×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 05 July 2019

IELTS ပဲတက်ရမလား ? TOEFL ပဲ တက်ရမလား ?

IELTS ပဲတက်ရမလား ? TOEFL ပဲ တက်ရမလား ? pexels

ဆယ်တန်းပြီး နိုင်ငံခြားကျောင်းသွားတက်မှာမို့ IELTS နဲ့ TOEFL ဘယ်ဟာဖြေရမလဲ ဗျာများနေကြတုန်းပဲလား။

ဒါဆို အဖြူ အမဲသဲကွဲသွားအောင် Which is why ဆိုတာကို ဆက်ဖတ်ကြည့်နော်…. IELTS နဲ့ TOEFL စာမေးပွဲတွေဟာ English ဘာသာစကားကို မိခင်ဘာသာစကား အဖြစ် အသုံးမပြုတဲ့ သူတွေအတွက် ရည်ရွယ်ပြီး တစ်ကမ္ဘာလုံး စံအတိုင်းအတာအဖြစ်နဲ့ English ဘာသာစကား တတ်ကျွမ်းမှုစစ်ဆေးပေးတဲ့ စာမေးပွဲတွေဖြစ်ပါတယ်။

Exam နှစ်ခုလုံးကို နိုင်ငံခြားမှာ ပညာတော်သင်သွားဖို့နဲ့ အလုပ်လုပ်ဖို့အတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းကြောင်း ထောက်ခံချက်ပြတဲ့အနေနဲ့ ဖြေဆိုကြတာပဲ ဖြစ်ပါတယ်။


ခုကစပြီး IELTS နဲ့ TOEFL ဘာတွေကွာခြားလဲ ပြောပြပေးသွားပါမယ်။ ပြောပြပေးတဲ့ အခါ မြန်မာနိုင်ငံ ကျောင်းသားတွေအတွက် ရည်ရွယ်တာ ဆိုတော့ မြန်မာပြည်မှာခေတ်စားတဲ့ IELTS ဆို Pen And Paper Based Test နဲ့ TOEFL ဆို Internet Based Test (iBT) အကြောင်းပဲ ပြောပြပေးသွားပါမယ်။

✅ နာမည်အပြည့်အစုံ

IELTS - International English Language Testing System

TOEFL - Test of English as a Foreign Language

 

ပိုင်ဆိုင်သော အဖွဲ့အစည်း

IELTS – IDP Education, British Council, Cambridge Assessment English (ဗြိတိန်)

TOEFL - Educational Testing Service (အမေရိကန်)

 

စတင်ခဲ့သည့် နှစ်

IELTS – ၁၉၈ဝ

TOEFL - ၁၉၆၄

 

ဘယ်နိုင်ငံတွေက အသိအမှတ်ပြုလဲ?

IELTS ကို လက်ခံတဲ့ နိုင်ငံတွေကတော့ အမေရိကန် နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ် အဖွဲ့အစည်းပေါင်း ၃,ဝဝဝ ကျော် ဒါတင်လားဆိုတော့ သြစတြေးလျ ၊ ဗြိတိန် ၊ ကနေဒါ ၊ အိုင်ယာလန် နဲ့ နယူးဇီလန် အစရှိတဲ့ နိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ် အဖွဲ့အစည်းတွေက လည်း အသိအမှတ်ပြုကြပါတယ်။

TOEFL ကို အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်အားလုံးပေါင်းရဲ့ ၉၈% ပြီးတော့ ဒိတ်ဒိတ်ကြဲကြဲ အင်္ဂလန်နိုင်ငံ တက္ကသိုလ်တွေဖြစ်တဲ့ University of Birmingham ၊ University of Cambridge ၊ University of Oxford အစရှိတဲ့ တက္ကသိုလ်တွေအပြင် အခြား တက္ကသိုလ်ပေါင်း (၂၄) ခု ပါဝင်ပေါင်းစည်းထားတဲ့ The Elite Russell Group Universities တွေမှာ TOEFL အမှတ်ကို ၁ဝဝ% လက်ခံပါတယ်တဲ့။

