×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 02 August 2017

ကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်း အင်တာနက်ကို ဘာကြောင့်သုံးနေရတာလဲ

ကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်း အင်တာနက်ကို ဘာကြောင့်သုံးနေရတာလဲ google.com

အင်တာနက်ဟုပြောလိုက်သည်နှင့် မရင်းနှီးတဲ့သူမရှိသလောက်ပါပဲ။ နေ့စဉ်ဘဝမှာ အမြဲတမ်းအသုံးပြုဖြစ် သည့် facebook , online game, email, website တွေ အသုံးပြုဖို့ဆိုရင် အင်တာနက်လိုအပ်ပါတယ်။

တချို့က အင်တာနက်ပေါ်မှာ အချိန်ဖြုန်းတယ် တချို့က အကျိုးရှိရှိအသုံးပြုကြတယ်။ အင်တာနက်ကို ဘာကြောင့်အသုံးပြုဖြစ်တာလဲ၊ အကျိုးရှိရှိဘယ်လိုအသုံးချမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) သတင်း အချက်အလက် မြန်မြန်နဲ့လွယ်လွယ်ရနိုင်လို့ အင်တာနက် အသုံးပြုမှု များပါတယ်။ လူမှုကွန်ရက်စနစ်တွေ ရှိနေခြင်း ပုံတွေ၊ သတင်းတွေ တွေ့နိုင်သလို မိမိခံစားချက်တွေ၊ ရေးသားပြော ဆိုချင်တာတွေတင်နိုင်၊ ဖြန့်နိုင်လို့ လူကြိုက်များပြီး လူမှုကွန်ရက်တွေကြောင့် အင်တာနက် အသုံးပြုမှုများကြပါတယ်။

 

(၂) ချိတ်ဆက်လုပ်ဆောင်နိုင်မှု အာကောင်းခြင်းက လူတွေဟာ အင်တာနက်ကို အားကိုးလာပါတယ်။ ထုတ်ပြန်ချက် တစ်ခုကို စာတိုက်ကနေပေးပို့ခြင်းက ရက်အနည်းငယ်ကြာနိုင်ပေမယ့် အဆိုပါထုတ်ပြန်ချက် ကို Chat Box ကဖြစ်စေ၊ Gmail ကနေ ဖြစ်စေချက်ချင်းပို့၊ ချက်ချင်းရောက်နိုင်ပြီး အခြားအခြားသော ချိတ်ဆက်လုပ်ဆောင် နိုင်မှုတွေနဲ့အတူ အင်တာနက်ဟာ လူကြိုက်များလာပါတယ်။ အင်တာနက်ဟာ File လို အရွယ်အစားကြီးပုံ၊ စာ၊ ရုပ်သံတွေကိုပေးပို့၊ တင်ပြ၊ ကြည့်ရှုနိုင်ပါတယ်။ လူအများမြင်အောင်လည်း တင်နိုင်သလို မိမိပေးပို့လိုတဲ့ တစ်ဦးတစ်ယောက်ဆီကိုပဲလည်း ပို့နိုင်၊ ပြနိုင်ပါတယ်။

 

(၃) အချိန်နဲ့ တစ်ပြေးညီ သိနိုင်မှုဟာလည်း အင်တာနက်ကို လူကြိုက်များလာစေပါတယ်။ အားကစားပွဲတွေကို ထုတ်လွှင့်မှုရှိတယ်၊ Live ကြည့်နိုင်တယ်၊ Facebook မှာ Live တင်နိုင်တယ်၊ စသဖြင့် အခုရိုက်၊ အခုကြည့်နိုင်တဲ့ အားသာချက်တွေဟာ အင်တာနက်မှာ ရှိပါတယ်။ YouTube မှာ ရုပ်သံတွေ ကြည့်နိုင်တယ်၊ ဂိမ်းကစားနိုင်တယ် ဒီလိုမျိုးဖျော်ဖြေမှု ပေးနိုင်ခြင်းကလည်း အင်တာနက်ရဲ့ လူကြိုက်များမှုတစ်ခုပါ။

READ -Online education ကနေ သင်ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မှာလဲ။

 

