×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 07 September 2019

"လုပ္ငန္းခြင္မွာ ေဝဖန္မႈေတြႀကဳံတဲ့အခါ ဒီလိုရင္ဆိုင္လိုက္ပါ"

"လုပ္ငန္းခြင္မွာ ေဝဖန္မႈေတြႀကဳံတဲ့အခါ ဒီလိုရင္ဆိုင္လိုက္ပါ" google.com

အလုပ္မွာ ကိုယ္တာဝန္ယူရတဲ့ လုပ္ငန္းတစ္ခုၿပီးသြားတဲ့အခ်ိန္မွာ ကိုယ့္ဘာသာကိုယ္ေတာ့ အေကာင္းဆုံးလို႔ယူဆထားလိုက္ၿပီ။ ဒါေပမဲ့ အဲ့ဒါကို ေဘာ့စ္ကိုတင္ျပခ်ိန္မွာ ကိုယ္တိုးတက္ဖို႔၊ ပိုေကာင္းေအာင္လုပ္ဖို႔လိုတယ္လို႔ ယူဆထားတဲ့အရာေတြ၊ လိုအပ္ခ်က္ေတြကို ေဘာ့စ္က ကိုယ့္ကိုျပန္ေျပာဖို႔ စာရင္းလုပ္ၿပီးေနၿပီ။

အဲ့ဒီလို လိုအပ္ခ်က္ေတြကို ေထာက္ျပခံရလို႔ စိတ္ဓာတ္မက်လိုက္ပါနဲ႔။ အျပဳသေဘာေဝဖန္မႈဆိုတာ ဘယ္အလုပ္မွာမဆို အေရးပါပါတယ္။ ဒီေတာ့ ေဝဖန္မႈေတြကို ဘယ္လိုလက္ခံၿပီး ကိုယ့္အလုပ္ကို အေကာင္းဆုံးဘယ္လိုလုပ္မယ္ဆိုတာ ေလ့လာၾကည့္ရေအာင္။

 

၁။ ကိုယ္ဟာ အဖက္ဖက္ကျပည့္စုံေကာင္းမြန္သူ မဟုတ္ဘူးဆိုတာ လက္ခံထားပါ

အလုပ္စလုပ္တဲ့အခ်ိန္မွာ ငါေတာ့ ဘာမွမွားမွာမဟုတ္ဘူးလို႔ ေတြးထားရင္ ကိုယ့္ကိုယ္ကို အ႐ူးလုပ္ေနတာပါပဲ။ သင္အမွားေတြ လုပ္မိလိမ့္မယ္။

ဒါက ျပႆနာမဟုတ္ပါဘူး။ အေရးႀကီးတာက အဲ့ဒီအမွားေတြကေန သင္ခန္းစာယူၿပီး အမွန္ကိုလုပ္ဖို႔ပါ။

 

၂။ ကိုယ့္အလုပ္ကို ႏွစ္ခါျပန္ စစ္ေဆးပါ

အလုပ္ၿပီးသြားလို႔ ႀကီးၾကပ္သူကို မတင္ျပခင္မွာ ကိုယ့္အလုပ္ကို အမွားအယြင္းမရွိေအာင္ ဂ႐ုတစိုက္ေသခ်ာ ျပန္စစ္ပါ။

ဒီလိုျပန္စစ္တာက စိတ္ပ်က္စရာေကာင္းတဲ့ အမွားေတြကို ဖယ္ထုတ္လိုက္ႏိုင္သလို အေသးအဖြဲအမွားေတြအတြက္ သင့္္ေဘာ့စ္က သင့္ကို အေႏွာင့္အယွက္ေပးေတာ့မွာ မဟုတ္ပါဘူး။

 