ဒါ့အပြင် ကနေဒါနိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တွေရဲ့ ၈ဝ% ၊ သြစတြေးလျ နဲ့ နယူးဇီလန် နိုင်ငံတွေမှာ ရှိတဲ့ တက္ကသိုလ် တွေက ၁ဝဝ% အသိအမှတ်ပြုပါသေးတယ်။ ဖက်ရှင် ဒီဇိုင်နာတွေရဲ့ အိပ်မက် ပြင်သစ် နဲ့ စက်မှုပညာ ရှင်တွေရဲ့ သုခဘုံ ဂျာမနီနိုင်ငံတို့မှာ TOEFL စာမေးပွဲဟာ အဖြေအများဆုံးဖြစ်ပြီး အဲ့ဒီ နိုင်ငံတွေက တက္ကသိုလ်တွေကလည်း အခြား English Proficiency Test တွေထက် TOEFL ကို ပိုနှစ်တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်က TOEFL ကို ပျမ်းမျှအားဖြင့် အမေရိကန်နိုင်ငံတက္ကသိုလ် ၁ဝ ခု မှာ ၉ ခုက ပိုပြီး Prefer ဖြစ်ပါတယ်။

 

ဖြေဆိုနိုင်မယ့် ပုံစံများ

IELTS – Computer Delivered Test ၊ Pen And Paper Based Test

TOEFL – Internet Based Test (iBT) ၊ Paper-based Test (PBT)

 

✅ စာမေးပွဲကြေး

IELTS – ၂၇ဝ,ဝဝဝ ကျပ် (ဒေါ်လာဈေးအပေါ်မူတည်ပြီးအပြောင်းလဲရှိနိုင်သည်။)

TOEFL – $110-150 (ဒေါ်လာဈေးအပေါ်မူတည်ပြီးအပြောင်းလဲရှိနိုင်သည်။)

 

✅ စာမေးပွဲ စစ်ဆေးသည့် လများ

IELTS – တစ်နှစ်ပတ်လုံး

TOEFL – တစ်နှစ်ပတ်လုံး

 

✅ ရလာဒ် သတ်မှတ်ပုံ

IELTS – Band Score 0 -> 9

TOEFL – 0 -> 120 (iBT)

 

✅ စာမေးပွဲ ကြာချိန်

IELTS – ၃ နာရီခန့်

TOEFL – ၄ နာရီခန့်

 

✅ Reading

IELTS reading မှာ မိနစ် ၆ဝ ပေးထားပါတယ်။ Reading (IELTS Academic) မှာ တစ်ပိုင်း စီကို ခေါင်းစဉ် တစ်ခု နဲ့ အပိုင်း ၃ ပိုင်းပါ ရှိပါတယ်။

ခေါင်းစဉ် တွေက အနောက်ရောက်လာလေလေ ပိုခက်လာလေလေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ပညာရေးနဲ့ ပတ်သက်တဲ့ စာတွေ အထူးသဖြင့် သိပ္ပံ၊ သမိုင်း၊ လူမှုဗေဒ စတဲ့ ဘာသာရပ် ပိုင်းဆိုင်ရာတွေ နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တွေ ပါ ပါတယ်။

မေးခွန်းပုံစံကတော့ multiple choice, matching ,fill in the blanks, true(or)false , complete sentence , short answers အစရှိတာတွေပဲဖြစ်ပါတယ်။ Task 1 , Task 2, Task 3 အတွက်မေးခွန်းပေါင်း (၄ဝ) ရှိပါတယ်။ Reading (IELTS general) မှာလည်း တစ်ပိုင်း စီကို ခေါင်းစဉ် တစ်ခု နဲ့ အပိုင်း ၃ ပိုင်းပါ ရှိပါတယ်။ အနောက်ပိုင်းခေါင်းစဉ် တွေက အရှေ့ပိုင်း ခေါင်းစဉ်တွေ ထက် ပိုရှည်လျားပြီး ခက်ခဲ ပါတယ်။ ခေါင်းစဉ်တွေက ပုံမှန်အားဖြင့် ယေဘုယျကျ ပြီး လူတိုင်း ဆက်စပ်နိုင်တဲ့ ခေါင်းစဉ်မျိုးတွေ ဖြစ်ပါတယ်။ မေးခွန်းပုံစံကတော့ Academic အတိုင်းပဲဖြစ်ပါတယ်။

TOEFL – မိနစ် (၆ဝ - ၈ဝ) ၊ Academic အဆင့် စာပိုဒ် (၃ပုဒ် - ၄ ပုဒ်) ဖတ်ပြီး မေးခွန်းတွေ ဖြေပေးရမှာ ဖြစ်ပါတယ်။

