×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 07 September 2019

"မိဘေတြရဲ႕ ကေလးကိုျပဳစုပ်ိဳးေထာင္ရာမွာ မွားေလ့ရွိတဲ့ အမွား (၅) ခု"

"မိဘေတြရဲ႕ ကေလးကိုျပဳစုပ်ိဳးေထာင္ရာမွာ မွားေလ့ရွိတဲ့ အမွား (၅) ခု" google.com

ကေလးဆိုတာက မိဘကိုေ႐ြးခ်ယ္ခြင့္မရွိပါဘူး။ မိဘေတြကသာ ကေလးကို ဘယ္အခ်ိန္ယူမယ္၊ ဘယ္အခ်ိန္ေတာ့ မယူေသးဘူးရယ္လို႔ ေ႐ြးခ်ယ္ပိုင္ခြင့္ရွိတာပါ။

ကေလးေတြမွာက်ျပန္ေတာ့ ခ်မ္းသာတဲ့မိဘဆီမွာမွ ေမြးဖြားခ်င္တယ္၊ ဉာဏ္ပညာျပည့္စုံ၊ စီးပြားေငြေၾကးျပည့္စုံတဲ့မိဘဆီမွာမွ သားသမီးျဖစ္ခ်င္တယ္ရယ္လို႔ ေ႐ြးခ်ယ္ခြင့္မရၾကရွာပါဘူး။

လူတိုင္းေတာ့ ဘယ္သူကမွ ျပည့္စုံတဲ့သူမရွိၾကေပမယ့္ သားသမီးေမြးဖြားျခင္းနဲ႔ လူေတာ္လူေကာင္းတစ္ေယာက္ျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ျခင္းဟာ အင္မတန္အေရးႀကီးတဲ့တာဝန္တစ္ရပ္ရယ္လို႔ အေလးအနက္ထားၿပီး သားသမီးကိုေမြးဖြားျပဳစုပ်ိဳးေထာင္တတ္တဲ့မိဘေတြထံမွာ သားသမီးျဖစ္လာရရင္ေတာ့ ထိုသားသမီးက ကံအေကာင္းဆုံးသားသမီးျဖစ္ပါတယ္။

အဲဒါအျပင္ ေကာင္းမြန္စြာျပဳစုပ်ိဳးေထာင္ျခင္းခံရၿပီး အ႐ြယ္ေရာက္ႀကီးျပင္းလာတဲ့သားသမီးေတြကေနတဆင့္ ေနာက္ထပ္ေသာ သားသမီးမ်ိဳးဆက္ေတြကို အေကာင္းဆုံးျပဳစုပ်ိဳးေထာင္ႏိုင္တဲ့မိဘေတြ ျပန္ျဖစ္လာႏိုင္တာပါ။ အဲဒီလို အေကာင္းဆုံးျဖစ္ေအာင္ျပဳစုပ်ိဳးေထာင္တဲ့ေနရာမွာ မိဘေတြမွားယြင္းစြာ ျပဳစုပ်ိဳးေထာင္မႈပုံစံေတြကို သတိထားႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) ကေလးအၿငိဳျငင္မခံျခင္း
ကေလးသဘာဝအရ လိုခ်င္စိတ္မ်ားပါတယ္။ အားလုံးကအသစ္အဆန္းျဖစ္ေနတဲ့အတြက္ လိုခ်င္တာ၊ ပိုင္ဆိုင္ခ်င္တာ၊

စားၾကည့္ခ်င္တာ စသျဖင့္ ကေလးသဘာ၀ စူးစမ္းစိတ္နဲ႔ အရာအားလုံးကို လိုခ်င္ေနတတ္ပါတယ္။ လိုခ်င္တာကို အက်ိဳးေၾကာင္းနဲ႔ ယူသင့္တာ၊ မယူသင့္တာ၊ လိုအပ္တာ ၊

