×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 30 August 2019

Physics ကို လျှော့မတွက်နဲ့!

Physics ကို လျှော့မတွက်နဲ့! google.com

ကျောင်းတုန်းက သင်ခဲ့ရတဲ့ ရူပဗေဒ (Physics) ဘာသာရပ်က ကျောင်းသားကျောင်းသူတွေရဲ့ ကြိုက်နှစ်သက်လှတဲ့ ဘာသာရပ်ထဲတော့ ပါမယ်မထင်ဘူးနော်။

ပုံသေနည်းတွေ၊ သီအိုရီတွေက ရှုပ်လွန်းလို့ စဉ်းစားတွေးခေါ်ရတာမျိုးတွေကြောင့် physics ချိန်ဆို ငိုက်ချိန်ပဲ ဖြစ်ရတယ်ထင်ပါတယ်။

တကယ်တော့ Physics ဘာသာရပ်ဆိုတာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့စွမ်းအင်သက်ရောက်မှုတွေနဲ့၊ အလင်း၊ အရွေ့၊ အား တွေကိုလေ့လာခြင်းဖြစ်လို့ ယနေ့ခေတ်ရဲ့ တိုးတက်နေတဲ့နည်းပညာတွေရဲ့အကြောင်းတွေ၊ အံ့သြဖွယ်သိပ္ပံအကြောင်းအရာတွေကို Physicsဘာသာရပ် သင်ကြားခြင်းအားဖြင့် သိနိုင်ပါတယ်။

 

Physics ဆိုသည်မှာ

PhysicsNobel.jpg

 

Physics ဆိုတာကတော့ ဂရိစကားလုံး Phusis ကနေဆင်းသက်လာတာဖြစ်ပါတယ်။ အဓိပ္ပါယ်အနေနဲ့ ကတော့ သဘာဝ ဖြစ်ပါတယ်။

သက်ရောက်မှုတိုင်းတန်ပြန်သက်ရောက်တယ်ဆိုတဲ့ Physics ပညာရှင် နယူတန်ရဲ့စကားကိုတော့ ကြားဖူးကြမယ်ထင်ပါတယ်။ Physics ဘာသာရပ်က နားလည်လွယ်အောင်ပြောရရင် အရာဝတ္ထုအားလုံးအပေါ် သဘာဝတရားက ဘယ်လို သက်ရောက်လဲဆိုတာကို လေ့လာခြင်းဖြစ်ပါတယ်။

ဥပမာ အရာဝတ္ထုက ဘယ်လို ရွေ့တာလဲ? ဘယ်လိုစွမ်းအင်သက်ရောက်မှုတွေရှိနေလဲ? စသည်ဖြင့် စကြာဝဋ္ဌာတစ်ခုလုံးရဲ့ အပြုအမူတွေကို လေ့လာခြင်း ဖြစ်သလို Physics ကို လေ့လာခြင်းအားဖြင့် စကြာဝဋ္ဌာရဲ့အခြေခံနိယာမကို နားလည်စေမှာဖြစ်ပါတယ်။

Physics မှာတော့ စွမ်းအင်၊ အလင်း၊ အား၊ အရွေ့တွေရဲ့အကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်လှုပ်ရှားရှင်သန်မှုတွေမှာ Physics ရဲ့အကျိုးသက်ရောက်မှုများစွာရှိပါတယ်။ ကားတွေမှာတွေ့နေရတဲ့ လောင်စာကနေ အရွေ့စွမ်းအင်တစ်ခုအဖြစ်ပြောင်းလဲနိုင်ခြင်းတွေက အရာဝတ္ထုတစ်ခု ဘယ်လိုရွေ့တာလဲဆိုတဲ့ Physics တွေ့ရှိမှုကအခြေခံပြီး တစ်ဖြည်းဖြည်း အဆင့်မြင့်တက်လာခြင်းဖြစ်ပါတယ်။

Physics ရဲ့ရှာဖွေတွေ့ရှိခြင်းကြောင့်ပဲ ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ နည်းပညာတိုးတက်မှုများ၊ ပစ္စည်းအသစ်အဆန်းတွေကို အသုံးချနေကြခြင်းဖြစ်ပါတယ်။ ကဲ ကြည့်ပါဦး Physics က ဘယ်လောက်ထိ အံ့သြစရာကောင်းလဲဆိုတာ။

 


Physics ဘာကြောင့်အရေးကြီးတာလဲ?