 

✅ Writing

IELTS – မိနစ် (၆ဝ) အချိန်ရပါတယ်။ Task 1က မိနစ် (၂ဝ) ဖြစ်ပြီး Task 2 အတွက်ကတော့ မိနစ် (၄ဝ)ဖြစ်ပါတယ်။

Academic writing Task 1 မှာတော့ မေးခွန်းတွေအရ လေ့လာတွေ့ရှိချက် (သတင်းအချက်အလက်၊အကြောင်းအရာ) တစ်ခုခုကို စာရင်းဇယား၊ ဂရပ်ဖ်၊ ဘားဇယား၊ စက်ဝိုင်းဇယား တွေနဲ့ ပေးထားပြီး မောင်လေး၊ညီမလေးတို့ နားလည်သလို စာပိုဒ်တွေနဲ့ ပြန်ရေးပေးရမှာပါ။

Academic writing Task 2 မှာတော့ ကိုယ့် အမြင်နဲ့ ငြင်းခုန်မှု သို့မဟုတ် ပြသနာတစ်ခုခုကို essay အနေနဲ့ ရေးရမှာပါ။ General writing Task 1မှာတော့ information ကို request လုပ်တဲ့ပုံစံ ဒါမှမဟုတ် အခြေအနေ တစ်ခုခုကို ရှင်းပြတဲ့ပုံစံ letter ရေးရမှာပါ။ General Writing Task 2 မှာတော့ essay ရေးရမှာပါ။ Academic အတွက်ကော General အတွက်ကော Task 1 မှာစာလုံးရေ အနည်းဆုံး (၁၅ဝ) ရေးရမှာဖြစ်ပြီး Task 2 မှာ စာလုံးရေ အနည်းဆုံး (၂၅ဝ) ရေးရမှာဖြစ်ပါတယ်။

TOEFL - မိနစ် (၅ဝ) ၊ စာပိုဒ်ကို ဖတ်ပြီးရေးရတဲ့ Essay တစ်ပုဒ် နဲ့ နားထောင်ပြီး ပြန်ရေးရတဲ့ Essay တစ်ပုဒ် စီဖြေရမှာ ဖြစ်ပါတယ်။

 

✅ Listening

IELTS – မိနစ် (၃ဝ) အချိန်ရပါတယ်။ Listening test မှာတော့ လေယူလေသိမ်းမျိုးစုံကို အသုံးပြုပါတယ်။

ဒါကြောင့် Australian,British , New Zealand ,North American လေယူလေသိမ်းတွေကို နားထောင်ရမှာပါ။

Exam room ထဲမှာတော့ အသံကြိုပြီးဖမ်းထားတဲ့ cd ခွေနဲ့ဖွင့်ပြမှာဖြစ်ပြီးတော့ ကိုယ်နားထောင်ရတဲ့ pessage တွေကတဖြည်းဖြည်းနဲ့ ခက်ခဲလာမှာပါ။ Listening test ကိုတော့အပိုင်းလေးပိုင်း ပိုင်းထားပါတယ်။

 

၁။ Conversation between two people in an everyday context (လူနှစ်ယောက် နေ့စဉ် စကားပြောခန်းများ)

၂။ Speech (မိန့်ခွန်း)

၃။ Conversation between up to four people set in an educational or training context (ပညာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို လူ ၃ -၄ ဦးမှ တိုင်ပင် ဆွေးနွေးခြင်း)

၎။ Monologue on an academic subject (lecture၊ သင်ခန်းစာ တစ်ခုခုကို အသံ ဖွင့်ပြပြီး အဲဒီ အကြောင်းအရာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ ဖြေခိုင်းမှာပါ။ မေးခွန်းပုံစံတွေကတော့ multiple choice, fill in a form, complete a table, give short answers စသဖြင့် တွေ့ရမှာပါ။

 

TOEFL – မိနစ် (၆ဝ-၉ဝ) ၊ စာပေ အကြောင်းများ နှင့် လူအချင်းချင်းစကားပြော ဆွေနွေးချက်များ ကိုနားထောင်ရ၍ မေးခွန်း (၃၄ခု ကနေ ၅၁ခုကြား) ပြန်လည် ဖြေကြားပေးရမှာ ဖြစ်ပါတယ်။

 