မလိုအပ္တာ ခြဲျခားနားလည္ေအာင္ မရွင္းျပဘဲ ကေလးစိတ္အၿငိဳျငင္မခံဘဲ ကေလးလိုခ်င္တာနဲ႔ ခ်က္ခ်င္း ဝယ္ေပးတတ္တာမ်ိဳးက ကေလးကို ဖ်က္ဆီးျခင္းတစ္မ်ိဳးပါပဲ။ ကေလးလိုခ်င္တာမွန္သမွ် အားလုံးရေအာင္ ဖန္တီးေပးျခင္းက ကေလးကို ခ်စ္ရာမေရာက္ဘဲ ႏွစ္ရာေရာက္တတ္ပါတယ္။

ထိုကဲ့သို႔အၿမဲတေစ လိုခ်င္တာရေအာင္ အလိုလိုက္ခံထားရတဲ့ကေလးတစ္ေယာက္က မိဘရဲ႕အခက္အခဲကိုနားမလည္တတ္ေတာ့ပါဘူး။

အခ်ိန္တန္ မိဘကို ပူဆာလိုက္တာနဲ႔ မရရေအာင္ ဖန္တီးေပးရမယ္လို႔ တရားေသမွတ္ယူသြားတတ္ပါတယ္။ ဘဝရဲ႕အခက္အခဲေတြကိုနားမလည္တဲ့ကေလးက ဘယ္အရာမဆို လြယ္လြယ္ရတတ္တယ္လို႔ ထင္မွတ္သြားတတ္ၾကၿပီး ဘဝမွာႀကဳံလာႏိုင္တဲ့ၾကမ္းတမ္းမႈေတြကိုလည္း ရင္ဆိုင္ရဲေတာ့မွာမဟုတ္ပါဘူး။

 

(၂) အေပးအယူလုပ္လြန္းျခင္း
ကေလးနဲ႔အေပးအယူလုပ္ျခင္းက ေကာင္းက်ိဳးရွိသလို ဆိုးက်ိဳးေတြလည္း ရွိပါတယ္။ တကယ့္လိုအပ္လို႔မျဖစ္မေန အေပးအယူလုပ္ရမယ့္ေနရာမွာေတာ့ ႁခြင္းခ်က္အေနနဲ႔လုပ္သင့္ပါတယ္။

ဒါေပမယ့္ အၿမဲတေစေတာ့ အေပးအယူလုပ္ၿပီး ကေလးကို မဆြဲေဆာင္သင့္ပါဘူး။

ဥပမာ။ စာလုပ္မယ္ဆိုရင္ ကေလးႀကိဳက္တဲ့မုန႔္ဝယ္ေကြၽးမယ္ဆိုတာမ်ိဳးအၿမဲတမ္းလုပ္တဲ့အခါ ကေလးက စာလုပ္ရမယ္ဆိုရင္ ေက်ာင္းသားတစ္ေယာက္ရဲ႕တာဝန္အေနနဲ႔ မမွတ္ယူေတာ့ဘဲ စာလုပ္ရျခင္းက အေဖအေမအႀကိဳက္လုပ္ေပးတာလို႔မွတ္ယူသြားတတ္ပါတယ္။

စာလုပ္တဲ့အခါ ကိုယ္လိုခ်င္တာမရရင္ စာမလုပ္ဘူး၊ စာမလုပ္ခ်င္ဘူးဆိုတဲ့ စိတ္မ်ိဳးျဖစ္သြားတတ္ၿပီး မိဘကိုျပန္ၿပီး ကလန္ကဆန္လုပ္တာမ်ိဳးထိ ျဖစ္တတ္ပါတယ္။

အဲဒါေၾကာင့္ ကေလးကို ဘာေၾကာင့္စာလုပ္သင့္တာလဲ၊ စာလုပ္ျခင္း၊ ပညာတတ္ျခင္းရဲ႕အက်ိဳးေတြကို ကေလးနားလည္ေလာက္မယ့္စကားမ်ိဳးနဲ႔ရွင္းျပေပးသင့္ၿပီး ဘယ္ေနရာမွာမဆို အေပးအယူနဲ႔ကေလးကိုဆြဲေဆာင္လြန္းတာမ်ိဳး မေကာင္းပါဘူး။

 

