×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 21 August 2019

"၂၁ ရာစု စာဖတ္နည္း"

"၂၁ ရာစု စာဖတ္နည္း" free pick

အခုေခတ္မွာ စာအုပ္ေပါင္းမ်ားစြာ ထြက္ေနတယ္။ စာဖတ္ခ်ိန္ မရွိ ၾကဘူး။ ဒါေပမဲ့ တစ္ဖက္ကလည္း knowledge ရဖို႔ စာအုပ္ေတြ အမ်ား ႀကီးဖတ္ပါလို႔ ေျပာျပန္တယ္။

ဘာလုပ္ရမွာလဲလို႔ စိတ္တိုတိုနဲ႔ ေမးခ်င္ ေနမယ္ဆိုတာ သိပါတယ္။ မပူပါနဲ႔။ အဲဒီအတြက္ အေျဖရွိပါတယ္။
အရင္ေခတ္က စာဖတ္နည္းကို ေျပာင္းၿပီး ၂၁ ရာစုေခတ္နဲ႔ ကိုက္ ညီတဲ့ စာဖတ္နည္းနဲ႔ စာေတြ ဖတ္ၾကဖို႔ပါ။ ၂၁ ရာစုေခတ္ စာဖတ္နည္းကို မေျပာျပခင္ အရင္ေခတ္က စာဖတ္နည္းကို ေျပာျပခ်င္ပါတယ္။
အရင္ေခတ္တုန္းက ေန႔စဥ္ထြက္တဲ့ စာအုပ္ေတြကလည္း အခု ေလာက္ မမ်ားေသးဘူး။ လူေတြမွာလည္း အခ်ိန္ပိုေတြ အမ်ားႀကီးရွိၾက တယ္။ တီဗီမရွိဘူး။ လူတိုင္း ဖုန္းမကိုင္ႏိုင္ၾကဘူး။

ေဖ့စ္ဘုတ္ဆိုတာလည္း မေပၚေသးဘူး။ ဒါေၾကာင့္ စာအုပ္တစ္အုပ္ကို စိမ္ေျပနေျပ အခ်ိန္ေပးၿပီး ဖတ္ႏိုင္ၾကတယ္။ စာေၾကာင္းတိုင္း စာလုံးတိုင္းကို အေသးစိပ္ ဖတ္ခ်ိန္ မွတ္ခ်ိန္ၾကတယ္။

အဲဒီနည္းနဲ႔ စာဖတ္လို႔ကေတာ့ အခုေခတ္မွာ ထြက္ ေနတဲ့ စာအုပ္ေထာင္ေပါင္းမ်ားစြာကို ဘယ္လိုမွ မွီေအာင္ လိုက္ဖတ္ႏိုင္ၾကမွာမဟုတ္ပါဘူး။

ဒါေၾကာင့္စာဖတ္နည္းကိုေျပာင္းရမယ္။ ၂၁ ရာစု စာဖတ္နည္းနဲ ့စာဖတ္ၾကရမယ္။ (အခုေျပာျပမယ့္ စာဖတ္နည္းဆိုတာ သုတစာအုပ္မ်ားဖတ္ရန္အတြက္ကပါ။ ရသစာေပနဲ ့ေက်ာင္းသင္ရိုးေတြမပါပါ။)

၂၁ရာစုေခတ္စာဖတ္နည္းဆိုတာ စာတစ္ပုဒ္၊ စာတစ္အုပ္ကိုဖတ္ရာမွာ အရင္ေခတ္လို အေသးစိတ္မဖတ္ရေတာ့ဘူး။ ဖတ္လိုက္တဲ့စုအုပ္ထဲက Knowledge ရဖို ့အဓိကပါ။ ဒါဆိုရင္ Knowledge ရေအာင္ ဘယ္လိုဖတ္ရမလဲ။

သုတစာအုပ္မ်ား ဖတ္ရႈရာမွာ စာပိုဒ္တစ္ပိုဒ္ကို ဖတ္ျပီးတိုင္း


(၁) စာေရးသူက ဘာ message ေပးခ်င္တာလဲ။
(၂) ဖတ္သူအေနနဲ ့ဘာအက်ိဳးရႏိုင္မလဲ။


အဲ့ ၂ ခ်က္ကို နားလည္သေဘာေပါက္ျပီဆိုရင္ ေနာက္တစ္ပိုဒ္ကုိဖတ္ပါ။ အဲ့၂ ခ်က္ကိုမွတ္စု စုအုပ္မွာ ေရးထားလိုက္ရင္ ပိုေကာင္းပါတယ္။ စာအုပ္တစ္အုပ္လံုးဖတ္ျပီးခ်ိန္မွာ အဲ့ဒီမွတ္စုေတြဟာ စာအုပ္တစ္အုပ္ လံုးကိုျခံဳငံုျပီးနားလည္ေစႏိုင္သလို အခ်က္အလက္ေတြကိုလည္း ျပန္လည္သတိရေနေစမွာပါ။

