×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 15 August 2019

"သင့် ဘဝမှာ မသေခင် ပြုလုပ်သွားသင့်သောအကြောင်းအရာများ"

"သင့် ဘဝမှာ မသေခင် ပြုလုပ်သွားသင့်သောအကြောင်းအရာများ" google.com

ဘဝမှာ အနည်းဆုံးတော့ အောက်ပါအချက်လေးတွေကို တစ်ခေါက်လောက်ဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

တချို့ အကြောင်းအရာတွေက သင်ပြုလုပ်ပြီးသား အကြောင်းအရာတွေ ပါနေသလို တချို့ကတော့ သင်လုံးဝပြုလုပ်ဖူးမှာ မဟုတ်ပါဘူး။

သင်နဲ့အနီးဆုံးမှာ ရှိနေပေမယ့် သင်မပြုလုပ်သေးရတဲ့ အကြောင်းအရာတွေ အများကြီးပါ။

ဒါကြောင့် ဒီအချက်တွေကို လုပ်ဖြစ်အောင်လုပ်ကြည့်ပါ…………………..


၁။ မြန်မာမှန်ရင် ပုဂံ ရောက်ဖူးရမယ်ဆိုတဲ့ စကားပုံအတိုင်း ပုဂံကိုသွားဖြစ်အောင်သွားပါ။
၂။ ယဉ်ကျေးမှု မတူတဲ့ နိုင်ငံ နှစ်ခုမှာ နေဖူးအောင်နေပါ။
၃။ Rubik’s cube ဆိုတဲ့ကစားနည်းကို ရအောင်ကစားပါ။

Rubiks Cube Collection 4316806619


၎။ မိခင်ဘာသာ စကားအပြင် အနည်းဆုံး နောက်ထပ်ဘာသာစကားတစ်ခုကိုလေ့လာဖြစ်အောင် လေ့လာပါ။
၅။ လင်းပိုင်လေးတွေနဲ့ ရေကူးကြည့်ပါ။
၆။ ဘဝမှာ အနည်းဆုံး တစ်ခေါက်လောက်တော့ အရက် မဟုတ် ဘီယာ သောက်ဖြစ်အောင်သောက်ကြည့်ပါ။
၇။ Bungee Jump ဆိုတဲ့ ခန္ဓာကိုယ် ကို ကြိုးဖြင့် ချည်ပြီးအမြင့် ကနေ ခုန်ချရတဲ့ ကစားနည်းကို ကစားကြည့်ပါ။

"SMS ပို့တဲ့အခါ အထောက်အကူဖြစ်စေမည့် English စကားလုံးအသုံးအနှုန်းများ"

Bungee Jumping in Pokhara Adventure sports Nepal


၈။ ဆာဖာရီ ဥယျာဉ်ကို သွားဖြစ်အောင်သွားပါ။
၉။ ရေလွှာလှိုင်းစီး ကစားနည်းကိုသင်ပါ။
၁၀။ လေယာဉ်ပျံစီးဖူးအောင် စီးပါ။
၁၁။ လူအများအလည်မှာ မိန့် ခွန်း တစ်ခါလောက်ပြောဖြစ်အောင်ပြောပါ။
၁၂။ သင့်ရဲ့ခန္ဓာကိုယ် ကို ဘဝမှာ တစ်ခါပဲဖြစ်ဖြစ် အလှပဆုံး အနေအထားဖြစ်အောင်ထိန်းသိမ်းပါ။
၁၃။ မာရသွန် ပြေးကြည့်ပါ။
၁၄။ တာရှည်စက်ဘီး စီးခြင်းပြုလုပ်ကြည့်ပါ။

ဘယ်အသက်အရွယ် ရောက်ရောက် မရပ်တန့်သင့်တဲ့ အလုပ် (၈)မျိုး ..!

၁၅။ မိုးပျံ ပူပေါင်းစီးဖြစ်အောင်စီးကြည့်ပါ။
၁၆။ မော်တော်ဆိုင်ကယ်စီးခြင်း ပြုလုပ်ပါ။
၁၇။ လူအများရှေ့မှာ သီချင်းဆိုပြီး ဖျော်ဖြေကြည့်ပါ။
၁၈။ နိုင်ငံခြားမှာ ၆ လလောက် Volunteer သွားလုပ်ကြည့်ပါ။
၁၉။ ကိုယ်ပိုင် စီးပွားရေး တစ်ခု ရှိအောင်လုပ်ပါ။
၂၀။ သင်ကိုယ်တိုင်ငါးမျှားပြီး ရလာတဲ့ငါးကိုစားသုံးကြည့်ပါ။
၂၁။ အိမ်မွေးတိရိစ္ဆာန် တစ်ကောင်ကောင် မွေးဖူးအောင်မွေးကြည့်ပါ။
၂၂။ ဘာ သာရေးဟောပြောပွဲတွေ သွားဖြစ်အောင်သွားပါ။
၂၃။ ကမ္ဘာ့အကောင်းဆုံး Top 10 ရုပ်ရှင်ကား ၁၀ ကားကိုကြည့်ဖြစ်အောင်ကြည့်ပါ။
၂၄။ ကျောက်တုံး တွေ ကိုတွယ်တက်တဲ့ ကစားနည်းကိုကစားကြည့်ပါ။
၂၅။ အမြင့်တစ်နေရာက နေ ရေထဲကိုဒိုင်ဗင်ထိုးကြည့်ပါ။ (အရမ်းတော့မမြင့်စေနဲ့ပေါ့)
၂၆။ Sushi လုပ်နည်းကို သင်ဖြစ်အောင်သင်ကြည့်ပါ။
၂၇။ Disney Land ကိုတစ်ခေါက်လောက်ဖြစ်ဖြစ် ရောက်အောင်သွားပါ။