(၃) စည္းကမ္းမဲ့လြန္းျခင္း
ကေလးကို စည္းကမ္းေလးေတြနဲ႔ထိန္းေက်ာင္းျခင္းက ကေလးအတြက္ အထိန္းအကြပ္ျဖစ္ေစပါတယ္။ ကေလးအ႐ြယ္နဲ႔လိုက္မယ့္စည္းကမ္းေလးေတြသတ္မွတ္ထားသင့္ပါတယ္။

ဒါေပမယ့္ ကေလးကို မိဘေတြကပဲ စည္းကမ္းသတ္မွတ္ထားၿပီး မိဘေတြကပဲ အဲဒီ့စည္းကမ္းေတြကို ေဖာက္ဖ်က္ၿပီး ကေလးကိုအလိုလိုက္တာမ်ိဳးလုပ္ျခင္းက ကေလးက စည္းကမ္းကိုအထူးတလည္လိုက္နာစရာမလိုဘူးလို႔ အေတြးေရာက္ေစပါတယ္။

ငယ္စဥ္ကတည္းက မိဘသတ္မွတ္ထားတဲ့စည္းကမ္းက အထူးတလည္လိုက္နာစရာမလိုဘူးလို႔အေတြးေရာက္သြားတဲ့ကေလးက အ႐ြယ္ေရာက္လာတဲ့အခါလည္း စည္းကမ္းရွိမွာမဟုတ္ေတာ့ပါဘူး။

အဲဒါေၾကာင့္ ကေလးအ႐ြယ္နဲ႔လိုက္တဲ့ စည္းကမ္းေလးေတြလုပ္သင့္ပါတယ္။ ဥပမာ။ ဖိနပ္ကို ဖိနပ္စင္မွာ စနစ္တက် စီထားတာမ်ိဳး၊ ထမင္းစားခ်ိန္ ေဆာ့ကစားတာမ်ိဳးမလုပ္ခိုင္းတာမ်ိဳး၊ စာလုပ္ေနခ်ိန္ တျခားကစားစရာေတြနဲ႔ ေဆာ့တာမ်ိဳးမလုပ္ခိုင္းတာ စသျဖင့္ေပါ့။

Recommended For You >>> "အင္တာနက္ရွိရံုနဲ႔ ရံုးတက္စရာမလုိပဲ လုပ္နိုင္တဲ့ ဝင္ေငြေကာင္းေကာင္း အလုပ္အကိုင္(၆) ခု"

 

(၄) ကေလးကိုယ္စားမိဘကလုပ္ေပးျခင္း
ကေလးအ႐ြယ္နဲ႔အလိုက္ ကေလးတာဝန္ယူလို႔ရတာကို ကေလးကို လုပ္ခိုင္းသင့္ပါတယ္။ အဲဒါမွ ကေလးက တာဝန္ယူရေကာင္းမွန္းသိမွာပါ။ တခ်ိဳ႕မိဘေတြက ကေလးက ငယ္ေသးလို႔….ဆိုတဲ့အေတြးနဲ႔ အရာအားလုံးကို လိုက္လုပ္ေပးတတ္ပါတယ္။

အက်ီ ဝၤတ္တာ၊ ေဘာင္းဘီဝတ္တာ၊ ေလွ်ာ္ရမယ့္အဝတ္ေတြ အဝတ္ျခင္းထဲထည့္တာ။ ကိုယ္ထမင္းပန္းကန္ကိုယ့္ဟာကိုယ္ယူတာ၊ ကေလးေသာက္မယ့္ေရကို

ကေလးကကိုယ့္ဟာကိုယ္ယူတာ စသျဖင့္ ကေလးလုပ္ႏိုင္တဲ့ ကေလးရဲ႕တာဝန္အေသးေလးေတြကအစ မိဘက အကုန္လိုက္လုပ္ေပးျခင္းက ကေလးက သူ႔တာဝန္သူယူရေကာင္းမွန္းမသိေတာ့ပါဘူး။ ကိုယ့္အားကိုယ္မကိုးေတာ့ဘဲ မိဘကိုပဲ အားကိုးေနတတ္ပါတယ္။

 

