×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 15 June 2019

"အသက္၂၀နဲ႔၃၀ၾကားထဲမွာ ခ်မ္းသာလာဖိုု႔လွ်ိဳ႕ဝွက္ခ်က္ (၇) ခု"

"အသက္၂၀နဲ႔၃၀ၾကားထဲမွာ ခ်မ္းသာလာဖိုု႔လွ်ိဳ႕ဝွက္ခ်က္ (၇) ခု" google.com

ကြ်န္ေတာ္တို႔အားလံုးခ်မ္းသာခ်င္ၾကတယ္။ အထူးသျဖင့္ ငယ္စဥ္ ၂၀ နဲ႔ ၃၀ၾကားေလာက္မွာ ခ်မ္းသာရင္ေတာ့ အေကာင္းဆံုးေပါ့။

ခ်မ္းသာဖို႔ဆိုတာလည္း ဒီေန႔လုပ္ ဒီေန႔ျဖစ္တဲ့အရာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ငယ္တုန္းမွာ ၾကိဳးစားတာပိုေကာင္းပါတယ္။ အသက္ ၂၀ကေန ၃၀ ၾကားမွာ ခ်မ္းသာခ်င္ရင္ေတာ့ ေအာက္ပါအခ်က္ေလးေတြကို လိုက္နာသင့္ပါတယ္။


(၁) ေန႔ေရႊ႕ညေရႊ႕လုပ္ေနျခင္းကို ရပ္တန္းကရပ္ပါ


ငယ္ရြယ္စဥ္မွာ လူေတြေတြးေလ့ရွိတာ တစ္ခုုရွိပါတယ္။ အဲ့ဒါကေတာ့ မနက္ျဖန္မွလုပ္မယ္၊ ေနာက္မွလုပ္မယ္ ဆိုတာပါပဲ။

အခ်ိန္ေတြ အမ်ားၾကီးရွိတယ္လို႔ပဲ ယူဆေနပါလိမ့္မယ္။ အဲ့ဒိအခ်ိန္ေတြ တျဖည္းျဖည္း ကုန္ဆံုးလာျပီးအသက္ေတြ
ၾကီးမွာ ေနာင္တရလာတတ္ၾကပါတယ္။ တကယ္ေတာ့ အဲ့ဒိမနက္ျဖန္ဆိုတဲ့ ဆင္ေျခၾကီးကိုသာ ေဖ်ာက္ျပီး အလုပ္လုပ္
ရင္ အရင္ထက္အမ်ားၾကီးတိုးတက္မွာ အေသအခ်ာပါပဲ။ ဘဝမွာ ေစာေစာစီးစီး ခ်မ္းသာခ်င္ရင္ ေနာက္မွလုပ္မယ္ဆိုတဲ့
အက်င့္ၾကီးကိုု ေဖ်ာက္ဖ်က္သင့္ပါျပီ။

 

 

(၂) ျဖတ္လမ္းမရွိဘူးဆိုတာ နားလည္ထားပါ


ျဖတ္လမ္းလိုက္ေနျခင္းေတြကို ရပ္တန္႔လိုက္ပါ။ အေျဖကရွင္းပါတယ္။ မိမိသံုုးတာထက္ပိုေအာင္ ရွာပါ။ ပိုတာကို အက်ိဳး
ရွိစြာ ရင္းႏွီးျမွဳပ္ႏွံပါ။ ပိုေနတဲ့ပိုက္ဆံေတြ အျမဲမ်ားျပားလာေအာင္လုပ္ပါ။ အသံုုးအျဖဳန္းကိုေလွ်ာ့ပါ။ ျဖတ္လမ္းမရွိဘူးဆို
တာကို လက္ခံပါ။ လြယ္လြယ္နဲ႔ရတဲ့ ပိုုက္ဆံဟာ လြယ္လြယ္နဲ႔ပဲ ျပန္ကုုန္တတ္ပါတယ္။

 