2686_aliens_7233.jpg

 

အထက်တန်းကျောင်းတုန်းက ကျွန်တော်တို့ကို ရှုပ်ထွေးမှုတွေပေးတဲ့ Physics ပုံသေနည်းတွေ၊ သီအိုရီတွေကို သင်ကြားဖို့ စိတ်မဝင်စားသလို Physics ချိန်က အိပ်ငိုက်တဲ့ကျောင်းသားတွေ က ခပ်များများပါပဲ။

တက္ကသိုလ်ရောက်လာတော့ Physics လက်ကနေ ပြေးမလွှတ်ပါဘူး။ တကယ်တော့ physics ဘာသာရပ်က ကျွန်တော်တို့ သင်ကြားဖူးတဲ့ သင်္ချာရဲ့အကြောင်းကို အသုံးချနိုင်ဖို့ဖြစ်ပါတယ်။

သင်္ချာနဲ့ မတူတဲ့အချက်က သင်္ချာမှာတော့ ကိန်းဂဏန်းသင်္ချာတွေဆိုတာဘာလဲ၊ ဘယ်လိုအသုံးပြုရမလဲဆိုတဲ့နည်းတွေကို သာသင်ကြားရတာဖြစ်ပြီး Physics မှာတော့ ဒီသင်္ချာ ဂဏန်းတွေ ပုံသေနည်းတွေကို ဘယ်လိုနေရာတွေမှာအသုံးချရမလဲဆိုတာကို သင်ကြားရတာဖြစ်ပါတယ်။ Physics ရဲ့ ပုံသေနည်းတွေက ရှုပ်ထွေးနေပေမယ့် အသုံးဝင်မှု နယ်ပယ်က ကျယ်ပြန့်လှပါတယ်။

Physics က သိပ္ပံဘာသာရပ်အားလုံးရဲ့ အခြေခံအကျဆုံးဘာသာရပ်လို့ သတ်မှတ်ထားကြသလို Physics သင်ကြားခြင်းက နယ်ပယ်အသီးသီးမှာ အလုပ်ခွင်ဝင်နိုင်ဖို့ မရှိမဖြစ်လေ့လာသင့်တဲ့အရာဖြစ်ပါတယ်။

အာကာသ၊ ကမ္ဘာမြေပြင်၊ အသံလှိုင်း၊ လျှပ်စစ်လှိုင်း၊ atom, electron၊ သက်ရှိတို့ရဲ့ စနစ်၊ အပူချိန်၊ ရာသီဥတု နဲ့ ရေတွက်မကုန်နိုင်တဲ့ သဘာဝအကြောင်းတွေ၊ နည်းပညာတွေရဲ့ လေ့လာခြင်းက Physics နဲ့ မပတ်သက်လို့မရပါဘူး။

အတိအကျပြောရရင် physics ဘာသာရပ်က ကျွန်တော်တို့ ကော်ဖီဖျော်တဲ့ရေနွေးအိုးရဲ့ လျှပ်စစ်ကနေ အပူပြောင်းလဲခြင်းမှ အစ ကမ္ဘာမြေက အာကာသယဉ်ကို အာကာသ ပတ်လမ်းကြောင်းပေါ်လွှတ်တင်ခြင်းအထိ ကျယ်ပြန့်တဲ့ ဘာသာရပ်တစ်ခုပါ။

