×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 02 August 2019

"တစ္ေန႔တာသင္ယူမိသမွ် မွတ္မိေနဖို႔ ဘယ္လိုလုပ္ၾကမလဲ"

"တစ္ေန႔တာသင္ယူမိသမွ် မွတ္မိေနဖို႔ ဘယ္လိုလုပ္ၾကမလဲ" pexels

ကိုယ္ေတြအားလံုးမွာေတာ့ရွိခ်င္မွရွိေပမယ့္ လူေတာ္ေတာ္မ်ားမ်ားလုပ္ေလ့လုပ္ထရွိတဲ့အက်င့္ေလးက ကိုယ့္ဘဝရဲ႕တစ္ေန႔တာမွာျဖစ္ပ်က္သမွ်ေတြကို အခ်ိန္နည္းနည္းေပးၿပီးေရးထားတာမ်ိုးပါ။

အဲဒီလိုေရးတဲ့အရာေတြထဲမွာ ကိုယ္ေတြရဲ႕ခံစားခ်က္ေတြေရာ ၊ ဘာေတြကို ေက်းဇူးတင္မိတယ္ေတြ ၊ ဘယ္လိုျပႆနာေတြႀကံဳတယ္ေတြ အမ်ိဳးမ်ိဳးပါတတ္တယ္။

သင့္မွာဒီလိုေရးတတ္တဲ့အက်င့္ေလးရွိမယ္ဆိုရင္ ကိုယ္တစ္ေန႔တာလံုးသင္ယူထားတာ ၊ ေလ့လာထားတာေတြကိုပါ ထည့္ေရးတတ္ေအာင္ေလ့က်င့္ၾကည့္လိုက္ပါ။

ဘာလို႔လဲဆိုေတာ့ ေသေသခ်ာခ်ာျပန္စဥ္းစားၾကည့္ရင္ ကိုယ္ေတြကေန႔တိုင္းလိုလို အသစ္အသစ္ေတြကို သင္ယူေနၾကတာပါ။

သတိထားၿပီးမေနတတ္ဘဲ ဘဝကိုေနေနက်အတိုင္း ျဖတ္သန္းေနလို႔သာ ဘာေတြသင္ယူမိတယ္ဆိုတာကို မသိတာလို႔ေျပာလို႔ရတယ္။ ေန႔တိုင္းႀကံဳေတြ႕ေနတဲ့အေတြ႕အႀကံဳေတြက သင္ခန္းစာအသစ္ေတြကို ေပးစြမ္းေနတာပါ။

တကယ္လို႔ ဒီသင္ခန္းစာေတြကို မွတ္မိေနႏိုင္မယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္တိုးတက္ေအာင္ အဘက္ဘက္ကေနလုပ္ေဆာင္ႏိုင္တယ္လို႔ ထင္ပါတယ္။

 

တစ္ေန႔တာလံုးမွာ ကိုယ္ဘာကိုသင္ယူခဲ့တယ္ဆိုတာကို မွတ္မိႏိုင္ဖို႔အတြက္ အရင္ဆံုး “ငါဒီေန႔ဘာေတြသင္ယူခဲ့လဲ”လို႔ ကိုယ့္ကိုယ္ကိုယ္ေမးခြန္းျပန္ထုတ္ဖို႔လိုပါတယ္။

အေမးမရွိဘူးဆိုရင္ အေျဖလည္းမရွိႏိုင္ဘူးေလ။ အမွန္အတုိင္းေျပာရရင္ ကိုယ္တစ္ေန႔တာလံုးမွာသင္ယူမိတယ္လို႔ ယူဆလိုက္တဲ့အရာေတာ္ေတာ္မ်ားမ်ားက ကိုယ္သိၿပီးသားအရာေတြပဲျဖစ္တာမ်ားတယ္။

ဒါေပမယ့္စိတ္ထဲကေနအလိုလုိသိေနတဲ့အရာေတာင္မွာ လွ်ာဖ်ားထိပ္မွာရွိေနတဲ့ အဂၤလိပ္စာလံုးလိုပဲ မမွတ္မိတာမ်ားတယ္ေလ ၊ မဟုတ္ဘူးလား။