(၃) သင့္ဆီမွာ ရင္းႏွီးျမဳပ္နွံပါ


အျခားအရာေတြမွာ ရင္းႏွီးျမဳပ္ႏွံဖို႕မစဥ္းစားခင္ သင့္ဆီမွာ ျပန္ရင္းနွီးျမဳပ္ႏွံပါ။ သင့္ဘဝတိုးတက္ဖို႔ၾကိဳးစားရာမွာ သင္က
အေရးအၾကီးဆံုးအရင္းအျမစ္ပါပဲ။ ပညာသင္ပါ။ လိုအပ္တဲ့သင္တန္းေတြတက္ပါ။ စာေတြအမ်ားၾကီးဖတ္ပါ။ သင္ကအသိ
ပညာေတြ ပိုၾကြဝလာေလေလ သင့္အတြက္ အခြင့္အလမ္းေတြ ပိုုျပီးမ်ားလာေလေလပါပဲ။ လစာေတြလည္းပိုေကာင္းလာ
မွာ ျဖစ္ျပီး သင့္ကိုုယ္ပိုင္လုုပ္ငန္းလုုပ္ဖိုု႔ ပိုက္ဆံလည္း ပိုုထြက္လာမွာျဖစ္ပါတယ္။

 

 

(၄) ပိုက္ဆံအသံုးအစြဲစာရင္းလုုပ္ထားပါ


ပိုက္ဆံေတြကိုု သုံးခ်င္သလိုုသံုုး ဘယ္ေတြေရာက္လိုု႔ေရာက္မွန္းမသိ၊ ဘယ္ကဘယ္ေလာက္ဝင္မွန္းမသိ၊ဘယ္ေနရာက
အမ်ားဆံုထြက္ေနမွန္း မသိျဖစ္ေနတယ္ဆိုရင္ေတာ့ သင္အခုပဲစျပီး စနစ္တက်နဲ႔ ေငြစာရင္းကိုု ေသေသခ်ာခ်ာလုပ္သင့္
ပါျပီ။ ဒါမွသာ ဘယ္ေနရာက ပိုုက္ဆံအမ်ားဆံုးထြက္ေနတယ္ဆိုတာကို သိနိုုင္မွာျဖစ္ျပီး ဘယ္လိုမ်ိဳး အဲ့ဒိေငြကိုထိန္းခ်ဳပ္
ရမယ္ဆိုတာကို တြက္ခ်က္နုုိင္မွာျဖစ္ပါတယ္။

 

 

(၅) အေၾကြးမရွိပါေစနဲ႔


ပိုက္ဆံစုုျခင္း၊ရင္းႏွီးျမဳပ္ႏွံျခင္းေတြ မစမီမွာ သင့္အေနနဲ႔ပထမဆံုးလုပ္သင့္တာက တင္ေနတဲ့အေၾကြးေတြကိုအရင္ဆပ္
ဖို႔ပါ။ အေၾကြးေတြနဲ႔ ပတ္ခ်ာလည္ဝိုင္းေနရင္ ေရွ႕ကိုတက္ဖို႔ မလြယ္ပါဘူး။ အကယ္၍ အတိုးပါတက္ေနတယ္ဆိုရင္ပိုျပီး
စိုးရိမ္သင့္ပါတယ္။ ဒါ့ေၾကာင့္ အေၾကြးေတြ အရင္ရွင္းပါ။

 

 

(၆) စြန္႔စားရဲပါေစ


အသက္ငယ္ငယ္ေလးပဲ ရွိေသးရင္ အေၾကာက္တရားေတြ မပိုုပါေစနဲ႔။ စြန္႔စားရဲပါေစ။ ဒါေပမယ့္ ဘယ္အရာမဆိုု မ်က္လံုး
မွိတ္ျပီး ခုန္ခ်တာမ်ိဳးေတာ့ မလုုပ္ပါနဲ႔။ ေသခ်ာစံုစမ္းပါ။ ေက်နပ္ေလာက္ျပီဆိုရင္ စြန္႔စားလိုုက္ပါ။ ေအာင္ျမင္ခ်င္မွလည္း
ေအာင္ျမင္မယ္၊ ဒါေပမယ့္ အဲ့ဒိအေတြ႕အၾကံဳေတြကပဲ ေအာင္ျမင္မႈဆီကို တြဲေခၚသြားနုုိင္မွာပါ။

 

 