ေနာက္ၿပီး စာဖတ္ေနစဥ္မွာ စကားလုံးတိုင္းရဲ႕ အနက္အဓိပၸာယ္ သိစရာမလိုပါဘူး၊ စာပိုဒ္တစ္ခုလုံးရဲ႕ အဓိပၸာယ္ကို ၿခဳံငုံနားလည္ရင္ရပါျပီ။ သတ္ပုံ သဒၵါ မွန္ မမွန္ စစ္ေနစရာ မလိုပါဘူး။

ဘယ္နခုႏွစ္၊ ဘယ္ေန႔၊ ဘယ္ၿမိဳ႕မွာဆိုတာေတြကို မွတ္ေနစရာမလိုပါဘူး။ အဲဒီအတြက္ အခ်ိန္ကုန္ ခံမေနပါနဲ႔၊ မလိုအပ္တာေတြကို ေခါင္းအ႐ုပ္ခံၿပီး၊ ဦးေႏွာက္ထဲ မထည့္ပါနဲ႔။

ဆိုလိုခ်င္တာက knowledge သက္သက္ကို ထုတ္ႏႈတ္ယူျခင္းပါ။


ဥပမာအေနနဲ႔ ေျပာရရင္ Bill Gates ဘီလ္ဂိတ္အေၾကာင္း ေရးထားတဲ့ စာအုပ္ကို ဖတ္တယ္ဆိုပါစို႔။ သူ Microsoft ေဆာ့ဖ္ဝဲကို တီထြင္ဖို႔ အႀကံဉာဏ္ကို ဘယ္လိုရလာခဲ့သလဲ၊

မိုက္က႐ိုေဆာ့ဖ္ကို ဘယ္လို တထြင္ခဲ့သလဲ၊ မိုက္က႐ိုေဆာ့ဖ္ကုမၸဏီကို ဘယ္လို ထူေထာင္ခဲ့သလဲ ေငြရေအာင္ သူ ဘယ္လိုရွာေဖြခဲ့သလဲ၊ မိုက္က႐ိုေဆာ့ဖ္ product လူေတြ ဝယ္သုံးခ်င္ေအာင္ ဘယ္လို marketing ေဈးကြက္ရွာသလဲ KnOwledge ကို အဓိက ရွာေဖြထုတ္ႏႈတ္ဖတ္ဖို႔ပါ။

သူ ဘယ္ႏွစ္က ' ဘယ္ၿမိဳ႕မွာ ေမြးသလဲ၊ သူ႔မိဘေတြက ဘယ္သူေတြလဲ၊ သူဘယ္တက္ခဲ့သလဲ၊ သူဘယ္သူနဲ ့လက္ထပ္လို ့သူ ့မိန္းမကဘယ္သူလဲ။ ဒါေတြက အေရးမၾကီးလို ့ေခါင္းထဲမွတ္ထားစရာမလိုပါ။

ဒီနည္းက စာေရးသူကိုယ္တိုင္ အဂၤလိပ္စာအုပ္ေတြ ဖတ္ရမွာ သုံးေနတဲ့ နည္းျဖစ္ပါတယ္။

အခုေျပာျပခဲ့တဲ့ နည္းနဲ႔ ဖတ္တဲ့အတြက္ စာတစ္အုပ္ကို ျမန္ျမန္ဖတ္ႏိုင္သလို စာအုပ္က အေၾကာင္းအရာ အခ်က္ အလက္ေတြကို မွတ္မိေနတယ္။

သူမ်ားေတြကို ျပန္ေျပာျပႏိုင္ပါတယ္။ ဒါေပမဲ့ ေစာေစာကေျပာတဲ့ မိဘနာမည္ေတြ၊ ျမိဳ႕နာမည္ေတြ၊ ဘယိႏွစ္ေတြ ဆိုတာေတြကို ေမးလာရင္ေတာ့ မေျဖႏိုင္ပါ။

ဘာလို႔ မေျဖႏိုင္အခဲဆိုေတာ့ ေခါင္းထဲမွာ မွတ္မထားလို႔ပါ။ အဲဒါေတြက knowledge မဟုတ္မွတ္ မထားတာပါ။