ဒါေၾကာင့္ ငါဒီေန႔ဘာသင္ခဲ့လဲဆိုၿပီး ေမးခြန္းထုတ္လိုက္ ၊ ထြက္လာတဲ့အေျဖေတြကို ကိုယ့္ရဲ႕မွတ္စုစာအုပ္ထဲမွာ ပံုမွန္ေလးမွတ္ထားသင့္တယ္။

ဒီလိုမွတ္ထားရင္လည္း ေမ့မွာပဲလို႔ေတာ့ ထင္ရင္ထင္ရပါတယ္။ ဒါေပမယ့္ မ်က္စိေရွ႕မွာေရးမွတ္ထားတဲ့စာလံုးေတြကို အၿမဲျမင္ေနရရင္ ေမ့သြားရင္ေတာင္မွ သတိရလြယ္ပါတယ္။

ဒါ့အျပင္ စိတ္ထဲမွာပဲမွတ္ထားတာထက္ စာအုပ္နဲ႔မွတ္တာကပိုၿပီးေတာ့ စိတ္ခ်ရတယ္။

 

စိတ္နဲ႔မွတ္ထားတဲ့အရာတိုင္းကို မေမ့မေပ်ာက္ဘူးဆိုရင္ စာအုပ္စာေပဆိုတာလည္း ေလာကႀကီးမွာရွိလာစရာအေၾကာင္းမရွိပါဘူး။

လက္ေရးနဲ႔မွတ္သားထားရင္ လိုေနခ်ိန္မွာအလြယ္တကူျပန္ၾကည့္လို႔ရမယ္။ ဒါေၾကာင့္ ျပန္ၿပီးေတာ့အသံုးခ်ရတာ အဆင္ေျပမယ္။

ငါဒီေန႔ဘာသင္ယူခဲ့လဲဆိုတဲ့ေခါင္းစဥ္နဲ႔ ေန႔တုိင္းမွတ္စုစာအုပ္ထဲေရးမွတ္ထားတက ကိုယ္ဘာေတြအမွန္တကယ္သင္ယူေနလဲဆိုတာကိုပါ သတိထားမိေစၿပီး ကိုယ္သိၿပီးသားအရာေတြကိုတန္ဖိုးထားတတ္ေအာင္လည္း သင္ၾကားေပးပါတယ္။

 

 Source: Akhayar

>>>> Unicide ဖြင့်ဖတ်ရန် <<<<

ကိုယ်တွေအားလုံးမှာတော့ရှိချင်မှရှိပေမယ့် လူတော်တော်များများလုပ်လေ့လုပ်ထရှိတဲ့အကျင့်လေးက ကိုယ့်ဘဝရဲ့တစ်နေ့တာမှာဖြစ်ပျက်သမျှတွေကို အချိန်နည်းနည်းပေးပြီးရေးထားတာမျိုးပါ။

အဲဒီလိုရေးတဲ့အရာတွေထဲမှာ ကိုယ်တွေရဲ့ခံစားချက်တွေရော ၊ ဘာတွေကို ကျေးဇူးတင်မိတယ်တွေ ၊ ဘယ်လိုပြဿနာတွေကြုံတယ်တွေ အမျိုးမျိုးပါတတ်တယ်။

သင့်မှာဒီလိုရေးတတ်တဲ့အကျင့်လေးရှိမယ်ဆိုရင် ကိုယ်တစ်နေ့တာလုံးသင်ယူထားတာ ၊ လေ့လာထားတာတွေကိုပါ ထည့်ရေးတတ်အောင်လေ့ကျင့်ကြည့်လိုက်ပါ။

ဘာလို့လဲဆိုတော့ သေသေချာချာပြန်စဉ်းစားကြည့်ရင် ကိုယ်တွေကနေ့တိုင်းလိုလို အသစ်အသစ်တွေကို သင်ယူနေကြတာပါ။