ဒါ့ကြောင့် Physics သင်ကြားခြင်းက အနာဂတ် အလုပ်အတွက်သာမက တိုးတက်လာမယ့်နည်းပညာတွေရဲ့ အခြေခံသဘောတွေကို နားလည် လိုက်မှီနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Physics သင်ကြားခြင်းက သဘာဝတရားရဲ့ အကြောင်းတွေ၊ သဘာဝတရားရဲ့ အဖြစ်အပျက်တွေကို ပိုမိုနားလည်နိုင်သလို problem solving skill တွေ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။

ဒါတွေအားလုံးက Physics ဘာကြောင့်အရေးကြီးလဲ? Physics ဘာကြောင့်သင်ကြားသင့်လဲ? ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေပဲဖြစ်ပါတယ်။

Read More >>> “Programming Languages ကိုသင်ယူနေတဲ့ကျောင်းသားတွေအတွက် လေ့လာနိုင်မယ့် website (၅) ခု"


ရူပဗေဒ နဲ့ လူမှုပတ်ဝန်းကျင်

depressedscientists.jpg

 

ရူပဗေဒ ဘယ်မှာ ရှိနိုင်မလဲ သိချင်ရင် ဝေးဝေးရှာ စရာ မလိုပါဘူး။ ကျွန်တော်တို့ နေထိုင်နေတဲ့ စကြာဝဠာ ကမ္ဘာမြေကြီး ကစလို့ ကျွန်တော်တို့ မြင်နေရတဲ့ အလင်းရောင်တွေ ကျွန်တော်တို့လူသားတွေ အသံတွေကို ဘယ်လိုကြားရတယ် ဆိုတာတွေ အပြင် လူသားတွေရဲ့ ခန္ဓာကိုယ်တွင်း ကိုယ်အင်္ဂါတွေ လည်ပတ်ပုံတွေမှာပါ ရူပဗေဒ ကို ရှာဖွေ တွေ့ရှိနိုင်ပါတယ်။

ငယ်စဉ်က စာသင်ခန်းထဲမှာ တွက်ချက်ခဲ့ရတဲ့ ရူပဗေဒ သဘောတရားတွေဟာ လက်တွေ့ လူနေမှုဘ၀မှာ ဘယ်လောက်ထိ အသုံးဝင်လဲဆိုတာကတော့ ပြောလို့တောင် ဆုံးနိုင်မယ်မထင်ပါဘူး။

မရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်မီး၊ လက်ထဲက မချချင်လောက်အောင် သုံးနေတဲ့ လက်ကိုင်ဖုန်းတွေ၊ ကျွန်တော်တို့ ခလုတ်လေးနှိပ်ပြီး မှတ်တမ်းတင်ထားတတ်တဲ့ ဓာတ်ပုံတွေရဲ့ အသက်ဖြစ်တဲ့ ကင်မရာ မှန်ဘီလူး တွေ ဒါတွေကို စတင် တီထွင်ခဲ့တာ ရူပဗေဒ ပညာရှင်တွေပါပဲ။ ဒါတင်ပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး။

မိမိရဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မယ်ဆိုရင်လည်း အဆောက်အအုံ တိုက်တာတွေ တစ်နေရာနဲ့ တစ်နေရာ သွားဖို့ လိုအပ်တဲ့ ကား၊ စက်ဘီး၊ ဆိုင်ကယ် စတဲ့ စက်ယန္တရား တွေကလည်း ရူပဗေဒ ပညာရပ်မပါဘဲ မဖြစ်လာနိုင်ပါဘူး။

ဒါ့အပြင် ရူပဗေဒရဲ့ အခြေခံ သဘောတရားကို မသိထားရင် အရာဝတ္ထုပစ္စည်းတွေ စက်ပစ္စည်းတွေရဲ့ သဘောသဘာဝကို နားမလည်နိုင်ဘဲ အသက်ဆုံးရှုံး ရတဲ့ အထိ ဖြစ်နိင်ပါတယ်။

