×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 04 September 2019


" ခေါင်းဆောင်တိုင်း ကျင့်သုံးရမယ့် အချိန်စီမံခန့်ခွဲမှုဆိုင်ရာ အမူအကျင့်ကောင်းများ" google.com






















 

>>>Unicode Version<<<

" ခေါင်းဆောင်တိုင်း ကျင့်သုံးရမယ့် အချိန်စီမံခန့်ခွဲမှုဆိုင်ရာ အမူအကျင့်ကောင်းများ"
ကုန်သွားတိုင်း အစားပြန်မရတတ်တဲ့ အရာတွေထဲမှာ အချိန်က အဓိက အဂျာဆုံးအရာပါ။ ဘယ်လိုပဲ နေနေ တစ်ရက်ကို ၂၄ နာရီ သာရမှာ ဖြစ်ပါတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချမယ်ဆိုရင် ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲ အလုပ်များများ တွင်ကယ်မှာဖြစ်ပြီး လုပ် ငန်းတိုးတက်ရေးအတွက်ကိုလည်း အထောက်အကူ ဖြစ်စေမှာပါ။
ခေါင်းဆောင်ကောင်းတို့အနေနဲ့ အချိန်ကို စီမံခန့်ခွဲတဲ့အခါ လိုက်နာဂျင့်သုံးရမယ် အမူအဂျင့်ကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) တွန်းအားပေးတာနဲ့ အပင်ပန်းခံလွန်းတာ မတူပါ
ခက်ခဲတဲ့အလုပ်တွေက အိပ်ရေးပျက်စေပြီး စွမ်းဆောင်ရည်တွေ ဂျာဆင်းစေပါတယ်။ အလုပ်ကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တယ်ဆိုရင် လည်း ကိုယ်ကိုယ်ကို အနားပေးဖို့ အချိန်ထားပါ။ အလုပ် ပင်ပင်ပန်းပန်းလုပ်ပြီး အနားယူဖို့ အချိန်မရှိခဲ့ရင် နွမ်းနယ်ပြီး လုပ်ငန်းက လို သလောက် ခရီးမပေါက်နိုင်တော့ပါဘူး။


(၂) အလုပ်တွေ အများကြီး စုပြုံ မလုပ်သင့်

လေ့လာမှုတွေအရ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ဟာ တစ်ခုတည်းကို အာရုံစူးစိုက်ပြီး လုပ်တာက ထိရောက်ကြောင်း သိရှိရပါတယ်။ ကိုယ်က အလုပ်ပြီးချင်ဇောနဲ့ စုပြုံပြီး လုပ်တဲ့အခါ ဘယ်အရာကို အာရုံစူးစိုက်ရတောမယ်မှန်း မသိတောဘဲ ဖန်တီးနိုင်စွမ်းတွေ လျော့လာသလို ဦးနှောက်ကိုပါ ပင်ပန်းစေပါတယ်။


(၃) အလုပ်ကို နှောင့်နှေးစေမယ့်အရာတွေကို ထိန်းချုပ်ပါ
ကိုယ့်ရဲ့ အလုပ်ခိန်မှာ လုပ်ငန်းတွင်ဂျာယ်မှုကို အဟန့်အတားဖြစ်စေမယ့် အရာတွေကို ထိန်းချုပ်လို့ရပါတယ်။ Pomodoro နည်းလမ်း ကို အသုံးပြုပြီး လုပ်ကိုင်တာက ထုတ်လုပ်မှု စွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ Pomodoro နည်းစနစ်က ၂၅ မိနစ်အတွင်း အလုပ်ကို အနှောင့်အယှက် ကင်းကင်းနဲ့ လုပ်ပြီး ပြည့်တဲ့အခါ ၃ မိနစ်ကနေ ၅ မိနစ် အနားယူစေခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အ သုံးပြုဖို့အတွက် Software တွေလည်း ဖန်တီးထားပါတယ်။


(၄) အလုပ်ချိန်များခြင်းက အလုပ်မတွင်ဂျာယ်စေပါ
ခေါင်းဆောင်တစ်ဦးအနေနဲ့ ကိုယ်ကိုယ်တိုင်အပြင် လက်အောက်ဝန်ထမ်းတွေကိုပါ အချိန်အကြာကြီး အလုပ်လုပ်စေခြင်းက အလုပ်တွေ တွ င်ဂျာယ်စေဖို့ လမ်းစမဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည်ကို လိုက်ပြီး ပုံမှန်လုပ်ငန်းညှိန်အတွင်း လုပ်ကိုင်စေခြင်းက အချိန်ပိုတွေခေါ် ပီး လုပ်တာထက် ပိုပြီးထိရောက်ကြောင်း လေ့လာမှုတွေအရ သိရပါတယ်။


(၅) ခက်ခဲကြီးမားတဲ့ အလုပ်တွေကို အပိုင်းငယ်တွေ ခွဲလိုက်ပါ
Alabama ဘောလုံးနည်းပြ Nick Saban ဟာ သူ့ရဲ့ အသင်းသားတွေကို လိုက်နာခိုင်းတဲ့ နည်းလမ်းအတိုင်းသွားပါ။ ချန်ပီယံရှစ်ကို ရရှိ ဖို့ထက် ကိုယ်အရှေ့မှာ ရှိတဲ့အရာ (ဘောလုံးပေး၊ ဘောလုံးကာ၊ ဂိုးသွင်း) ကိုပဲ လုပ်ရတာက စီမံခန့်ခွဲဖို့ လွယ်ကူတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်အတွင်းမှာလည်း ကြီးလေးတဲ့ အလုပ်ကို ခွဲခြမ်းစိတ်ဖြာခြင်းက စီမံခန့်ခွဲဖို့ ပိုမိုလွယ်ကူစေပါတယ်။

ယခုဖော်ပြခဲ့တဲ့ အမူအကျင့်တွေကို လုပ်ငန်းခွင်အတွင်းမှာ အသုံးပြုမယ်ဆိုရင် ဖန်တီးနိုင်စွမ်းကောင်းကောင်းနဲ့ လုပ်ငန်းပိုမို တွင်ဂျာ ယ်စေမှာပါခင်ဗျာ။


PT International

sayar.com.mm

Read times
Rate this articles
(0 votes)