×

Warning

JUser: :_load: Unable to load user with ID: 723


Language

Print this page
Monday, 26 December 2016

ဘာသာစကားတစ်ခုကို ဘယ်လိုလေ့လာကြမလဲ

အသံထွက် ဂရုစိုက်ပါ။

- စကားလုံးတစ်ခုကို ဘယ်လိုအသံထွက်ရမလဲဆိုတာ နားလည်အောင်လုပ်ပါ။ အထူးသဖြင့် အတက်အကျများသော ဘာသာစကားများကို ပိုမိုဂရုစိုက်ပါ၊

သဒ္ဒါအထားအသို အလေးထားပါ။

- ဝေါဟာရစကားလုံးတစ်ခုစီ၏ အထားအသိုမှာ အရေးကြီးပါတယ်။

- စကားလုံးတစ်ခု သဒ္ဒါနည်းအရ မည်သို့အဓိပ္ပါယ်ထွက်သည်၊ မေးခွန်းများမည်သို့တည်ဆောက်သည်၊ အငြင်းဝါကျ၊ သဘောတူညီမှုဖော်ပြချက်များကို ပစ္စုပ္ပါန်၊ အနာဂါတ်၊ အတိတ် စသည်တို့အတွက် ဘယ်လိုအသုံးပြုသည်ကို လေ့လာပါ။

မှတ်မိအောင်ပြုလုပ်ခြင်း။

- အဓိကအသုံးများသော စကားလုံးများကို တစ်နေ့ စကားလုံး ၃၀နှင့် စကားစု ၃၀ ခန့် မှတ်မိအောင် ပြုလုပ်ပါ။ ထိုသို့မှတ်မိအောင် စာရွက်ပေါ်တွင် အကြိမ်ပေါင်းများစွာ ရေးချကျက်မှတ်ပါ။

လေ့ကျင့်ခြင်း။

- တယ်လီဗွီးရှင်း သို့မဟုတ် ရုပ်ရှင်ဇာတ်ကားများမှ စကားပြောဆိုပုံများကို နားထောင်ပြီး ၎င်းတို့ပြောသော စကားများကို ပြန်လည်ပြောဆိုလေ့ကျင့်ပါ။

ဖတ်ပါ

- ရိုးရိုးရှင်းရှင်းဖြင့်ရေးထားသော စာအုပ်များကို စတင်ဖတ်ပါ။ ထို့နောက် တဖြည်းဖြည်း ခက်သောစာအုပ်များကို တိုး၍ဖတ်ပါ။

- အဘိဓာန်ကို မကြည့်ဘဲ အချို့စကားလုံးများ၏ အဓိပ္ပါယ်ကို မိမိကိုယ်မိမိ ကြိုးစားအဖြေရှာဖွေရင်း ကြိုးစား၍ ဖတ်ကြည့်ပါ။

ပြောပါ။

- ဘာသာစကားတစ်ခုကိုသင်ကြားပြီး ပြန်လည်ပြောဆိုမကြည့်လျှင် အကျိုးမရှိပေ။

- မိမိအသံထွက် မှန်မှန်ကန်ကန် ထွက်ဆိုနိုင်ခြင်းမရှိသေးသည်ကို မရှက်ပါနှင့်။

- ထိုသို့အသံထွက်မှန်အောင် ပြောဆိုနိုင်ရန်မှာ အချိန်တခုလိုအပ်ပေသည်။

- အခြားသူများမှ မိမိအသံထွက်အမှားအမှန်ကို ပြောဆိုထောက်ပြလျှင်လည်း ရှက်စရာမဟုတ်ပါ။ ထိုသို့ဝေဖန်ထောက်ပြလေလေ မိမိအတွက် အကျိုးရှိလေပင်ဖြစ်သည်။

 ဘာသာစကားတစ်ခုကို မှန်မှန်ကန်ကန် လေ့ကျင့်နိုင်ရန်အတွက်  sayar.com.mm တွင် ရှိသော ဆရာ ၊ ဆရာမများနှင့် ဆက်သွယ်နိုင်ပါတယ်။

Read times Last modified on Friday, 27 December 2019 15:19
Rate this articles
(1 Vote)