(၇) အေတြးေတြက်ယ္ျပန္႔ပါေစ


Warren Buffettေျပာသလိုပဲသင့္ၾကက္ဥေတြအားလံုးကို ျခင္းတစ္လံုးထဲမွာ မထည့္မိပါေစနဲ႔။ တစ္ေနရာထဲမွာ စုျပံဳျပီး
ရွိသမွွ်ရင္းနွီးတာထက္ မတူတဲ့အရာေတြမွာ ရင္းႏွီးျမဳပ္ႏွံနိုုင္ေအာင္ ၾကိဳးစားပါ။ Back Up Plansေတြထားပါ။ ဒါမွသာ
လဲက်တိုုင္း တစ္စံုတစ္ခုဆံုုးရႈံးသြားတိုင္း ျပန္ထနုုိင္မွာျဖစ္ပါတယ္။

 

Credit : မိုးရွင္း (I.M.T)

 

UNICODE

"အသက်၂၀နဲ့၃၀ကြားထဲမှာ ချမ်းသာလာဖို့လျှို့ဝှက်ချက် (၇) ခု"
ကျွန်တော်တို့အားလုံးချမ်းသာချင်ကြတယ်။ အထူးသဖြင့် ငယ်စဉ် ၂၀ နဲ့ ၃၀ကြားလောက်မှာ ချမ်းသာရင်တော့ အကောင်းဆုံးပေါ့။

ချမ်းသာဖို့ဆိုတာလည်း ဒီနေ့လုပ် ဒီနေ့ဖြစ်တဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ငယ်တုန်းမှာ ကြိုးစားတာပိုကောင်းပါတယ်။ အသက် ၂၀ကနေ ၃၀ ကြားမှာ ချမ်းသာချင်ရင်တော့ အောက်ပါအချက်လေးတွေကို လိုက်နာသင့်ပါတယ်။


(၁) နေ့ရွှေ့ညရွှေ့လုပ်နေခြင်းကို ရပ်တန်းကရပ်ပါ


ငယ်ရွယ်စဉ်မှာ လူတွေတွေးလေ့ရှိတာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ မနက်ဖြန်မှလုပ်မယ်၊ နောက်မှလုပ်မယ် ဆိုတာပါပဲ။

အချိန်တွေ အများကြီးရှိတယ်လို့ပဲ ယူဆနေပါလိမ့်မယ်။ အဲ့ဒိအချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာပြီးအသက်တွေ
ကြီးမှာ နောင်တရလာတတ်ကြပါတယ်။ တကယ်တော့ အဲ့ဒိမနက်ဖြန်ဆိုတဲ့ ဆင်ခြေကြီးကိုသာ ဖျောက်ပြီး အလုပ်လုပ်
ရင် အရင်ထက်အများကြီးတိုးတက်မှာ အသေအချာပါပဲ။ ဘဝမှာ စောစောစီးစီး ချမ်းသာချင်ရင် နောက်မှလုပ်မယ်ဆိုတဲ့
အကျင့်ကြီးကို ဖျောက်ဖျက်သင့်ပါပြီ။

 

(၂) ဖြတ်လမ်းမရှိဘူးဆိုတာ နားလည်ထားပါ


ဖြတ်လမ်းလိုက်နေခြင်းတွေကို ရပ်တန့်လိုက်ပါ။ အဖြေကရှင်းပါတယ်။ မိမိသုံးတာထက်ပိုအောင် ရှာပါ။ ပိုတာကို အကျိုး
ရှိစွာ ရင်းနှီးမြှုပ်နှံပါ။ ပိုနေတဲ့ပိုက်ဆံတွေ အမြဲများပြားလာအောင်လုပ်ပါ။ အသုံးအဖြုန်းကိုလျှော့ပါ။ ဖြတ်လမ်းမရှိဘူးဆို
တာကို လက်ခံပါ။ လွယ်လွယ်နဲ့ရတဲ့ ပိုက်ဆံဟာ လွယ်လွယ်နဲ့ပဲ ပြန်ကုန်တတ်ပါတယ်။