သတိထားပြီးမနေတတ်ဘဲ ဘဝကိုနေနေကျအတိုင်း ဖြတ်သန်းနေလို့သာ ဘာတွေသင်ယူမိတယ်ဆိုတာကို မသိတာလို့ပြောလို့ရတယ်။ နေ့တိုင်းကြုံတွေ့နေတဲ့အတွေ့အကြုံတွေက သင်ခန်းစာအသစ်တွေကို ပေးစွမ်းနေတာပါ။

တကယ်လို့ ဒီသင်ခန်းစာတွေကို မှတ်မိနေနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် အဘက်ဘက်ကနေလုပ်ဆောင်နိုင်တယ်လို့ ထင်ပါတယ်။

တစ်နေ့တာလုံးမှာ ကိုယ်ဘာကိုသင်ယူခဲ့တယ်ဆိုတာကို မှတ်မိနိုင်ဖို့အတွက် အရင်ဆုံး “ငါဒီနေ့ဘာတွေသင်ယူခဲ့လဲ”လို့ ကိုယ့်ကိုယ်ကိုယ်မေးခွန်းပြန်ထုတ်ဖို့လိုပါတယ်။

အမေးမရှိဘူးဆိုရင် အဖြေလည်းမရှိနိုင်ဘူးလေ။ အမှန်အတိုင်းပြောရရင် ကိုယ်တစ်နေ့တာလုံးမှာသင်ယူမိတယ်လို့ ယူဆလိုက်တဲ့အရာတော်တော်များများက ကိုယ်သိပြီးသားအရာတွေပဲဖြစ်တာများတယ်။

ဒါပေမယ့်စိတ်ထဲကနေအလိုလိုသိနေတဲ့အရာတောင်မှာ လျှာဖျားထိပ်မှာရှိနေတဲ့ အင်္ဂလိပ်စာလုံးလိုပဲ မမှတ်မိတာများတယ်လေ ၊ မဟုတ်ဘူးလား။

ဒါကြောင့် ငါဒီနေ့ဘာသင်ခဲ့လဲဆိုပြီး မေးခွန်းထုတ်လိုက် ၊ ထွက်လာတဲ့အဖြေတွေကို ကိုယ့်ရဲ့မှတ်စုစာအုပ်ထဲမှာ ပုံမှန်လေးမှတ်ထားသင့်တယ်။

ဒီလိုမှတ်ထားရင်လည်း မေ့မှာပဲလို့တော့ ထင်ရင်ထင်ရပါတယ်။ ဒါပေမယ့် မျက်စိရှေ့မှာရေးမှတ်ထားတဲ့စာလုံးတွေကို အမြဲမြင်နေရရင် မေ့သွားရင်တောင်မှ သတိရလွယ်ပါတယ်။

ဒါ့အပြင် စိတ်ထဲမှာပဲမှတ်ထားတာထက် စာအုပ်နဲ့မှတ်တာကပိုပြီးတော့ စိတ်ချရတယ်။

စိတ်နဲ့မှတ်ထားတဲ့အရာတိုင်းကို မမေ့မပျောက်ဘူးဆိုရင် စာအုပ်စာပေဆိုတာလည်း လောကကြီးမှာရှိလာစရာအကြောင်းမရှိပါဘူး။

လက်ရေးနဲ့မှတ်သားထားရင် လိုနေချိန်မှာအလွယ်တကူပြန်ကြည့်လို့ရမယ်။ ဒါကြောင့် ပြန်ပြီးတော့အသုံးချရတာ အဆင်ပြေမယ်။

ငါဒီနေ့ဘာသင်ယူခဲ့လဲဆိုတဲ့ခေါင်းစဉ်နဲ့ နေ့တိုင်းမှတ်စုစာအုပ်ထဲရေးမှတ်ထားတက ကိုယ်ဘာတွေအမှန်တကယ်သင်ယူနေလဲဆိုတာကိုပါ သတိထားမိစေပြီး ကိုယ်သိပြီးသားအရာတွေကိုတန်ဖိုးထားတတ်အောင်လည်း သင်ကြားပေးပါတယ်။

 

Source: Akhayar

sayar.com.mm

Read times Last modified on Thursday, 12 September 2019 17:45
Rate this articles
(2 votes)