အခ်ဳပ္ေျပာခ်င္တာက ယေန႔ အရွိန္အဟုန္နဲ႔ ေျပာင္းလဲေနတဲ့ ေခတ္ႀကီးနဲ႔ အမီလိုက္ႏိုင္ဖို႔ သုတစာအုပ္ေတြ မ်ားမ်ားဖတ္ဖို႔ လိုလာၿပီး

မ်ားမ်ားဖတ္ႏိုင္ေအာင္ စာကို ျမန္ျမန္ဖတ္ဖို႔ လိုလာၿပီးျမန္ျမန္ဖတ္ႏိုင္ဖို႔ အတြက္ အရင္လိုမ်ိဳး “၏။ သည္ မေ႐ြးဖတ္ေနလို႔ မရေတာ့ပါဘူး။ စာပိုဒ္ တစ္ခုကို ျမန္ျမန္ဖတ္၊ ေစာေစာကေျပာတဲ့ ရည္႐ြယ္ခ်က္ ၂ ခုရရင္ ေနာက္ တစ္ပိုဒ္ကို ဆက္ဖတ္ပါ။

တခ်ိဳ႕ကေတာ့ ဒီနည္းကို ႀကိဳက္ခ်င္မွ ႀကိဳက္မယ္။ လက္ခံခ်င္မွ လက္ခံၾကမယ္။ စမ္းၾကည့္ပါ။ ႀကိဳက္တာ မႀကိဳက္တာထက္ အလုပ္ျဖစ္ရင္ သုံးပါ။

အရင္က ေအာင္ျမင္ခ်င္ရင္ “စားသုတ္သုတ္၊ သြားသုတ္သုတ္” ဆိုတဲ့ စကားရွိတယ္။ အခုေခတ္က ေအာင္ျမင္ခ်င္ရင္ “စာမ်ားမ်ားဖတ္ စာ ျမန္ျမန္ဖတ္” ဆိုတဲ့ ေခတ္ျဖစ္သြားၿပီ။


ဒီေခတ္ႀကီးမွာ စာမ်ားမ်ားဖတ္သူဟာ ထိပ္ဆုံးေရာက္မွာပဲ။ ဘာျဖစ္ လို႔လဲဆိုေတာ့ လူအမ်ားစုဟာ စာမဖတ္ၾကေတာ့လို႔ပါ။

ထပ္မံေျပာပါရေစ။အခုေျပာခဲ့တဲ့ စာဖတ္နည္းဟာ သုတစာအုပ္မ်ား ဖတ္ရႈျခင္း အတြက္သက္သက္ပါ။ ရသစာေပမ်ား၊ ေက်ာင္းသင္႐ိုးၫႊန္းတမ္းစာအုပ္ မ်ားအတြက္ မဟုတ္ပါ။

 

 ဗန္းေမာ္သိန္းေဖ(မွ်ေဝလိုေသာအေတြးမ်ား)

 

Unicode ဖြင့်ဖတ်ရန်

အခုခေတ်မှာ စာအုပ်ပေါင်းများစွာ ထွက်နေတယ်။ စာဖတ်ချိန် မရှိ ကြဘူး။ ဒါပေမဲ့ တစ်ဖက်ကလည်း knowledge ရဖို့ စာအုပ်တွေ အများ ကြီးဖတ်ပါလို့ ပြောပြန်တယ်။

ဘာလုပ်ရမှာလဲလို့ စိတ်တိုတိုနဲ့ မေးချင် နေမယ်ဆိုတာ သိပါတယ်။ မပူပါနဲ့။ အဲဒီအတွက် အဖြေရှိပါတယ်။
အရင်ခေတ်က စာဖတ်နည်းကို ပြောင်းပြီး ၂၁ ရာစုခေတ်နဲ့ ကိုက် ညီတဲ့ စာဖတ်နည်းနဲ့ စာတွေ ဖတ်ကြဖို့ပါ။ ၂၁ ရာစုခေတ် စာဖတ်နည်းကို မပြောပြခင် အရင်ခေတ်က စာဖတ်နည်းကို ပြောပြချင်ပါတယ်။
အရင်ခေတ်တုန်းက နေ့စဉ်ထွက်တဲ့ စာအုပ်တွေကလည်း အခု လောက် မများသေးဘူး။ လူတွေမှာလည်း အချိန်ပိုတွေ အများကြီးရှိကြ တယ်။ တီဗီမရှိဘူး။ လူတိုင်း ဖုန်းမကိုင်နိုင်ကြဘူး။