(၃) သင့်ဆီမှာ ရင်းနှီးမြုပ်နှံပါ


အခြားအရာတွေမှာ ရင်းနှီးမြုပ်နှံဖို့မစဉ်းစားခင် သင့်ဆီမှာ ပြန်ရင်းနှီးမြုပ်နှံပါ။ သင့်ဘဝတိုးတက်ဖို့ကြိုးစားရာမှာ သင်က
အရေးအကြီးဆုံးအရင်းအမြစ်ပါပဲ။ ပညာသင်ပါ။ လိုအပ်တဲ့သင်တန်းတွေတက်ပါ။ စာတွေအများကြီးဖတ်ပါ။ သင်ကအသိ
ပညာတွေ ပိုကြွဝလာလေလေ သင့်အတွက် အခွင့်အလမ်းတွေ ပိုပြီးများလာလေလေပါပဲ။ လစာတွေလည်းပိုကောင်းလာ
မှာ ဖြစ်ပြီး သင့်ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ပိုက်ဆံလည်း ပိုထွက်လာမှာဖြစ်ပါတယ်။

 

(၄) ပိုက်ဆံအသုံးအစွဲစာရင်းလုပ်ထားပါ


ပိုက်ဆံတွေကို သုံးချင်သလိုသုံး ဘယ်တွေရောက်လို့ရောက်မှန်းမသိ၊ ဘယ်ကဘယ်လောက်ဝင်မှန်းမသိ၊ဘယ်နေရာက
အများဆုံထွက်နေမှန်း မသိဖြစ်နေတယ်ဆိုရင်တော့ သင်အခုပဲစပြီး စနစ်တကျနဲ့ ငွေစာရင်းကို သေသေချာချာလုပ်သင့်
ပါပြီ။ ဒါမှသာ ဘယ်နေရာက ပိုက်ဆံအများဆုံးထွက်နေတယ်ဆိုတာကို သိနိုင်မှာဖြစ်ပြီး ဘယ်လိုမျိုး အဲ့ဒိငွေကိုထိန်းချုပ်
ရမယ်ဆိုတာကို တွက်ချက်နိုင်မှာဖြစ်ပါတယ်။

 

(၅) အကြွေးမရှိပါစေနဲ့


ပိုက်ဆံစုခြင်း၊ရင်းနှီးမြုပ်နှံခြင်းတွေ မစမီမှာ သင့်အနေနဲ့ပထမဆုံးလုပ်သင့်တာက တင်နေတဲ့အကြွေးတွေကိုအရင်ဆပ်
ဖို့ပါ။ အကြွေးတွေနဲ့ ပတ်ချာလည်ဝိုင်းနေရင် ရှေ့ကိုတက်ဖို့ မလွယ်ပါဘူး။ အကယ်၍ အတိုးပါတက်နေတယ်ဆိုရင်ပိုပြီး
စိုးရိမ်သင့်ပါတယ်။ ဒါ့ကြောင့် အကြွေးတွေ အရင်ရှင်းပါ။

 

(၆) စွန့်စားရဲပါစေ


အသက်ငယ်ငယ်လေးပဲ ရှိသေးရင် အကြောက်တရားတွေ မပိုပါစေနဲ့။ စွန့်စားရဲပါစေ။ ဒါပေမယ့် ဘယ်အရာမဆို မျက်လုံး
မှိတ်ပြီး ခုန်ချတာမျိုးတော့ မလုပ်ပါနဲ့။ သေချာစုံစမ်းပါ။ ကျေနပ်လောက်ပြီဆိုရင် စွန့်စားလိုက်ပါ။ အောင်မြင်ချင်မှလည်း
အောင်မြင်မယ်၊ ဒါပေမယ့် အဲ့ဒိအတွေ့အကြုံတွေကပဲ အောင်မြင်မှုဆီကို တွဲခေါ်သွားနိုင်မှာပါ။

 

(၇) အတွေးတွေကျယ်ပြန့်ပါစေ


Warren Buffettပြောသလိုပဲသင့်ကြက်ဥတွေအားလုံးကို ခြင်းတစ်လုံးထဲမှာ မထည့်မိပါစေနဲ့။ တစ်နေရာထဲမှာ စုပြုံပြီး
ရှိသမျှရင်းနှီးတာထက် မတူတဲ့အရာတွေမှာ ရင်းနှီးမြုပ်နှံနိုင်အောင် ကြိုးစားပါ။ Back Up Plansတွေထားပါ။ ဒါမှသာ
လဲကျတိုင်း တစ်စုံတစ်ခုဆုံးရှုံးသွားတိုင်း ပြန်ထနိုင်မှာဖြစ်ပါတယ်။

 

Credit : မိုးရှင်း (I.M.T)

 

 

Read times Last modified on Saturday, 02 November 2019 13:54
Rate this articles
(3 votes)