၃။ ကိုယ္ေရးကိုယ္တာအရ မခံစားပါနဲ႔

ကို႔ယ္လုပ္ေဖာ္ကိုင္ဖက္က ကိုယ့္ကိုေဝဖန္ေထာက္ျပလာခ်ိန္မွာ “ဟာ ဒီလူကေတာ့ ငါ့ကိုၾကည့္မရလို႔” ဒါမွမဟုတ္ “ငါ့ကိုဒီအလုပ္နဲ႔မတန္ဘူးလို႔ ဒီလူထင္ေနတာပဲ” စတဲ့အေတြးမ်ိဳးေတြမေတြးပါနဲ႔။ သူ သင့္ကို ေဝဖန္ေထာက္ျပတာဟာ သင္ ဒီအလုပ္မွာ တကယ္အားစိုက္ထုတ္ခဲ့သလား၊ သင္တတ္ႏိုင္သေလာက္ အေကာင္းဆုံးလုပ္ခဲ့ရဲ႕လားဆိုတာ သူေသခ်ာသိဖို႔ ႀကိဳးစားေနတာပါ။

 

၄။ ဂ႐ုတစိုက္နားေထာင္ပါ

ကိုယ္က အေရးပါတဲ့ အျပဳသေဘာမွတ္ခ်က္ေတြကို လ်စ္လ်ဴရႈလိုက္ရင္ ေနာက္ထပ္အလားတူအမွားေတြ ထပ္မွားဖို႔အစပ်ိဳးလိုက္တာနဲ႔ အတူတူပါပဲ။

ဒါ့ေၾကာင့္မို႔ အမွားေတြကို မွတ္စုေရးပါ။ ၿပီးရင္ ဒီအမွားကို ငါဘယ္လိုျပင္မလဲဆိုတာ ကိုယ့္ဘာသာေတြးေတာ သတိေပးေနပါ။

 

၅။ ကိုယ္ရလိုက္တဲ့ ေဝဖန္မႈကေန ငါ ဘာသင္ယူႏိုင္မလဲ ဆိုၿပီး ကိုယ့္ကိုယ္ကို ျပန္ေမးပါ

အေဝဖန္ခံရလို႔ မခံခ်င္စိတ္ေတြႀကီးထြားလာရင္၊ ေဒါသေတြအလိပ္လိုက္ထြက္လာရင္ ငါ ဒီကေန ဘာသင္ယူႏိုင္မလဲဆိုၿပီး ျပန္ေမးပါ။

 

၆။ ကိုယ့္ကိုေဝဖန္တာေတြရဲ႕ တစ္စိတ္တစ္ပိုင္းကို သေဘာတူလက္ခံလိုက္ပါ

ေဝဖန္ခံရလိုက္တဲ့အခ်ိန္မွာ လူအမ်ားစုက အမွန္တကယ္မျဖစ္ႏိုင္တဲ့ ေဝဖန္ခ်က္နဲ႔ မေကာင္းျမင္တုံ႔ျပန္မႈေတြကိုပဲ အာ႐ုံစိုက္မိတတ္ၿပီး က်န္တဲ့အပိုင္းကို လ်စ္လ်ဴရႈမိထားတတ္ၾကတယ္။

အပ်က္သေဘာေဝဖန္မႈေတြကိုပဲ အာ႐ုံစိုက္တာက ဘယ္ျပႆနာကိုမွ ေျဖရွင္းမေပးႏိုင္သလို ဘာသင္ခန္းစာမွလည္း ယူႏိုင္မွာမဟုတ္ပါဘူး။ ေဝဖန္မႈရဲ႕ တစ္စိတ္တစ္ပိုင္းကို သေဘာတူလက္ခံလိုက္တာနဲ႔ သင္ခန္းစာယူဖို႔ ကိုယ့္စိတ္ကိုအစပ်ိဳးလမ္းဖြင့္ေပးလိုက္ၿပီးသား ျဖစ္ေနပါၿပီ။