ဖေ့စ်ဘုတ်ဆိုတာလည်း မပေါ်သေးဘူး။ ဒါကြောင့် စာအုပ်တစ်အုပ်ကို စိမ်ပြေနပြေ အချိန်ပေးပြီး ဖတ်နိုင်ကြတယ်။ စာကြောင်းတိုင်း စာလုံးတိုင်းကို အသေးစိပ် ဖတ်ချိန် မှတ်ချိန်ကြတယ်။

အဲဒီနည်းနဲ့ စာဖတ်လို့ကတော့ အခုခေတ်မှာ ထွက် နေတဲ့ စာအုပ်ထောင်ပေါင်းများစွာကို ဘယ်လိုမှ မှီအောင် လိုက်ဖတ်နိုင်ကြမှာမဟုတ်ပါဘူး။

ဒါကြောင့်စာဖတ်နည်းကိုပြောင်းရမယ်။ ၂၁ ရာစု စာဖတ်နည်းနဲ့စာဖတ်ကြရမယ်။ (အခုပြောပြမယ့် စာဖတ်နည်းဆိုတာ သုတစာအုပ်များဖတ်ရန်အတွက်ကပါ။ ရသစာပေနဲ့ကျောင်းသင်ရိုးတွေမပါပါ။)

၂၁ရာစုခေတ်စာဖတ်နည်းဆိုတာ စာတစ်ပုဒ်၊ စာတစ်အုပ်ကိုဖတ်ရာမှာ အရင်ခေတ်လို အသေးစိတ်မဖတ်ရတော့ဘူး။ ဖတ်လိုက်တဲ့စုအုပ်ထဲက Knowledge ရဖို့အဓိကပါ။ ဒါဆိုရင် Knowledge ရအောင် ဘယ်လိုဖတ်ရမလဲ။

သုတစာအုပ်များ ဖတ်ရှုရာမှာ စာပိုဒ်တစ်ပိုဒ်ကို ဖတ်ပြီးတိုင်း


(၁) စာရေးသူက ဘာ message ပေးချင်တာလဲ။
(၂) ဖတ်သူအနေနဲ့ဘာအကျိုးရနိုင်မလဲ။


အဲ့ ၂ ချက်ကို နားလည်သဘောပေါက်ပြီဆိုရင် နောက်တစ်ပိုဒ်ကိုဖတ်ပါ။ အဲ့၂ ချက်ကိုမှတ်စု စုအုပ်မှာ ရေးထားလိုက်ရင် ပိုကောင်းပါတယ်။ စာအုပ်တစ်အုပ်လုံးဖတ်ပြီးချိန်မှာ အဲ့ဒီမှတ်စုတွေဟာ စာအုပ်တစ်အုပ် လုံးကိုခြုံငုံပြီးနားလည်စေနိုင်သလို အချက်အလက်တွေကိုလည်း ပြန်လည်သတိရနေစေမှာပါ။

နောက်ပြီး စာဖတ်နေစဉ်မှာ စကားလုံးတိုင်းရဲ့ အနက်အဓိပ္ပာယ် သိစရာမလိုပါဘူး၊ စာပိုဒ်တစ်ခုလုံးရဲ့ အဓိပ္ပာယ်ကို ခြုံငုံနားလည်ရင်ရပါပြီ။ သတ်ပုံ သဒ္ဒါ မှန် မမှန် စစ်နေစရာ မလိုပါဘူး။

ဘယ်နခုနှစ်၊ ဘယ်နေ့၊ ဘယ်မြို့မှာဆိုတာတွေကို မှတ်နေစရာမလိုပါဘူး။ အဲဒီအတွက် အချိန်ကုန် ခံမနေပါနဲ့၊ မလိုအပ်တာတွေကို ခေါင်းအရုပ်ခံပြီး၊ ဦးနှောက်ထဲ မထည့်ပါနဲ့။

ဆိုလိုချင်တာက knowledge သက်သက်ကို ထုတ်နှုတ်ယူခြင်းပါ။


ဥပမာအနေနဲ့ ပြောရရင် Bill Gates ဘီလ်ဂိတ်အကြောင်း ရေးထားတဲ့ စာအုပ်ကို ဖတ်တယ်ဆိုပါစို့။ သူ Microsoft ဆော့ဖ်ဝဲကို တီထွင်ဖို့ အကြံဉာဏ်ကို ဘယ်လိုရလာခဲ့သလဲ၊

