Articles

Wednesday, 02 August 2017

ကိုယ့်ကိုယ်ကို လိမ်ညာရင်းကျရှုံးမှု လမ်းမပေါ်လျှောက်နေမိပြီလား???

ကိုယ့်ကိုယ်ကို လိမ်ညာရင်းကျရှုံးမှု လမ်းမပေါ်လျှောက်နေမိပြီလား??? google.com

လူတွေဟာ တခါတလေမှာ အမှန်တရားကိုလက်ခံဖို့ မေ့လျော့နေတတ်ကြပါတယ်။

တခါတလေမှာလည်း ကိုယ့်ကိုယ်ကို လိမ်ညာရင်း မသိချင်ယောင်ဆောင်နေတတ်ကြတယ်။ ဒါတွေဟာ ဘဝခရီးလျှောက်လှမ်းရာ မှာ တိုးတက်ဖို့ အနှောင့်အယှက်ဖြစ်နေတတ်ပါတယ်။

မိမိတို့ဘဝ ဘယ်နေရာမှာ ရောက်နေလဲဆိုတာကို ပြန်လည်ဆန်းစစ်ပြီး

မိမိရဲ့ပန်းတိုင် မျှော်မှန်းထားတဲ့အရာက ဘာလဲဆိုတာ ကို အမြဲကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်နေရပါမယ်။

ကိုယ်ကိုယ်အသိဆုံးဆိုပေမယ့် တခါတလေမှာ ကိုယ့်ကိုယ်ကို လိမ်ညာမိတတ်ကြတဲ့ အတွေးတချို့ကိုလည်း ဆန်းစစ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

 

# ငါသည်သာ အရေးကြီးဆုံးလူတစ်ယောက်ဖြစ်သည်ဟု ထင်မိခြင်း။

သင်လုပ်ကိုင်နေသောအလုပ် ရောက်ရှိသောနေရာ သင့်ပတ်ဝန်းကျင်တွင် ကိုယ်ကသာ အရေးကြီးဆုံးဟု ထင်မြင်နေမိခြင်းကလည်း သင့်ဘဝကို ကျရှုံးစေမည့် အတွေးအခေါ်ထဲမှာ ပါဝင်တဲ့အချက်တစ်ချက်ပဲဖြစ် ပါတယ်။ သင်သည် အရေးပါတဲ့ နေရာမှာရှိနေတယ်ဆိုရင်တောင် သင်၏ လက်အောက်ငယ်သားများ၏ အကြံဥာဏ်ကို နားထောင်မပေးခြင်း၊ ကိုယ့်ကိုယ်ကို အတော်ဆုံးဟုထင်နေခြင်း ထိုသို့ဘဝင်လေဟပ် နေခြင်း ၊ တို့က လုပ်ငန်းခွင်တွင်ဖြစ်စေ လက်တွေ့ဘဝတွင်ဖြစ်စေ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ ဒါတွေဟာ သင့်ဘဝတိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

 

# ငါလုပ်နိုင်မှာမဟုတ်ပါဘူး ဟု ကိုယ့်ကိုယ်ကိုထင်မိခြင်း။

လူတိုင်းက ကိုယ်လုပ်လိုက်တဲ့အလုပ် မပြီးဆုံးမှာ မအောင်မြင်မှာကို စိုးရိမ်ပူပန်တတ်ကြပါတယ်။ စတောင် မစရသေးဘဲနဲ့ ငါလုပ်နိုင်မှာမဟုတ်ပါဘူး။ မဖြစ်နိုင်ပါဘူး လို့တွေးနေတာက သင့်ကိုအောင်မြင်မှု တိုးတက်မှုတို့နှင့်ဝေးရာကို တွန်းပို့လိုက်တဲ့အတွေးမှာလည်း ဖြစ်ပါတယ်။

 

READ -အောင်မြင်မှုနှင့် ပျော်ရွှင်မှုကို တစ်ပြိုင်တည်းပိုင်ဆိုင်လိုပါသလား။

 

# ရောက်ရှိလာသည့်အခွင့်အရေးကိုလည်း မိမိနှင့် မသင့်လျော်ဘူးဟု ထင်မိခြင်း

အခွင့်အရေးဆိုတာ ခဏခဏမလာပါဘူး။ ရောက်လာတဲ့အချိန်မှာ အမိအရဆုပ်ကိုင်ထားရမှာပါ။ ဒီအခွင့်အရေးက ငါနဲ့အဆင်ပြေပါ့မလား သင့်လျောမှာမဟုတ်ပါဘူး ဆိုပြီး ကိုယ့်ကိုယ်မလိမ်ညာသင့်ပါဘူး။ အခွင့်အရေးပေးတဲ့ အချိန်မှာ ငါလုပ်နိုင်တယ် ငါ့အတွက်ပဲဆိုပြီးတော့ စိတ်ကိုနှစ်ကာ ကြိုးစားမှသာ အောင်မြင်မှုကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

 

# ဒီနည်းကအဆင်ပြေမှာ မဟုတ်ဘူးဟု လိမ်ညာထင်မြင်မိခြင်း။

ဒီဟာတော့ အဆင်ပြေချင်မှ ပြေမှာ။ ဟာ… အဆင်ပြေမှာမဟုတ်ပါဘူး။ လူတိုင်းတော့ ပြောဖူးကြမှာပါ။ သင်အနည်းဆုံးတစ်ခေါက်လောက်စမ်းသပ်ကြည့်ပြီးမှ အဆင်ပြေနိုင်မပြေနိုင်ဆိုတာ သိမှာပါ။ အတွေးနဲ့ပဲ ဆောင်ရွက်နေမယ်ဆိုရင်တော့ တိုးတက်မှုလမ်းစကို သင်တွေ့ရှိနိုင်မှာမဟုတ်ပါဘူး။ အောင်မြင်နေတဲ့သူတွေမှာလည်း မအောင်မြင်ခင်စမ်းသပ်မှုအမျိုးမျိုး ကျရှုံးမှုအမျိုးမျိုးကို ကျော်ဖြတ်ပြီးမှ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်တာပါ။

 

Source ; Inc. Southeast Asia

Read 2064 times Last modified on Wednesday, 02 August 2017 14:01
Rate this articles
(6 votes)