(၅) ကေလးကို အၿမဲကာကြယ္ေပးျခင္း
ကေလးကို မိဘက ကာကြယ္ေပးသင့္သေလာက္ေတာ့ ကာကြယ္ေပးသင့္ေပမယ့္ အၿမဲလိုလို ကေလးေရွ႕က ကာဆီးကာဆီးလုပ္ျခင္းကေတာ့ မေကာင္းပါဘူး။

ကေလးက တခုခုအမွားလုပ္မိတဲ့အခါ မိဘကိုယ္တိုင္က ကေလးကို မဆုံးမဘဲ ကေလးကိုခ်စ္လြန္းတဲ့စိတ္နဲ႔ ကေလးအျပစ္ကို ဖုံးကြယ္ျခင္း၊ ကေလးအျပစ္ကိုလ်စ္လ်ဴရႈထားျခင္း၊

မသိဟန္ေဆာင္ၿပီး ကေလးကို လႊတ္ထားျခင္း စတာေတြက ကေလးကို မေကာင္းတဲ့အက်င့္ေတြနဲ႔ ယဥ္ပါးေစပါတယ္။ ကေလးက ဘာေတြမွားေအာင္လုပ္ေနပါေစ။ မိဘက အေရွ႕ကကာကြယ္ေပးေနတဲ့အခါမွာေတာ့ ကေလးစိတ္ထဲမွာ “ငါဘာလုပ္လုပ္ အျပစ္တင္မွာ ၊ အျပစ္ေပးခံရမွာမဟုတ္ဘူး….” ဆိုတဲ့စိတ္ျဖစ္လာသလို၊ အမွားကို အမွားမွန္းမသိေတာ့ပါဘူး။

အမွားကို အမွန္မျပင္ဘဲ ျပင္ရေကာင္းမွန္းမသိတဲ့အတြက္ အမွားေတြကိုခ်ည္းဆက္လုပ္ေနမိတတ္ပါတယ္။ ထင္ရာစိုင္းတတ္သလို၊ ႐ိုင္းစိုင္းတတ္တဲ့ကေလးေတြျဖစ္လာႏိုင္ပါတယ္။

အထက္ကအခ်က္ေတြက မ်ားေသာအားျဖင့္ ကေလးကိုခ်စ္ခင္လြန္းတဲ့စိတ္နဲ႔မိဘေတြျဖစ္ေနတတ္တဲ့အမွားေလးေတြျဖစ္ပါတယ္။ အထက္ပါအခ်က္ထဲက အမွားေတြကို ေသခ်ာဖတ္ရႈၿပီး ျပဳျပင္သင့္တာျပဳျပင္ႏိုင္ေအာင္ေဖာ္ျပေပးလိုက္ပါတယ္။

Recommended For You >>> "စာေမးပြဲေျဖခါနီး စိတ္ဖိစီးမႈမ်ားတတ္သူေတြအတြက္ လုိက္နာရမယ့္အခ်က္(၅)ခ်က္"

 

>>>> Unicode ဖြင့်ဖတ်ရန် <<<<

 

ကလေးဆိုတာက မိဘကိုရွေးချယ်ခွင့်မရှိပါဘူး။ မိဘတွေကသာ ကလေးကို ဘယ်အချိန်ယူမယ်၊ ဘယ်အချိန်တော့ မယူသေးဘူးရယ်လို့ ရွေးချယ်ပိုင်ခွင့်ရှိတာပါ။

ကလေးတွေမှာကျပြန်တော့ ချမ်းသာတဲ့မိဘဆီမှာမှ မွေးဖွားချင်တယ်၊ ဉာဏ်ပညာပြည့်စုံ၊ စီးပွားငွေကြေးပြည့်စုံတဲ့မိဘဆီမှာမှ သားသမီးဖြစ်ချင်တယ်ရယ်လို့ ရွေးချယ်ခွင့်မရကြရှာပါဘူး။