ကမ္ဘာကြီးမှာ ဘယ်နေရာကိုပဲ ကြည့်ကြည့် Physics ကတော့ ပြေးမလွတ်တာအမှန်ပါ။ ဒါကြောင့် လူသားတွေရဲ့ နေ့စဉ်လူနေမှု ဘ၀မှာ ထိပ်ဆုံး က နေရာယူထားတဲ့ ရူပဗေဒ ဘာသာရပ်ကို နားလည်တတ်ကျွမ်း ထားဖို့ ဆိုတာ သဘာဝ ကျတဲ့ အကြောင်းတရားပါပဲ။


ရူပဗေဒ နဲ့ အနာဂတ်

20171125_USP001_0.jpg

 

ကမ္ဘာပေါ်မှာ လူသားတွေ တစ်ယောက်မှမရှိတော့ရင်တောင် Physics ကတော့ မိန့်မိန့်ကြီး ကျန်ခဲ့နေအုန်းမှာပါ။

ဒီခေတ် ဒီအခါမှာ နည်းပညာ ဆိုတာကလည်း တစ်ရက်ထက် တစ်ရက် ပို တိုးတက်လာတာ လူတိုင်း တွေ့နေရပါတယ်။

နည်းပညာတွေ အားလုံး ရဲ့ အခြေခံကလည်း ရူပဗေဒ ပဲဆိုတော့ တိုးတက်လာတဲ့ နည်းပညာနဲ့ အတူ ရူပဗေဒ ရဲ့ အနာဂတ်ကလည်း ပိုမို ပေါ်လွင် နေပါတယ်။ နည်းပညာ တွေ တိုးတက်လာတာနဲ့ အမျှ ကျွန်တော်တို့ ရဲ့ လူနေမှုဘ၀ပုံစံကလည်း တိုးတက် ပြောင်းလဲ နေတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မျိုးဆက်ရဲ့ ခေတ်မှီဖွံဖြိုးတဲ့ လူနေမှု ဘ၀ပုံစံက ရှေးက ရူပဗေဒပညာရှင် တွေရဲ့ စူးစမ်းဆင်ခြင် တတ်တဲ့ စိတ်နဲ့ ကြိုးစားအားထုတ်မှု ကြောင့်ဆိုလည်း မမှားပါဘူး။

ရူပဗေဒ ပညာရှင်တွေရဲ့ တီထွင်ဖန်တီးမှုတွေသာ မရှိရင် လူသားတွေရဲ့ လောက ကမ္ဘာကြီး ဟာ ခြောက်သွေ့နေမှာ အမှန်ပါ။

ထိုနည်းတူပဲ အဆင့်ဆင့်ပြောင်းလဲ လည်ပတ်နေတဲ့ သဘာဝတရားတွေ အနာဂတ်မှာလည်း ဖွံဖြိုး လာအုန်းမဲ့ နည်းပညာတွေ ကို လေ့လာနိင်ဖို့ ကျွန်တော်တို့ ကမ္ဘာကြီးက ရူပဗေဒပညာရှင်တွေကို လိုအပ်နေသေးတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ယခင်ကရော ယခု လက်ရှိအပြင် နောင် အနာဂတ်မှာပါ လူသားပတ်ဝန်းကျင် ကို အကျိုးပြုနေတဲ့ ရူပဗေဒဘာသာရပ်ကို သင်ယူလေ့လာရင်း ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဘ၀ တွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ဆုတောင်း ပေးလိုက်ပါတယ်။

Read More >>> "ဆယ်တန်းအောင်မြင်ပြီးသူများ လေယာဉ်မောင်/မယ် သင်တန်းလျှောက်ထားနိုင်ပြီ"

 

 

Sources :  Live The Dream

sayar.com.mm

Read times
Rate this articles
(0 votes)