မိုက်ကရိုဆော့ဖ်ကို ဘယ်လို တထွင်ခဲ့သလဲ၊ မိုက်ကရိုဆော့ဖ်ကုမ္ပဏီကို ဘယ်လို ထူထောင်ခဲ့သလဲ ငွေရအောင် သူ ဘယ်လိုရှာဖွေခဲ့သလဲ၊ မိုက်ကရိုဆော့ဖ် product လူတွေ ဝယ်သုံးချင်အောင် ဘယ်လို marketing ဈေးကွက်ရှာသလဲ KnOwledge ကို အဓိက ရှာဖွေထုတ်နှုတ်ဖတ်ဖို့ပါ။

သူ ဘယ်နှစ်က ' ဘယ်မြို့မှာ မွေးသလဲ၊ သူ့မိဘတွေက ဘယ်သူတွေလဲ၊ သူဘယ်တက်ခဲ့သလဲ၊ သူဘယ်သူနဲ့လက်ထပ်လို့သူ့မိန်းမကဘယ်သူလဲ။ ဒါတွေက အရေးမကြီးလို့ခေါင်းထဲမှတ်ထားစရာမလိုပါ။

ဒီနည်းက စာရေးသူကိုယ်တိုင် အင်္ဂလိပ်စာအုပ်တွေ ဖတ်ရမှာ သုံးနေတဲ့ နည်းဖြစ်ပါတယ်။

အခုပြောပြခဲ့တဲ့ နည်းနဲ့ ဖတ်တဲ့အတွက် စာတစ်အုပ်ကို မြန်မြန်ဖတ်နိုင်သလို စာအုပ်က အကြောင်းအရာ အချက် အလက်တွေကို မှတ်မိနေတယ်။

သူများတွေကို ပြန်ပြောပြနိုင်ပါတယ်။ ဒါပေမဲ့ စောစောကပြောတဲ့ မိဘနာမည်တွေ၊ မြို့နာမည်တွေ၊ ဘယိနှစ်တွေ ဆိုတာတွေကို မေးလာရင်တော့ မဖြေနိုင်ပါ။

ဘာလို့ မဖြေနိုင်အခဲဆိုတော့ ခေါင်းထဲမှာ မှတ်မထားလို့ပါ။ အဲဒါတွေက knowledge မဟုတ်မှတ် မထားတာပါ။

အချုပ်ပြောချင်တာက ယနေ့ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ခေတ်ကြီးနဲ့ အမီလိုက်နိုင်ဖို့ သုတစာအုပ်တွေ များများဖတ်ဖို့ လိုလာပြီး

များများဖတ်နိုင်အောင် စာကို မြန်မြန်ဖတ်ဖို့ လိုလာပြီးမြန်မြန်ဖတ်နိုင်ဖို့ အတွက် အရင်လိုမျိုး “၏။ သည် မရွေးဖတ်နေလို့ မရတော့ပါဘူး။ စာပိုဒ် တစ်ခုကို မြန်မြန်ဖတ်၊ စောစောကပြောတဲ့ ရည်ရွယ်ချက် ၂ ခုရရင် နောက် တစ်ပိုဒ်ကို ဆက်ဖတ်ပါ။

တချို့ကတော့ ဒီနည်းကို ကြိုက်ချင်မှ ကြိုက်မယ်။ လက်ခံချင်မှ လက်ခံကြမယ်။ စမ်းကြည့်ပါ။ ကြိုက်တာ မကြိုက်တာထက် အလုပ်ဖြစ်ရင် သုံးပါ။

အရင်က အောင်မြင်ချင်ရင် “စားသုတ်သုတ်၊ သွားသုတ်သုတ်” ဆိုတဲ့ စကားရှိတယ်။ အခုခေတ်က အောင်မြင်ချင်ရင် “စာများများဖတ် စာ မြန်မြန်ဖတ်” ဆိုတဲ့ ခေတ်ဖြစ်သွားပြီ။


ဒီခေတ်ကြီးမှာ စာများများဖတ်သူဟာ ထိပ်ဆုံးရောက်မှာပဲ။ ဘာဖြစ် လို့လဲဆိုတော့ လူအများစုဟာ စာမဖတ်ကြတော့လို့ပါ။

ထပ်မံပြောပါရစေ။အခုပြောခဲ့တဲ့ စာဖတ်နည်းဟာ သုတစာအုပ်များ ဖတ်ရှုခြင်း အတွက်သက်သက်ပါ။ ရသစာပေများ၊ ကျောင်းသင်ရိုးညွှန်းတမ်းစာအုပ် များအတွက် မဟုတ်ပါ။

 

 

ဗန်းမော်သိန်းဖေ(မျှဝေလိုသောအတွေးများ)

 

 

Read times Last modified on Monday, 20 January 2020 10:28
Rate this articles
(0 votes)