လူတိုင်းတော့ ဘယ်သူကမှ ပြည့်စုံတဲ့သူမရှိကြပေမယ့် သားသမီးမွေးဖွားခြင်းနဲ့ လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခြင်းဟာ အင်မတန်အရေးကြီးတဲ့တာဝန်တစ်ရပ်ရယ်လို့ အလေးအနက်ထားပြီး သားသမီးကိုမွေးဖွားပြုစုပျိုးထောင်တတ်တဲ့မိဘတွေထံမှာ သားသမီးဖြစ်လာရရင်တော့ ထိုသားသမီးက ကံအကောင်းဆုံးသားသမီးဖြစ်ပါတယ်။

အဲဒါအပြင် ကောင်းမွန်စွာပြုစုပျိုးထောင်ခြင်းခံရပြီး အရွယ်ရောက်ကြီးပြင်းလာတဲ့သားသမီးတွေကနေတဆင့် နောက်ထပ်သော သားသမီးမျိုးဆက်တွေကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်တဲ့မိဘတွေ ပြန်ဖြစ်လာနိုင်တာပါ။ အဲဒီလို အကောင်းဆုံးဖြစ်အောင်ပြုစုပျိုးထောင်တဲ့နေရာမှာ မိဘတွေမှားယွင်းစွာ ပြုစုပျိုးထောင်မှုပုံစံတွေကို သတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ကလေးအငြိုငြင်မခံခြင်း
ကလေးသဘာဝအရ လိုချင်စိတ်များပါတယ်။ အားလုံးကအသစ်အဆန်းဖြစ်နေတဲ့အတွက် လိုချင်တာ၊ ပိုင်ဆိုင်ချင်တာ၊

စားကြည့်ချင်တာ စသဖြင့် ကလေးသဘာ၀ စူးစမ်းစိတ်နဲ့ အရာအားလုံးကို လိုချင်နေတတ်ပါတယ်။ လိုချင်တာကို အကျိုးကြောင်းနဲ့ ယူသင့်တာ၊ မယူသင့်တာ၊ လိုအပ်တာ ၊

မလိုအပ်တာ ခွဲခြားနားလည်အောင် မရှင်းပြဘဲ ကလေးစိတ်အငြိုငြင်မခံဘဲ ကလေးလိုချင်တာနဲ့ ချက်ချင်း ဝယ်ပေးတတ်တာမျိုးက ကလေးကို ဖျက်ဆီးခြင်းတစ်မျိုးပါပဲ။ ကလေးလိုချင်တာမှန်သမျှ အားလုံးရအောင် ဖန်တီးပေးခြင်းက ကလေးကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်တတ်ပါတယ်။

ထိုကဲ့သို့အမြဲတစေ လိုချင်တာရအောင် အလိုလိုက်ခံထားရတဲ့ကလေးတစ်ယောက်က မိဘရဲ့အခက်အခဲကိုနားမလည်တတ်တော့ပါဘူး။

အချိန်တန် မိဘကို ပူဆာလိုက်တာနဲ့ မရရအောင် ဖန်တီးပေးရမယ်လို့ တရားသေမှတ်ယူသွားတတ်ပါတယ်။ ဘဝရဲ့အခက်အခဲတွေကိုနားမလည်တဲ့ကလေးက ဘယ်အရာမဆို လွယ်လွယ်ရတတ်တယ်လို့ ထင်မှတ်သွားတတ်ကြပြီး ဘဝမှာကြုံလာနိုင်တဲ့ကြမ်းတမ်းမှုတွေကိုလည်း ရင်ဆိုင်ရဲတော့မှာမဟုတ်ပါဘူး။


(၂) အပေးအယူလုပ်လွန်းခြင်း
ကလေးနဲ့အပေးအယူလုပ်ခြင်းက ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ တကယ့်လိုအပ်လို့မဖြစ်မနေ အပေးအယူလုပ်ရမယ့်နေရာမှာတော့ ခြွင်းချက်အနေနဲ့လုပ်သင့်ပါတယ်။