✅ Speaking

IELTS – (15) မိနစ်ခန့် အချိန်ရပါတယ်။ Speaking test မှာလဲသုံးပိုင်းရှိပါတယ်။

၁။ Introduction and Interview မှာတော့ စာမေးပွဲစစ်တဲ့လူက သူ့ကိုယ်သူမိတ်ဆက်ပြီး မောင်လေးညီမလေးတို့ကိုလည်း ကိုယ့်ကိုယ်ကို မိတ်ဆက်ခိုင်းမှာပါ။ Interview မှာတော့ ကိုယ်၊ ကိုယ့်မိသာစု၊ အလုပ်နဲ့ ပတ်သက်တာတွေကို ဖြေရမှာပါ။

၂။ Individual long turn မှာတော့ ခေါင်းစဉ် တစ်ခုပေးထားမှာပါ။ ပြင်ဆင်ချိန် ၁ မိနစ်ရပြီး ၁ မိနစ်ကနေ ၂ မိနစ်ခန့် အဲ့ဒီ ခေါင်းစဉ်ကို ပြောရမှာ ဖြစ်ပါတယ်။ ပြောနေတဲ့ အချိန်မှာတော့ စာမေးပွဲစစ်တဲ့လူက မေးခွန်းဖြတ်မေးမှာ မပာုတ်ပါဘူး။ ဒါကြောင့် မေးခွန်းကို စောင့်နေစရာမလိုဘဲ

ဆက်တိုက်ပြောဖို့ လိုအပ်ပါတယ်။ ပြောပြီးမှသာ စာမေးပွဲစစ်တဲ့လူက ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခု နှစ်ခုမေးမှာပါ။

၃။Two-Way discussion မှာတော့ အရှေ့ က ပြောခဲ့တဲ့ ခေါင်းစဉ်နဲ့ ဆက်စပ်တာတွေကို မေးမှာဖြစ်ပါတယ်။

TOEFL - ကိုယ့်မိသားစုအကြောင်းလိုမျိုးတွေ ၊Reading နဲ့ Listening တုန်းက ဖြေခဲ့ရတာတွေရဲ့ အမြင်ကို ပြန်လည် ဆွေးနွေးရမှာဖြစ်ပြီး အချိန်ကတော့ မိနစ် (၂ဝ) ဖြစ်ပါတယ်။

 

✅ စာမေးပွဲ ရလာဒ်သိရှိရမည့် ကြာချိန်

IELTS – ဖြေပြီးသည့်နေ့မှစ၍ (၁၃) ရက်အကြာ

TOEFL iBT – ဖြေပြီးသည့်နေ့မှစ၍ ၁ ပတ် သို့မဟုတ် ၁ဝ ရက် အကြာ

 

✅ ဘယ်အမှတ် ဘယ်တက္ကသိုလ်

IELTS – Band score 6.5 နဲ့ 7.5 ကို နိုင်ငံတွင်းနေထိုင်ဖို့ နဲ့ တက္ကသိုလ် ဝင်ခွင့်အတွက် Average score အဖြစ်သတ်မှတ်ကြပေမဲ့ Band score 6.0 နဲ့လည်းတက်ရောက်နိုင်တဲ့ တက္ကသိုလ်တွေလည်းရှိပါတယ်။

TOEFL iBT – အမေရိကန်နိုင်ငံရဲ့ အသင့်အတင့်ကောင်းတဲ့ Bowling Green State University ကိုတက်ဖို့အတွက် TOEFL iBT ရမှတ် ၆၁ မှတ် အနည်းဆုံးရရှိရမှာ ဖြစ်ပြီး ၊ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် University of Oxford ကိုတက်ဖို့အတွက် TOEFL iBT ရမှတ် ၁၁ဝ ရရန်လိုအပ်ပါတယ်။

 

✅ ရမှတ် သက်တမ်းကုန်ဆုံးရက်

TOEFL ရော IELTS ရောရမှတ်တွေရဲ့ သက်တမ်းကို ၂ နှစ်အထိပဲ အတည်ယူပေးပါတယ်။ ၂ နှစ်ကျော်သွားလို့ ပြန်သုံးချင်ရင် စာမေးပွဲ ပြန်ဖြေရပါမယ်။ ဒါကြောင့် ကျောင်းသွားတက်ဖို့ ပြင်တဲ့သူတွေဟာ အခြား လိုအပ်တဲ့ စာမေးပွဲတွေ ပြီးမှ နောက်ဆုံးအနေနဲ့ ဒီ English စာမေးပွဲတွေကို ဖြေကြပါတယ်။

