×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 21 June 2019

"သင့်ရဲ့ တစ်နေ့ တာ အတွက် တာဝန်တစ်ခုလို သက်မှတ်ပြီး လုပ်ဆောင်သင့်တဲ့ အချက်များ"

"သင့်ရဲ့ တစ်နေ့ တာ အတွက် တာဝန်တစ်ခုလို သက်မှတ်ပြီး လုပ်ဆောင်သင့်တဲ့ အချက်များ" pexels

၁။ ကြောက်စိတ်တွေကို ရင်ဆိုင်လိုက်ပါ။

ကြောက်စိတ်က လှောင်အိမ်တွေလိုပါပဲ။ တကယ်မရှိပေမယ့် သင့်ကိုချုပ်နှောင်ထားတယ်။ ကြောက်လို့ရှောင်လေ၊ အချိန်ဆွဲလေ ပိုကြောက်လေပါပဲ။ နောက်တစ်ခါ ကြောက်စိတ်ဝင်လာရင် သူ့ကိုအချိန်မပေးပါနဲ့။ ချက်ချင်းရင်ဆိုင်လိုက်ပါ။

 

၂။ ကိုယ့်ဝါသနာကိုလုပ်ပါ။
နေ့စဉ်ကိုယ်ဝါသနာပါတာကို လုပ်ဖို့အချိန်ကိုဖယ်ထားပြီး လုပ်ပါ။ သင့်မှာအချိန်ရှိပါတယ်။ လူတိုင်းမှာရှိတယ်၊ လုပ်ချင်စိတ်ပဲ မရှိတာ။

 

၃။ စွန့်စားပါ။
နေ့စဉ် Comfort Zone ထဲက နည်းနည်းလေးတော့ ထွက်ပါ။

 

၎။ မသိတာ မလုပ်ဖူးတာကို စမ်းလုပ်ကြည့်ပါ။
ကိုယ်မသိတာပေါ်သွားမှာ စိတ်မပူနေပါနဲ့။ အတွေ့အကြုံအသစ်တွေကို နေ့စဉ်ရအောင်ယူနေပါ။

 

၅။ နားထောင်ပါ။
သူများနဲ့ စကားပြောရင် သေသေချာချာနားထောင်ကြည့်ပါ။ သူများရဲ့ ခံစားချက် ခံယူချက်တွေကိုပါ နားလည်လာအောင် နားထောင်ကြည့်ပါ။ လူတိုင်းမှာ စိတ်ဝင်စား စရာကောင်းတဲ့ အကြောင်းတွေအများကြီးရှိပါတယ်။

 

၆။ ပြဿနာကိုဖြေရှင်းကြည့်ဖို့ကြိုးစားပါ။
လက်ရှိလူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ လို့စဉ်းစားကြည့်ပါ။ အဖြေပေါ်အောင် လုပ်ပါ။

 

၇။ ကိုယ့်ရဲ့အကြောင်းကို သူများတွေကိုပြောပြပါ။
အပေါ်ယံမဟုတ်ပဲ ကိုယ့်ရဲ့အတွင်းစိတ်တွေ၊ အားနည်းချက်တွေ၊ ကိုယ်ဖုန်းကွယ်ထားတာတွေကို သူများတွေကို ပြောပြကြည့်ပါ။ သူတို့ ဘယ်လိုတုံ့ပြန်လဲဆိုတာကို ကြည့်ပါ။

 

၈။ စိတ်ကူးယဉ်ပါ။
အသက်ဘယ်လောက်ဖြစ်ဖြစ် ငယ်ငယ်တုန်းကလိုပြန်လည်စိတ်ကူးယဉ်ကြည့်ပါ။

 

၉။ သင်ယူလေ့လာနေပါ။
နေ့စဉ် တစ်ခုခုကို သင်ယူလေ့လာနေပါ။

 

၁၀။ သနားပါ။
နေ့စဉ်သူများကို သနားကြင်နာပါ။

 

၁၁။ သူစိမ်းနဲ့ စကားပြောပါ။
နေ့စဉ် ကိုယ်နဲ့မသိတဲ့လူတစ်ယောက်နဲ့ စကားပြောဖို့ ကြိုးစားပါ။

 

၁၂။ ကူညီပါ။
နေ့စဉ်သူများကို ကူညီပါ။

 

၁၃။ ရိုးသားပါ။
နေ့စဉ်မိမိကိုယ်မိမိ ရိုးသားပါ။ သူများနဲ့လည်းရိုးသားပါ။

 

၁၄။ ရယ်မောပါ။
နေ့စဉ် ဟက်ဟက်ပက်ပက် ရယ်မောပါ။

 

၁၅။ မိမိအတိုင်းနေပါ။
သူများတွေနဲ့ မတိုင်းတာ၊ မနှိုင်းယှဉ်ပါနဲ့။ သူများတွေကို အတုမခိုးပါနဲ့။ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဖြစ်အောင်နေပါ။

သင့်တစ်နေ့တာမှာ ဒီထဲကလုပ်ရပ်တွေ အများကြီးကိုလုပ်နိုင်အောင် နေထိုင်သွားပါ။


Source ; Franklin Covey

သင့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်လို လျှင် sayar.com.mm မှာ ဆရာ၊ ဆရာမတွေရှိပါတယ်။

ဤလင့်ခ်http://bit.do/eVJYX  ကိုနှိပ်ပြီးဆရာ၊ ဆရာမတွေ ကိုရှာဖွေနိုင်ပါသည်။

Read times
Rate this articles
(0 votes)