ဒါပေမယ့် အမြဲတစေတော့ အပေးအယူလုပ်ပြီး ကလေးကို မဆွဲဆောင်သင့်ပါဘူး။

ဥပမာ။ စာလုပ်မယ်ဆိုရင် ကလေးကြိုက်တဲ့မုန့်ဝယ်ကျွေးမယ်ဆိုတာမျိုးအမြဲတမ်းလုပ်တဲ့အခါ ကလေးက စာလုပ်ရမယ်ဆိုရင် ကျောင်းသားတစ်ယောက်ရဲ့တာဝန်အနေနဲ့ မမှတ်ယူတော့ဘဲ စာလုပ်ရခြင်းက အဖေအမေအကြိုက်လုပ်ပေးတာလို့မှတ်ယူသွားတတ်ပါတယ်။

စာလုပ်တဲ့အခါ ကိုယ်လိုချင်တာမရရင် စာမလုပ်ဘူး၊ စာမလုပ်ချင်ဘူးဆိုတဲ့ စိတ်မျိုးဖြစ်သွားတတ်ပြီး မိဘကိုပြန်ပြီး ကလန်ကဆန်လုပ်တာမျိုးထိ ဖြစ်တတ်ပါတယ်။

အဲဒါကြောင့် ကလေးကို ဘာကြောင့်စာလုပ်သင့်တာလဲ၊ စာလုပ်ခြင်း၊ ပညာတတ်ခြင်းရဲ့အကျိုးတွေကို ကလေးနားလည်လောက်မယ့်စကားမျိုးနဲ့ရှင်းပြပေးသင့်ပြီး ဘယ်နေရာမှာမဆို အပေးအယူနဲ့ကလေးကိုဆွဲဆောင်လွန်းတာမျိုး မကောင်းပါဘူး။

 

(၃) စည်းကမ်းမဲ့လွန်းခြင်း
ကလေးကို စည်းကမ်းလေးတွေနဲ့ထိန်းကျောင်းခြင်းက ကလေးအတွက် အထိန်းအကွပ်ဖြစ်စေပါတယ်။ ကလေးအရွယ်နဲ့လိုက်မယ့်စည်းကမ်းလေးတွေသတ်မှတ်ထားသင့်ပါတယ်။

ဒါပေမယ့် ကလေးကို မိဘတွေကပဲ စည်းကမ်းသတ်မှတ်ထားပြီး မိဘတွေကပဲ အဲဒီ့စည်းကမ်းတွေကို ဖောက်ဖျက်ပြီး ကလေးကိုအလိုလိုက်တာမျိုးလုပ်ခြင်းက ကလေးက စည်းကမ်းကိုအထူးတလည်လိုက်နာစရာမလိုဘူးလို့ အတွေးရောက်စေပါတယ်။

ငယ်စဉ်ကတည်းက မိဘသတ်မှတ်ထားတဲ့စည်းကမ်းက အထူးတလည်လိုက်နာစရာမလိုဘူးလို့အတွေးရောက်သွားတဲ့ကလေးက အရွယ်ရောက်လာတဲ့အခါလည်း စည်းကမ်းရှိမှာမဟုတ်တော့ပါဘူး။

အဲဒါကြောင့် ကလေးအရွယ်နဲ့လိုက်တဲ့ စည်းကမ်းလေးတွေလုပ်သင့်ပါတယ်။ ဥပမာ။ ဖိနပ်ကို ဖိနပ်စင်မှာ စနစ်တကျ စီထားတာမျိုး၊ ထမင်းစားချိန် ဆော့ကစားတာမျိုးမလုပ်ခိုင်းတာမျိုး၊ စာလုပ်နေချိန် တခြားကစားစရာတွေနဲ့ ဆော့တာမျိုးမလုပ်ခိုင်းတာ စသဖြင့်ပေါ့။

Recommended For You >>> "အင်တာနက်ရှိရုံနဲ့ ရုံးတက်စရာမလိုပဲ လုပ်နိုင်တဲ့ ဝင်ငွေကောင်းကောင်း အလုပ်အကိုင်(၆) ခု"

 