(၄) ငွေလွှဲပြောင်းခြင်းလို အရာတွေကနေ ငွေပေးချေခြင်း၊ ရယူခြင်းတွေကို ဘဏ်ထိအောင် သွားဖို့မလိုဘဲ အိမ်မှာတင် လုပ်ဆောင်နိုင်လာတယ်၊ သွားလာရချိန်တွေ၊ ပေးဆောင်ခ၊ လွှဲပြောင်းခတွေ သက်သာလာ တယ်။ ဒါ့အပြင် ဒီဇိုင်းဆွဲတာတွေ၊ အလွတ်တန်းအနေနဲ့ စာရေးသား တင်ပြတာတွေ၊ တိုင်ပင်ဆွေးနွေး ဟောပြောမှုတွေ၊ Software ပိုင်းလုပ်ငန်းတွေနဲ့အတူ အင်တာနက်နဲ့ချိတ်ဆက် အလုပ်တွေကို လုပ်နိုင်၊ ငွေရှာနိုင်လာလို့ အဆင်ပြေလာပါတယ်။

 

(၅) Marketing ဆိုတဲ့ ဈေးကွက် ရှာဖွေခြင်း လုပ်ငန်းကိုလည်း ငွေကြေး ကုန်ကျမှုမရှိဘဲ လုပ်ဆောင်နိုင်လာပါတယ်။ ဥပမာ Facebook Page တစ်ခုဖန်တီးပြီး မိမိကြော်ငြာလိုတဲ့ပစ္စည်း၊ ဝန်ဆောင်မှု၊ စသဖြင့်တွေကို အခမခဲ့ကြော်ငြာနိုင်လာပါတယ်။ ငွေကြေးနဲ့ ကြော်ငြာစေမှုတွေလည်း လုပ်ဆောင်နိုင်လာပါတယ်။ ကြော်ငြာခ ပေးချေရမှု နည်းပါး သက်သာတာလည်း တွေ့ရပါတယ်။

 

READ -သင့်ရဲ့ ဦးနှောက်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုနေပြီလား ?

 

(၆) နောက်ဆုံးအချက်ကတော့ ကလေးတွေအတွက် အချိန်ကုန်၊ လူပန်းသက်သာတဲ့ အွန်လိုင်း ပညာရေး စနစ်သင်ကြားလာနိုင်ခြင်းပါ။ ကျောင်းတက်စရာ၊ သွားစရာ မလိုတော့ဘဲ အွန်လိုင်းကနေ ပညာသင် နိုင်တယ်၊ ဘွဲ့ယူလာနိုင်ပါတယ်။ ရုပ်သံတွေနဲ့ စာတွေနဲ့ သေချာသင်ကြားပေးနေတဲ့ ပညာရေးဌာနတွေရှိပြီး စာမေးပွဲဖြေဆို အောင်မြင်စေပြီး ဘွဲ့၊ အောင်လက်မှတ် ပေးနေသူတွေ ရှိပါတယ်။လေ့လာချက်တွေ ကိုလည်း အွန်လိုင်းကနေ လုပ်နိုင်လာပါတယ်။ မိမိရဲ့ လေ့လာ ဖန်တီးမှုကိုလည်း ရုပ်သံနဲ့အတူ ရယူပြီးကလေးတွေအနေနဲ့ ပညာရေးမှာ အွန်လိုင်းကနေ ဖြစ်စေ၊ ကျောင်းတက်နေသည့်တိုင် ပိုမိုပြည့်စုံ ကောင်းမွန်အောင်ဖြစ်စေ တင်ပြနိုင်ပြီး အားနည်းချက်တွေ၊ ဝေဖန်အကြံပေးချက်တွေ ရနိုင်ပါတယ်။ အခြားသူတွေရဲ့ ဖန်တီးမှုတွေကိုလည်း လေ့လာနိုင်တယ်၊ ဝေဖန်အကြံ ပေးနိုင်လာပါတယ်။ ဒီလိုအားသာချက်တွေကို အင်တာနက်ကို အကျိုးရှိအောင် သုံးပြီးလေ့လာမှုတွေ လုပ်နိုင်မှာလည်း ဖြစ်ပါတယ်။

 

Source; internet journal

Read times Last modified on Monday, 30 December 2019 13:58
Rate this articles
(4 votes)