×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 02 August 2019

"အင်္ဂလိပ်စာလေ့လာနေသူတွေအားလုံး အတွက် ဆောင်ရန် ရှောင်ရန် အချက် (၉) ချက်"

"အင်္ဂလိပ်စာလေ့လာနေသူတွေအားလုံး အတွက် ဆောင်ရန် ရှောင်ရန် အချက် (၉) ချက်" google.com

အင်္ဂလိပ်စာလေ့လာနေရင်းနဲ့ တခါတလေ ထင်သလောက်တိုးတက်မှုမရှိသည့်အခါ ဆက်ပြီးတော့လေ့လာ ချင်စိတ်မရှိလောက်အောင်ဖြစ်ဖူးပါလိမ့်မယ်။

ကိုယ်လေ့လာမှုအားနည်းနေတာ ဒါမှမဟုတ် လေ့လာတဲ့ နည်းစနစ်မှားယွင်းနေတာမျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ကိုယ်ကတတ်ချင်တဲ့ဆန္ဒအရမ်းပြင်းပြ နေတဲ့အခါမျိုးမှာ လောဘကြီးပြီး တွေ့သမျှစာတွေကို အကုန်ကျက်မှတ်နေတဲ့အခါ စာလဲမမှတ်မိ အချိန် တွေလည်း အကျိုးမရှိကုန်ဆုံးတာမျိုး ဖြစ်တတ်ပါတယ်။

ဒီလိုမျိုး မဖြစ်ရအောင် ရှောင်သင့်တဲ့အချက် လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) အချိန်ကိုအကျိုးရှိစွာအသုံးချပါ

လေ့လာချိန်ရဲ့ ၅ ရာခိုင်နှုန်းထက်ပိုပြီး သဒ္ဒါ၊ ဘာသာပြန်ခြင်းဖြင့် အချိန်ကုန်ဆုံးစေတာကို ရှောင်သင့် ပါတယ်။ ဘာသာစကားတစ်ခုကို တမင်လေ့လာနေတာမျိုးမဟုတ်ပဲနဲ့ မသိစိတ်ကနေ တဖြည်းဖြည်းစိမ့် ဝင်ပြီး အနည်ထိုင်စေတဲ့ ပုံစံမျိုးနဲ့ လေ့ကျင့်တာပိုကောင်းပါတယ်။

ဥပမာ ဂျပန်ကာတွန်းကားတွေ ကြည့်နေရင်း ဂျပန်ဘာသာစကားအချို့ကို မှတ်မိနေတာမျိုးပေါ့။ ဒါကြောင့် အင်္ဂလိပ်ရုပ်ရှင်ကြည့်တာမျိုး၊ သီချင်းနားထောင်တာမျိုး၊ ဝတ္ထု ပုံပြင်ဖတ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

 

(၂) ဝေါဟာရတွေချည်း ပဲ မလေ့လာပါနဲ့

ဝေါဟာရတွေကို စကားအဆက်အစပ် မရှိပဲ အလွတ်ကျက်မှတ်တတ်တာကို ရှောင်ကြဉ်သင့်ပါတယ်။

စကားလုံးတစ်လုံးမှာအဓိပ္ပါယ်တွေအများကြီးရှိလို့ နမူနာစာကြောင်းမပါဘဲ နဲ့သူ့ချည်းသက်သက်မှတ်တာ မျိုးဟာအချိန်ကုန် လူပန်းပါတယ်။ "မတူညီတဲ့ ဘာသာစကားနှစ်ခုကို တစ်ပြိုင်နက်ထဲ လေ့လာတဲ့အခါ လိုအပ်တဲ့ အချက် (၅) ချက်"

 

(၃) ပြန်အသုံးချပါ

ဘာသာစကားလေ့လာတယ်ဆိုတဲ့အခါ လေ့လာနေရုံနဲ့တော့ တိုးတက်မှုက သိသာလာမှာမဟုတ်ပါဘူး။ ပြန်အသုံးချဖို့လိုပါတယ်။

ပတ်ဝန်းကျင်ပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။ သင့်ကို စကားပြောဖို့ အခွင့်အရေးပေးတဲ့ ပတ်ဝန်းကျင်မှာနေပါ။ အမှားအယွင်းကိုအားမပေးတဲ့ ပတ်ဝန်းကျင်မျိုးကို ရှောင်ပါ။

 

(၄) တစိုက်မတ်မတ် လေ့လာပါ

လေ့လာတဲ့အခါမှာ အချိန်တွေအကြာကြီးလေ့လာလိုက် ပြီးရင် မလေ့လာပဲပြစ်ထားလိုက် နောက်မေ့သွားလောက်မှ ပြန်လေ့လာလိုက် အဲ့လိုမျိုးအကျင့်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

ဒါက အင်္ဂလိပ်စာလေ့လာမှ မဟုတ်ပါဘူး… ဘယ်ဘာသာရပ်တွေကိုပဲ လေ့လာလေ့လာ မလုပ်ဆောင်သင့်တဲ့ အချက်ပါပဲ။ အချိန်တွေအများကြီးပေးပြီး လေ့လာစရာမလိုပါဘူး။