Sleeping Beauty Castle 2019


၂၈။ လှေ၊ သင်္ဘော ဘယ်လို ရွက် လွှင့်ရလဲဆိုတာကို သင်ကြည့်ပါ။

"လူတိုင်းဖတ်သင့်တဲ့Google သုံးနည်းလမ်းညွှန်"
၂၉။ သင်စိတ်ကြိုက်ပန်းချီကားတစ်ချပ်ကို ဆွဲဖြစ်အောင်ဆွဲကြည့်ပါ။
၃၀။ ဒုက္ခရောက်နေသူတွေကို ကူညီကြည့်ပါ။
၃၁။ ရိုလာကိုစတာ စီးဖြစ်အောင်စီးကြည့်ပါ။
၃၂။ ခရစ်စမတ် ကို ကမ်းခြေမှာပဲ အချိန်ကုန်ခံကြည့်ပါ။
၃၃။ သင်ကြိုက်နှစ်သက် တဲ့ အလုပ်တစ်ခုခုကို ရှာကြည့်ပါ ဒါမှမဟုတ် သင်ကြိုက်နှစ်သက်တဲ့ အလုပ်တစ်ခုခု ကိုကိုယ်တိုင်ဖန်တီးကြည့်ပါ။
၃၃။ ပရဟိတ လုပ်ပါ။
၃၄။ Top 5 Novels စာအုပ် ၅ အုပ်ကိုဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ။
၃၅။ ညဘက်မှာ ကမ္ဘာမြေကိုကျောခင်း၊ ကြယ်တွေကို မျက်နှာမူပြီး အိပ်ကြည့်ပါ။
၃၆။ သင်ရူးသွပ်တဲ့ အရာတစ်ခုခုကို လုပ်ဖြစ်အောင်လုပ်ကြည့်ပါ။
၃၇။ နေကြတ်ခြင်းကို တစ်ခေါက်လောက်ကြည့်ဖြစ်အောင်ကြည့်ပါ။
၃၈။ သရဲ ခြောက်တဲ့ နေရာတစ်ခုခုကို ညဘက်မှာ သွားကြည့်ပါ။
၃၉။ ဂီတတူရိယာ တစ်ခုခု တီးခတ်ခြင်းကိုလေ့လာသင်ကြားကြည့်ပါ။
၄၀။ စာပေဟောပြောပွဲတွေ သွားကြည့်ပါ။
၄၁။ အိုလံပစ် ပွဲတော်ကို ရောက်အောင်သွားကြည့်ပါ။
၄၂။ စာအုပ်တစ်အုပ်ရေးကြည့်ပါ။ ကဗျာ ဒါမှမဟုတ် ဝတ္ထု ကိုယ်ကြိုက်နှစ်သက်ရာပေါ့။
၄၃။ သစ်ပင်စိုက်ပါ။

"လူငယ်ခေါင်းဆောင်တစ်ဦးမှာရှိသင့်တဲ့ အရည်အချင်း (၅)ချက်"
၄၄။ ဘဝမှာ တစ်ခါလောက်ဖြစ်ဖြစ်ကခုန်ကြည့်ပါ။
၄၅။ ကန္တာရ ထဲမှာ ကုလားအုတ်စီး ဖူးအောင်စီးကြည့်ပါ။
၄၆။ ဆင်စီး ဖြစ်အောင်စီးကြည့်ပါ။
၄၇။ ဘဝ မှာ တစ်ခါလောက်ဖြစ်ဖြစ် မုတ်ဆိတ်မွေး အရှည်ထားကြည့်ပါ။
၄၈။ သာသနာ့ဘောင်ကို ဝင်ကြည့်ပါ။
၅၀။ သင်ကြိုက်နှစ် သက်တဲ့ အဆိုတော်တွေရဲ့ တေးဂီတဖျော်ဖြေပွဲကိုသွားကြည့်ပါ။
၅၁။ တောင်တက်ခြင်း ကို ပြုလုပ်ကြည့်ပါ။
၅၂။ ရေကူးခြင်းကိုပြုလုပ်ပါ။
၅၃။ မနက်အာရုဏ် နေထွက် ချိန်ထိ ပြုလုပ်တဲ့ ပါတီပွဲ တစ်ခုခု ကိုတစ်ခေါက်လောက်သွားဖြစ်အောင်သွားကြည့်ပါ။
၅၄။ စပိန်မှာ ကျင်းပတဲ့ Tomatina ဆိုတဲ့ ခရမ်းချဉ် သီး ပစ်ပေါက် ပွဲတော်ကို သွားဖြစ်အောင်သွားကြည့်ပါ။