(၄) ကလေးကိုယ်စားမိဘကလုပ်ပေးခြင်း
ကလေးအရွယ်နဲ့အလိုက် ကလေးတာဝန်ယူလို့ရတာကို ကလေးကို လုပ်ခိုင်းသင့်ပါတယ်။ အဲဒါမှ ကလေးက တာဝန်ယူရကောင်းမှန်းသိမှာပါ။ တချို့မိဘတွေက ကလေးက ငယ်သေးလို့….ဆိုတဲ့အတွေးနဲ့ အရာအားလုံးကို လိုက်လုပ်ပေးတတ်ပါတယ်။

အကျီ င်္ဝတ်တာ၊ ဘောင်းဘီဝတ်တာ၊ လျှော်ရမယ့်အဝတ်တွေ အဝတ်ခြင်းထဲထည့်တာ။ ကိုယ်ထမင်းပန်းကန်ကိုယ့်ဟာကိုယ်ယူတာ၊ ကလေးသောက်မယ့်ရေကို

ကလေးကကိုယ့်ဟာကိုယ်ယူတာ စသဖြင့် ကလေးလုပ်နိုင်တဲ့ ကလေးရဲ့တာဝန်အသေးလေးတွေကအစ မိဘက အကုန်လိုက်လုပ်ပေးခြင်းက ကလေးက သူ့တာဝန်သူယူရကောင်းမှန်းမသိတော့ပါဘူး။ ကိုယ့်အားကိုယ်မကိုးတော့ဘဲ မိဘကိုပဲ အားကိုးနေတတ်ပါတယ်။

 

(၅) ကလေးကို အမြဲကာကွယ်ပေးခြင်း
ကလေးကို မိဘက ကာကွယ်ပေးသင့်သလောက်တော့ ကာကွယ်ပေးသင့်ပေမယ့် အမြဲလိုလို ကလေးရှေ့က ကာဆီးကာဆီးလုပ်ခြင်းကတော့ မကောင်းပါဘူး။

ကလေးက တခုခုအမှားလုပ်မိတဲ့အခါ မိဘကိုယ်တိုင်က ကလေးကို မဆုံးမဘဲ ကလေးကိုချစ်လွန်းတဲ့စိတ်နဲ့ ကလေးအပြစ်ကို ဖုံးကွယ်ခြင်း၊ ကလေးအပြစ်ကိုလျစ်လျူရှုထားခြင်း၊

မသိဟန်ဆောင်ပြီး ကလေးကို လွှတ်ထားခြင်း စတာတွေက ကလေးကို မကောင်းတဲ့အကျင့်တွေနဲ့ ယဉ်ပါးစေပါတယ်။ ကလေးက ဘာတွေမှားအောင်လုပ်နေပါစေ။ မိဘက အရှေ့ကကာကွယ်ပေးနေတဲ့အခါမှာတော့ ကလေးစိတ်ထဲမှာ “ငါဘာလုပ်လုပ် အပြစ်တင်မှာ ၊ အပြစ်ပေးခံရမှာမဟုတ်ဘူး….” ဆိုတဲ့စိတ်ဖြစ်လာသလို၊ အမှားကို အမှားမှန်းမသိတော့ပါဘူး။

အမှားကို အမှန်မပြင်ဘဲ ပြင်ရကောင်းမှန်းမသိတဲ့အတွက် အမှားတွေကိုချည်းဆက်လုပ်နေမိတတ်ပါတယ်။ ထင်ရာစိုင်းတတ်သလို၊ ရိုင်းစိုင်းတတ်တဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်။

အထက်ကအချက်တွေက များသောအားဖြင့် ကလေးကိုချစ်ခင်လွန်းတဲ့စိတ်နဲ့မိဘတွေဖြစ်နေတတ်တဲ့အမှားလေးတွေဖြစ်ပါတယ်။ အထက်ပါအချက်ထဲက အမှားတွေကို သေချာဖတ်ရှုပြီး ပြုပြင်သင့်တာပြုပြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

Recommended For You >>> "စာမေးပွဲဖြေခါနီး စိတ်ဖိစီးမှုများတတ်သူတွေအတွက် လိုက်နာရမယ့်အချက်(၅)ချက်"

 

Sources : Bawa 101

sayar.com.mm

Read times
Rate this articles
(0 votes)