×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 01 August 2017

Online education ကနေ သင်ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မှာလဲ။

Online education ကနေ သင်ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မှာလဲ။ google.com

နည်းပညာတွေဖွိ့ဖြိုးတိုးတက်လာတာနဲ့အမျှ online ကနေပညာသင်ယူနိုင်မည့် အခွင့်အရေးတွေကိုလည်း များပြားလာပါတယ်။ နိုင်ငံတကာမှာ ကျောင်းသွားတက်ချင်ပေမယ့်လည်း စရိတ်ကများတယ်၊ လက်ရှိလုပ်နေတဲ့ အလုပ်လည်းရှိသေးတယ်၊

ဒါမှမဟုတ် မြန်မာနိုင်ငံမှာပဲ ကျောင်းတက်နေရင်းနဲ့ တခြားဘွဲ့ ဒီဂရီတွေလည်း လိုချင်သေးတယ် ဆိုရင် online ကနေသင်ယူတာဟာ အဆင်ပြေဆုံးနဲ့ အကောင်းဆုံးနည်း လမ်းတစ်ခု ဖြစ်ပါတယ်။ online ကနေသင်ယူခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးတွေထဲက အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ဘာသာရပ်ပေါင်းများစွာကို ရွေးချယ်နိုင်ခြင်း။

ကျောင်းသားတွေလေ့လာချင်တဲ့ ဘယ်ဘာသာရပ်မဆို ဘယ်လိုဒီဂရီမျိုးပဲဖြစ်ဖြစ် တတ်ရောက်သင်ကြား နိုင်ပါတယ်။ အခြေခံအဆင့်ကနေ ဒေါက်တာဘွဲ့တွေရတဲ့အထိ လေ့လာသင်ယူနိုင်ပါတယ်။

 

၂။ ကုန်ကျစရိတ် သက်သာခြင်း။

လက်တွေ့ဘဝမှာ တက်နေရတဲ့ university, college တွေထက် ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကြိုက်တဲ့ဘာသာရပ်ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ Online ကနေသင်ယူတာဖြစ်တဲ့အတွက် သွားလာရတဲ့ အချိန်တွေ ခရီးစရိတ်တွေ မကုန်တော့ပါဘူး။ တချို့သင်ခန်းစာစာအုပ်တွေက အခမဲ့ပေးတာတွေလည်းရှိပါတယ်။

 

READ - ပညာသင်ဆုရရှိနိုင်မည့် အကောင်းဆုံးနည်းလမ်း (၅) ခု

 

၃။ ပိုပြီးသက်တောင့်သက်သာရှိတဲ့ သင်ကြားမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခြင်း။

အပြင်မှာ သွားရောက်သင်ကြားရတာမျိုး မဟုတ်တဲ့အတွက် အိမ်တွင်အဆင်ပြေစွာနဲ့ သက်တောင့် သက်သာရှိရှိ သင်ယူနိုင်ပါတယ်။ ကျောင်းသားတွေအတွက် လမ်းမှာကားပိတ်တဲ့အချိန်တွေ ၊ဒါမှမဟုတ် အလုပ်လုပ်နေတယ်ဆိုရင် ဆိုရင် သင်တန်းတွေသွားဖို့အတွက် အလုပ်ကနေအချိန်တွေ ဖဲ့ပေးနေစရာ မလိုတော့ပါဘူး။ အရေးကြီးတဲ့ မိသားစု တွေ့ဆုံမှုတွေကိုလည်း လွတ်သွားစရာမလိုတော့ပါဘူး။

 

၎။ သင်ယူရာတွင် အဆင်ပြေချောမွေ့မှုရှိခြင်း။

ကျောင်းသားတွေဟာသင်ကြားမှုတွေကို စိတ်ပါဝင်စားတဲ့အချိန် မနက်စောစောဖြစ်ဖြစ် ညဘက်ပဲဖြစ်ဖြစ် အချိန်မရွေးသင်ယူနိုင်ပါတယ်။ online ကနေသင်ယူတဲ့အတွက် စာသင်တဲ့ အချိန်ဇယားကို စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။ဒါဟာ အွန်လိုင်းကနေ သင်ကြားမှုမှသာရနိုင်တဲ့ အကျိုးကျေးဇူးတခုလဲဖြစ်ပါတယ်။

 

၅။ အာရုံစူးစိုက်မှုပိုမိုကောင်းမွန်လာခြင်း။

တချို့သောကျောင်းသားတွေဟာ မျက်နှာခြင်းဆိုင်ဆွေးနွေးမှုတွေကို ပြုလုပ်ဖို့ရှက်ရွံ့တတ်ကြပါတယ်။ အွန်လိုင်းကနေသင်ကြားတဲ့အတွက် ဆွေးနွေးချက်တွေ အကြံဥာဏ်တွေကို လွတ်လပ်စွာ မျှဝေနိုင်လာပါတယ်။ တခြားသော ကိုယ့်ကိုနှောင့်ယှက်နိုင်တဲ့ ကျောင်းသားတွေမရှိတဲ့အတွက် ပိုမိုအာရုံစိုက်ပြီး သင်ကြားနိုင်ပါတယ်။

 

READ - အင်္ဂလန်မှာ ကျောင်းလျှောက်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ။

 

၆။ အလုပ်လုပ်နေရင်းနှင့်ပညာသင်ယူနိုင်ခြင်း။

ဒီဂရီတခုကို ရယူဖို့အတွက် သင်လက်ရှိလုပ်နေတဲ့အလုပ်ကနေထွက်ဖို့ မလိုအပ်တော့ပါဘူး။ အလုပ်လုပ် နေရင်းနဲ့ ဘွဲ့ဒီဂရီတွေကို အွန်လိုင်းကနေတက်ရောက်သင်ကြားခြင်းဖြင့် ရယူနိုင်ပါပြီ။

 

၇။ သွားလာရတဲ့ခရီးကို လျှော့ချနိုင်ခြင်း။

ရာသီဥတုမကောင်းလို့ မုန်တိုင်းရှိလို့ အခြားသော အကြောင်းကြောင်းကြောင့် ကျောင်းမသွားနိုင်တဲ့အခါ သင့်ရဲ့သင်ခန်းစာတွေကို လွတ်သွားနိုင်ပါတယ်။ ဒါပေမယ့် အွန်လိုင်းကနေသင်ကြားမယ်ဆိုရင်တော့ ဒီပြဿနာတွေကို ကြုံရမှာမဟုတ်ပါဘူး။

 

၈။ သင့်ရဲ့နည်းပညာပိုင်းဆိုင်ရာစွမ်းရည်တွေ တိုးတက်လာခြင်း။

အရမ်းကိုအခြေခံကျတဲ့ သင်ရိုးညွှန်းတမ်းကို သင်ယူမယ်ဆိုရင်တောင် သင့်ရဲ့ ကွန်ပျုတာစွမ်းရည်ကို တိုးတက်စေပါတယ်။ သင့်ရဲ့ assigmments တွေ projects တွေလုပ်ဖို့အတွက် သင်အင်တာနက်ပေါ်ကနေ ကိုးကားချက်တွေ ရှာဖွေမှုတွေ လုပ်ရတယ်။ ဘာသာပြန်စွမ်းရည်တွေပါ တိုးတက်လာစေပါတယ်။

 

Source; oedb

Read times Last modified on Saturday, 28 December 2019 13:54
Rate this articles
(6 votes)