 

✅ IELTS နှင့် TOEFL iBT အမှတ်နှိုင်းယှဉ်ပုံ

နှိုင်းယှဉ်တဲ့အခါ လွယ်ကူအောင် IELTS ကို – I ၊ TOEFL iBT ကို – T အဖြစ် အတိုကောက် သတ်မှတ်လိုက်ပါ့မယ်။

English ကျွမ်းကျင်အဆင့် (I 9) (T 118-120)

English အလွန်ကောင်း (I 8 - 8.5) (T 110-117)

English ကောင်း (I 7 – 7.5) (T 94 - 109)

English အသင့်အတင့်ကောင်း (I 6 – 6.5) (T 60 - 93)

English အသုံးပြုနိုင် (I 5 – 5.5) (T 35 - 59)

English အနည်းငယ်သုံးနိုင် (I 4.5) (T 32 - 34)

English လုံးဝနီးပါး မတတ် (I 0 – 4) (T 0 - 31)

 

✅ ဘယ်ဟာကို ရွေးချယ်သင့်သလဲ?

ပထမပြောချင်တာက ကိုယ် ဘယ်တက္ကသိုလ်ကို တက်မှာလဲ ပြီးရင် ကိုယ်တက်မယ့် တက္ကသိုလ်က ဘယ်လက်မှတ်ကို တောင်းတာလဲ အဲ့ဒါကို အရင်ကြည့်ပါ။

သူတို့က IELTS ဒါမှမဟုတ် TOEFL လက်မှတ် နှစ်ခုထဲက တစ်ခုထဲကိုသာလက်ခံတယ်ဆိုရင်တော့ ကိုယ်အနေနဲ့ ရွေးချယ်စရာ မရှိဘူးပေါ့။

နောက်တစ်ခုက တက္ကသိုလ် လျှောက်တဲ့အခါလည်း တစ်ခုတည်း ရွေးလျှောက်ဖို့ မလွယ်လို့ ကိုယ်ရွေးထားတဲ့ တက္ကသိုလ် အများစု လက်ခံတဲ့ စာမေးပွဲကို ဖြေပါ။ အကယ်လို့ တက္ကသိုလ်က လက်မှတ်နှစ်ခုလုံး လက်ခံတယ်ဆိုရင်တော့ စဉ်းစားရမှာ ကိုယ်က American Accents နဲ့ British Accents ဘယ်ဟာ ကိုပိုအားသာလဲ ဆုံးဖြတ်ပါ။

သဘောက IELTS လို စာမေးပွဲမျိုးမှာ ကိုယ်က အမေရိကန် Accents နဲ့ သွားဖြေမယ်ဆိုရင် ထင်သလောက် အမှတ်ကောင်းမှာ မဟုတ်ပါဘူး။

ကဲ…ဒီလောက်ဆိုရင်တော့ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သူတွေ ကိုယ့်တက်မယ့် တက္ကသိုလ် နဲ့ ကိုယ် ဘယ်စာမေးပွဲကို ဖြေသင့်တယ်ဆိုတာ သိလောက်ပြီလို့ ယူဆပါတယ်။ အကယ်လို့ ဒီ ဆောင်ပါးလေး ဖတ်ပြီးတဲ့အချိန်မှာ အရင်က ကိုယ် ဇဝေဇဝါဖြစ်ခဲ့တဲ့ စာမေးပွဲတွေအကြောင်း ဂဂနဏ သိသွားခဲ့တယ်ဆိုရင် ကိုယ်သိသွားသလို အခြားကိုယ့်သူငယ်ချင်းတွေ သိအောင်လည်း ပြန်လည်မျှဝေပေးလိုက်ဦးနော်။

 

Credit : https://www.facebook.com/myanlearn/?ref=br_rs

အင်္ဂလိပ်ဘာသာ စကားသင်ကြားပေးသော ဆရာ၊ ဆရာမများကိုတစ်နေရာထဲမှာ လွယ်လွယ်ကူကူနဲ့ စုံစုံလင်လင်သိချင်ရင်တော့ 

ဤလင့်ခ် English ( Academics)   English ( Languages) လေးတွေကိုသာနှိပ်လိုက်ပါ။

Read times Last modified on Saturday, 06 July 2019 19:02
Rate this articles
(0 votes)