×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 25 July 2019

"လူတွေ တစ်ယောက်ကိုတစ်ယောက် ရှင်းပြရတဲ့ အကြာင်းရင်း (၆) ချက်"

"လူတွေ တစ်ယောက်ကိုတစ်ယောက် ရှင်းပြရတဲ့ အကြာင်းရင်း (၆) ချက်" pexels

(၁) အပြစ်လုပ်ထားမိတာကြောင့်


တခြားတစ်ယောက်အပေါ် အပြစ်လုပ်ထားမိတယ် ဆိုရင် ကိုယ့်စိတ်က မလုံမလဲဖြစ်ပြီး ရှင်းပြချင်လာပါလိမ့်မယ်။ “ဒါ့ကြောင့်သာ ဒီလိုလုပ်မိတာပါ” ဆိုပြီးတော့။ တချို့လူတွေကတော့ အဲဒီလို ရှင်းပြလိုက်ပြီးရင် သူတို့ကို နားလည်ပေးကြလိမ့်မယ်လို့ ထင်ကြတယ်။ အဲဒါကြောင့် ရှင်းပြဖို့ ကြိုးစားကြတာပါ။

 

(၂) အခြားတစ်စုံတစ်ယောက်ရဲ့အပြုအမူကို တားဆီးချင်တာကြောင့်
စကားဝိုင်းမှာ ကိုယ်နဲ့ စကားပြောနေတဲ့သူက ဘာတွေပြောလို့ပြောမှန်းမသိ၊ ကိုယ်သိထားတာတွေနဲ့လည်း တလွဲစီ၊ တခြားသူတွေကပါ အဲဒီအတွက် စိတ်ညစ်။ အဲလို အခြေအနေကို တားဆီးဖို့အတွက်လည်း လူတွေက ရှင်းပြဖို့ ကြိုးစားကြပါတယ်။ သူတို့သိထားတာဟာ အမှားတွေဖြစ်ကြောင်း တကယ့်အမှန်က ဒီလိုသာဖြစ်ကြောင်းကို ရှင်းပြချင်ကြတယ်။

 

(၃) အခြားတစ်ယောက်နဲ့ ဆက်ဆံရေးမပျက်စီးသွားချင်တာကြောင့်
ကိုယ့်ရဲ့အသိ၊ ဒါမှမဟုတ် သူငယ်ချင်း၊ ချစ်သူ တစ်ယောက်ယောက်နဲ့ ဆက်ဆံရေးမပျက်စီးသွားစေချင်တာကြောင့်လည်း လူတွေက ရှင်းပြဖို့ ကြိုးစားကြတယ်။ တစ်ခါတစ်လေကျရင် လူနှစ်ယောက်ကြားမှာ နားလည်မှုလွဲနေတာလေးတွေကို ရှင်းပြဖို့ တကယ်ပဲ လိုအပ်ပါတယ်။ နှစ်ဖက်စလုံးက နှုတ်ဆိတ်ပြီး နေလိုက်ကြရင် ဆက်ဆံရေးတစ်ခု ပျက်စီးသွားမှာဖြစ်လို့ လူတွေက ရှင်းပြဖို့ ကြိုးစားကြတာပါ။ ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ မြန်မာလူငယ်နှစ်ဦး ဥရောပတိုက်ထဲဝင်လာပြီ။

 

(၄) ဟန်ဆောင်ချင်တာကြောင့်
လူတွေ ရှင်းပြတယ်ဆိုတာ အမှန်တရားအတွက်၊ သိထားတာတစ်ခုအတွက် ရှင်းပြတာချည်းပဲ မဟုတ်ပါဘူး။ တချို့ကတော့ ဟန်ဆောင်ချင်ကြတဲ့အတွက် ရှင်းပြကြတယ်။ သူတို့စိတ်ထဲမှာ မလုံမလဲဖြစ်နေရင်၊ အမှားတစ်ခုခု လုပ်ထားရင် အဲဒါကို ဖုံးကွယ်ဖို့အတွက် ရှင်းပြဖို့ ကြိုးစားကြပါတယ်။ ရှင်းပြတယ်ဆိုတဲ့နေရာမှာလည်း သူတို့ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ခုကိုပြောပြတာဖြစ်ပြီး တကယ့်အဖြစ်မှန်ကို ရှင်းပြတာမျိုး မဟုတ်ပါဘူး။

 

(၅) ကြောက်လို့
တချို့လူတွေကတော့ ကြောက်စိတ်ကြောင့် ရှင်းပြကြတယ်။ သူတို့ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်၊ ဒါမှမဟုတ် သူတို့ရဲ့အမှတ်မထင် လုပ်လိုက်မိတဲ့ လုပ်ရပ်တစ်ခုကြောင့် သက်ရောက်မှု ကြီးကြီးမားမား ဖြစ်သွားမှာကို စိုးရိမ်ပြီး ရှင်းပြတတ်ကြတာပါ။ သူတို့ရဲ့ ရှင်းပြမှုကတော့ အစိုးရိမ်ကြီးမှုနဲ့ သက်ဆိုင်တယ်လို့ tinybuddha.com က ရေးသားဖော်ပြထားပါတယ်။


(၆) နားလည်စေချင်လို့
တချို့ကတော့ ကိုယ်သိထားသလို တခြားသူတွေလည်းသိဖို့၊ မျှဝေပေးတဲ့အနေနဲ့ ရှင်းပြတတ်ကြပါတယ်။ ဒါကို အသိပညာဝေမျှခြင်းလို့သုံးတတ်ကြပေမယ့် များသောအားဖြင့်တော့ တစ်ယောက်ကို တစ်ယောက် မသိတာလေးတွေ ရှင်းပြရင်းကပဲ အစပြုကြတာမျိုးပါ။ "ဦးနှောက် အပို နောက်ထပ် တစ်ခုရှိတယ်လို့ ထင်ရလောက်အောင် ဥာဏ်ကောင်းစေရန် ပြုလုပ်ရမည့် အလေ့အကျင့်များ"


Source : tinybuddha.com

sayar.com.mm

Read times
Rate this articles
(0 votes)