"အားလပ်ချိန်မှာ စာဖတ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ"

602x338 385608


၅၅။ အော်ပရာ ပြဇာတ် ကြည့်ဖူးအောင်ကြည့်ပါ။
၅၆။ အိမ်နီးနားချင်းတွေ အကုန်လုံးနဲ့ မိတ်ဆွေ ဖွဲ့ ပါ။
၅၇။ ဖြစ်နိုင်ရင် ကမ္ဘာအနှံ့ ကို ခရီးတွေ ထွက်ပါ။
၅၈။ လွယ်အိတ် တစ်လုံးပဲ ယူပြီး ခရီးထွက်ကြည့်ပါ။
၅၉။ သူငယ်ချင်းတွေ အားလုံးစုပြီး စခန်းချခရီး ထွက် ကြည့်ပါ။
၆၀။ အိမ်ခြေရာမဲ့ တွေကို ပေးကန်းစွန့်ကြဲ ပါ။
၆၁။ သင် အရမ်းတက်ချင်နေတဲ့ သင်တန်းတစ်ခုခု တက်ပါ။
၆၂။ ပြိုင်ကားတစ်စီးလောက်ဖြစ်ဖြစ် ပိုင်ဆိုင်အောင်ကြိုးစားပါ။
၆၃။ စကိတ်စီးခြင်းပြုလုပ်ကြည့်ပါ။
၆၄။ သေနတ်ပစ်ခြင်းကို တစ်ခါလောက်ဖြစ်ဖြစ်ပြုလုပ်ကြည့်ပါ။
၆၅။ ရှုခင်းကောင်းတဲ့ ရေတံခွန် တစ်ခုခုကို ကြည့်ဖြစ်အောင်ကြည့်ပါ။
၆၆။ ရေခဲမြစ် တစ်ခုခုကို ကြည့်ဖြစ်အောင် ကြည့်ပါ။
၆၇။ သင်ကိုယ်တိုင် ဂင်းနစ် စံချိန်သစ် တခုခုတင်နိုင်အောင် ကြိုးစားကြည့်ပါ။
၆၈။ စွန် လွှတ်ခြင်း ကစားနည်း ကစားကြည့်ပါ။
၆၉။ Jigsaw Puzzle ကစားနည်းကစားကြည့်ပါ။

"တစ်နေ့တာသင်ယူမိသမျှ မှတ်မိနေဖို့ ဘယ်လိုလုပ်ကြမလဲ"

puzzle pieces


၇၀။ ပင်လယ်သေကို ရောက်ဖူးအောင်သွားပါ။
၇၁။ ရထားနဲ့ ခရီးထွက်ကြည့်ပါ။
၇၂။ ပင်လယ်ကမ်းခြေကိုခရီး ထွက်ပါ။
၇၃။ တစ်ယောက်တည်း ခရီးသွားကြည့်ပါ။
၇၄။ မြင်းစီးကြည့်ပါ။
၇၅။ တစ်စုံတစ်ယောက်ကို အချစ်စစ်နဲ့ ချစ်ဖြစ်အောင်ချစ်ကြည့်ပါ။
၇၆။ ခွင့်လွှတ်ကြည့်ပါ။
၇၇။ ကိုယ့်ကိုယ် ကို နှိမ့် ချပြီး ဆက်ဆံကြည့်ပါ။
၇၈။ မိဘကျေးဇူး ဆပ်ဖြစ်အောင်ဆပ်ပါ။
၇၉။ ရုပ်ရှင် တစ်ခုခုမှာ တစ်ခန်းလောက်ဖြစ်ဖြစ် ဝင်ပြီး သရုပ်ဆောင်ကြည့်ပါ။
၈၀။ ကမ္ဘာ ပေါ်မှာ အပျော် ဆုံးလူသားတစ်ယောက် အဖြစ်နေထိုင်ကြည့်ပါ။

"အင်္ဂလိပ်စာလေ့လာနေသူတွေအားလုံး အတွက် ဆောင်ရန် ရှောင်ရန် အချက် (၉) ချက်"

STH

sayar.com.mm

Read times Last modified on Thursday, 15 August 2019 17:46
Rate this articles
(2 votes)