

မိမိသင်ကြားလို သော ဘာသာရပ်များကို  စနစ်တကျနဲ့ အခြေခံကစပြီး သင်ကြားပေးသော ဆရာ၊ ဆရာမများ sayar.com.mm တွင်ရှိပါသည်။ ဝင်ရောက်ဆက်သွယ်နိုင်ပါသည်။ 

Read times
Rate this articles
(0 votes)