×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Print this page
Thursday, 10 August 2017

ဒီအချက်တွေနဲ့ကိုက်ညီနေတယ်ဆိုရင် သင်ဟာ တခြားသူတွေထက် ဥာဏ်ပိုကောင်းနေပါပြီ~~

ဒီအချက်တွေနဲ့ကိုက်ညီနေတယ်ဆိုရင် သင်ဟာ တခြားသူတွေထက် ဥာဏ်ပိုကောင်းနေပါပြီ~~ google.com

ဥာဏ်ရည်ဥာဏ်သွေးထက်မြက်ဖို့ဆိုတာ လူတော်တော်များများက ပိုင်ဆိုင်ချင်တဲ့ အရည်အသွေး တစ်ခုပဲ ဖြစ်ပါတယ်။ တချို့သူတွေကတော့ မွေးကတည်းက တခြားသူတွေထက် ဥာဏ်ပိုကောင်းတတ်ကြပါတယ်။ ဒါဟာ မျိုးရိုးဗီဇနဲ့တော့ အမျာကြီးမသက်ဆိုင်ပါဘူး။

မြန်မာလူမျိုးတွေအယူအရဆိုရင် အတိတ်ဘဝက ကုသိုလ်ကောင်းမှုတွေကြောင့် ဒီဘဝမှာ ပါရမီပါလာတာပါ။ တခြားသူတွေထက် ဥာဏ်ရည်ပိုထက်မြက်တဲ့ သူတွေမှာ တွေ့ရတဲ့အချက်လေးတွေပါ။

၁. ဟာသဥာဏ် ကြွယ်ဝခြင်း

ဟာသဥာဏ်ကြွယ်ဝဖို့ဆိုတာကလည်း လုပ်ယူလို့ရတာမဟုတ်ပါဘူး။ လူတိုင်းမှာလည်း ဟာသဥာဏ် မရှိပါဘူး။ ဟာသဥာဏ်ကြွယ်ဝတဲ့သူတွေက ဖြစ်ပေါ်လာတဲ့ အခြေအနေ ကိစ္စရပ်တွေအပေါ်မူတည်ပြီး ခဏအတွင်း ဦးနှောက်ထဲမှာ စဉ်းစားမှုလုပ်ငန်းစဉ်ကို လုပ်ဆောင်ကာ မြန်မြန်ဆန်ဆန်ပဲ လူတွေ သဘောကျ နိုင်တဲ့ ဟာသတစ်ခုကို တီထွင်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဟာသဥာဏ်ရွှင်တဲ့သူ တွေကလည်း ဥာဏ်ကောင်းတဲ့သူတွေလို့ ယူဆနိုင်ပါတယ်။

၂. ငယ်စဉ်ကတည်းက ဂီတကို စိတ်ဝင်စာခြင်း

သုတေသနတွေ့ရှိချက်တွေအရဆိုရင် ဂီတကိုစိတ်ဝင်စားတဲ့အသက်လေးနှစ်အောက် ကလေးတွေက အခြားသာမန်ကလေးများထက် ဥာဏ်ရည်ဥာဏ်သွေးပိုကောင်း လေ့ရှိပါတယ်။ အဲဒီလို ကလေးတွေက အခြားသောကလေးတွေထက် အကြားအာရုံစူးစိုက်မှုရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ဂီတတွင် နှစ်မြှုပ်နိုင်ပြီး Verval IQ ပိုကောင်းတာကိုလည်း တွေ့ရပါတယ်။

 

READ -ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်စေနိုင်မည့် အမူအကျင့် (၆) မျိုး

 

၃. တခြားကလေးတွေထက် စကားစောစီးစွာပြောခြင်း (သို့) စာဖတ်ခြင်း

ကလေးဘဝမှာ စကားစတင်ပြောတဲ့ အချိန်က တခြားကလေးတွေထက်စောနေတယ်၊ ပြီးတော့ စာဖတ်နိုင်တဲ့အချိန် ကလည်းတခြားကလေးတွေထက်စောနေတယ်ဆိုရင် အရွယ်ရောက်လာတဲ့အခါ သာမန်လူများထက် ဥာဏ်ရည်ပိုမို မြင့်မားနေတတ်တယ်လို့ ဗြိတိသျှသုတေသနပညာရှင်များ၏ တွေ့ရှိချက်အရ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးငယ်ရဲ့ ဦးနှောက်ဖွိ့ဖြိုးမှုက မြန်ဆန်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

 

၎. ဘယ်သန်ဖြစ်ခြင်း

ဘယ်သန်ကလေးတွေကို သာမန်လူများ၏အမြင်မှာ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုဖြစ်စဉ် မမှန်ကန်၍ ဘယ်သန်ဖြစ်တယ်ဟု ယူဆကြပါတယ်။ သို့ပေမယ့် တကယ်တမ်းတော့ ဘယ်သန်လူတွေဟာ သာမန်လူများထက် ပိုမိုဥာဏ်ကောင်းမွန်ကြပါတယ်။ သူတို့ဟာ သာမန်ညာသန်တွေထက် တီထွင်နိုင်မှုစွမ်းအား ပိုမိုကောင်းမွန်ပြီး ပြဿနာများကိုလည်း စိတ်အေးအေးထားပြီး ဖြေရှင်းနိုင်တတ်ကြပါတယ်။ ကမ္ဘာ့အောင်မြင်သူ အများစုဟာလည်း ဘယ်သန်ဖြစ်တဲ့အတွက် ဘယ်သန်ခြင်းဟာ ဥာဏ်ကောင်းခြင်း၏ လက္ခဏာရပ်တစ်ရပ်ဟု ဆိုနိုင်ပါတယ်။

 

Source; Inc.southeast asia

Read times Last modified on Monday, 30 December 2019 10:03
Rate this articles
(3 votes)