ပုံမှန်တစ်ရက်ကို တစ်နာရီလောက်ပေးရင် လုံလောက်ပါတယ်။ "ဂစ်တာတီး စသင်နေတဲ့ သူတွေအတွက် အကြံပြုချက် (၇) ချက်"

 

(၅) ခဏလေးနဲ့ စကားပြောတတ်ဖို့ ဆန္ဒမစောပါနဲ့

လေ့လာသူအများစုရဲ့မူလပန်းတိုင်က အင်္ဂလိပ်စကားပြောတတ်ဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုယ်ရဲ့ ဦးနှောက်ထဲ ထည့်သွင်းထားတဲ့ ဝေါဟာရတွေ၊ စကားစုတွေကို စကားအဖြစ် ပြန်ထုတ်နိုင်ဖို့ အချိန်အတိုင်း အတာတစ်ခုအထိ ယူရပါတယ်။ ဦးနှောက်ထဲမှာ Input လုံလုံလောက်လောက်မရှိသေးဘဲနဲ့ output ပြန်ထုတ်ဖို့ဆိုတာ ခက်မှာပါ။


(၆) ကိုယ့်အတွက် ခက်ခဲလွန်းသော အကြောင်းအရာ သို့မဟုတ် ကိုယ်စိတ်မ၀င်စားသော အကြောင်းအရာ များတွင် အချိန်မဖြုန်းပါနဲ့

နိုင်ငံခြားဘာသာစကားတစ်ခုလေ့လာရာမှာ Motivation သိလိုတတ်လိုစိတ် တက်ကြွနေတဲ့အခါ အောင်မြင်မှု လည်း ကြီးမားပါတယ်။

စိတ်မ၀င်စားတဲ့အရာကို လုပ်ရတာဟာ ကြီးမားတဲ့ fatigue ဖြစ်ပေမယ့် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ ရေးထားတဲ့စာဖတ်ရရင် အချိန်ကုန်လို့ ကုန်မှန်းတောင် သိမှာမဟုတ်ပါဘူး။

ဒီတော့ စိတ်မ၀င်စားတာကို မဖတ်နဲ့။ အရမ်းခက်တာကို မဖတ်နဲ့။


(၇) ပုံနှိပ်စာလုံးတွေပေါ်မှာ အလွန်အကျွံအားမထားပါနဲ့

တတ်နိုင်သမျှ အခြေအနေပေးတဲ့အခါတိုင်း မဖတ်ခင် အရင်နားထောင်နိုင်ဖို့ ကြိုးစားပါ။ အသံကို နားထောင်ပြီး စာသားပါ လိုက်ဖတ်နိုင်တဲ့ အင်တာနက်ဆိုဒ်တွေ အများကြီး ရှိနေပါတယ်။
ပုံနှိပ်စာလုံးက စာလုံးပေါင်းကိုပဲ သိနိုင်ပါတယ်။

နားထောင်ခြင်းကတော့ အသံထွက်၊ အဖြတ်အတောက်၊ လေယူလေသိမ်း စတာတွေကို သိနိုင်ပါတယ်။

 

(၈) အဖတ်မှာပဲဖြစ်ဖြစ် နားထောင်ရာမှာပဲဖြစ်ဖြစ် မသိတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို ချက်ခြင်းမရှာပါနဲ့

Comprehension ဆိုရာမှာ စာတစ်လုံးချင်းအဓိပ္ပယ်၊ စာတစ်ကြောင်းချင်းရဲ့ အဓိပ္ပာယ်ထက် စာတစ်ပိုဒ် သို့မဟုတ် ကဏ္ဍတစ်ပိုင်းကို ခြုံငုံနားလည်ခြင်းက ပိုလိုအပ်ပါတယ်။
တစ်ချို့စကားလုံးတွေဟာ စာပိုဒ်ရဲ့ဆိုလိုရင်းကို သိဖို့ သိပ်အထောက်အကူမပြုဘူးဆိုရင် ရှာမကြည့်ဘဲ ကျော်သင့်က ကျော်သွားရမှာ ဖြစ်ပါတယ်။

 

(၉) နှစ်သက်ပျော်ရွှင်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့

စာတွေချည်းပဲ အရမ်းလေ့လာ၊ သိပ်ပြီးအလေးအနက်ထားလွန်းတဲ့အခါ လူမှုရေးအားနည်းသွားတတ်ပါတယ်။

ဘာသာစကားဆိုတာ လူမှုဆက်ဆံရေးနဲ့ တိုက်ရိုက်ပတ်သက်နေတော့ ပျော်ပျော်ရွှင်ရွှင် လေ့လာသွားနိုင်ဖို့ အရေးကြီးပါတယ်။ "ကမာၻတလႊား လူသုံးအမ် ားဆုံး ဘာသာစကား ၉ မ်ိဳး"

 

sayar.com.mm

 

Read times Last modified on Friday, 02 August 2019 13:40
Rate this articles
(1 Vote)