ေဝဖန္ခ်က္တိုင္းကို သေဘာတူလက္ခံေနစရာမလိုပါဘူး။ ေဝဖန္ခ်က္ရဲ႕ အစိတ္အပိုင္း အနည္းငယ္ေလးကိုပဲ လက္ခံရင္ေတာင္မွ ကိုယ့္အဖြဲ႕ထဲမွာ အသင္းအဖြဲ႕စိတ္ဓာတ္ကို တည္ေဆာက္ၿပီးသားျဖစ္သြားပါလိမ့္မယ္။ အသင္းအဖြဲ႕စိတ္ရွိၿပီးသြားရင္ အားလုံးအတူတကြ ျပႆနာကို ဘယ္လိုေျဖရွင္းမလဲ ဆိုၿပီး ျပသနာအေပၚမွာပဲ အာ႐ုံစိုက္သြားမယ္။ ဒါ့အျပင္ “ငါ့ကို ဒီလူေတြက ဝိုင္းေဆာ္ေနတာပဲ” ဆိုတဲ့အေတြးေတြ နည္းသြားလိမ့္မယ္။

 

၇။ ကိုယ္ၾကားလိုက္တာကို ခြဲျခားစိတ္ျဖာ အကဲျဖတ္ပါ

ကိုယ္ရလိုက္တဲ့ သတင္းအခ်က္အလက္ကို စိစစ္ဖို႔နဲ႔ ကိုယ့္ကိုေဝဖန္တာေတြဟာ တကယ္ပဲမွန္ကန္ခိုင္မာရဲ႕လား၊ သူတို႔ေျပာတာမွန္ေနတယ္ဆိုရင္ ငါဘာလုပ္မယ္၊ အမွားကိုဘယ္လိုျပင္ဆင္မယ္ စသျဖင့္ဆုံးျဖတ္ခ်က္ခ်ဖို႔ သင္ အခ်ိန္လိုပါတယ္။

ဒီအေၾကာင္းအရာတစ္ခုတည္းနဲ႔ပဲ ထပ္ခါထပ္ခါ အေျပာခံ၊ ေဝဖန္ခံေနရရင္ ဒီအေျခအေနကေန ငါဘာကိုသင္ခန္းစာယူၿပီး ျပင္ဆင္မလဲလို႔ စဥ္းစားသင့္ပါတယ္။ ဒါမွလည္း ေနာက္ထပ္ ဒီလိုအမွားမ်ိဳးထပ္မျဖစ္ေတာ့မွာပါ။

 

၈။ အၿငိဳးမထားပါနဲ႔

ကိုယ့္ကိုေဝဖန္လိုက္လို႔ ေဒါသပဲထြက္ေနမယ္၊ အ႐ြဲ႕တိုက္တာေတြလုပ္ေနမယ္ဆိုရင္ ဒါေတြက ကိုယ့္အလုပ္ရဲ႕ အနာဂတ္ကို သက္ေရာက္မႈရွိႏိုင္ပါတယ္။

အမွားေတြကို စိတ္ထဲက ထုတ္ပစ္လိုက္ပါေတာ့။ ေနာက္ထပ္ေပးလာတဲ့တာဝန္ကို အေကာင္းဆုံးလုပ္ဖို႔ပဲ အာ႐ုံစိုက္ထားလိုက္ပါ။

 

၉။ အက်ိဳးတရားတိုင္းမွာ အေၾကာင္းတရားေနာက္ခံရွိတယ္ဆိုတာ မေမ့ပါနဲ႔

အခ်ိဳ႕လုပ္ေဖာ္ကိုင္ဖက္ေတြက ေႏြးေႏြးေထြးေထြး မဆက္ဆံတဲ့အခါ၊ တစ္လတာ ဝန္ထမ္းထူးခြၽန္ဆုေပးလို႔ ကိုယ့္နာမည္ပါမလာတဲ့အခါ ပိုေကာင္းတယ္လို႔ပဲ ယူဆလိုက္ပါ။

ကိုယ္လုပ္စရာရွိတာ အေကာင္းဆုံးလုပ္ပါ။ ပိုေကာင္းတဲ့ဆုလာဒ္ေတြက သင့္အတြက္ေစာင့္ႀကိဳေနပါလိမ့္မယ္။ အလုပ္ႀကိဳးစားတဲ့လူ စိတ္ရွည္သည္းခံတဲ့လူအတြက္ ထိုက္တန္တဲ့ဆုလာဒ္မရဘူးဆိုတာ မရွိပါဘူး။

 

၁၀။ ပက္သက္ဆက္ႏြယ္မႈကို ရွင္းရွင္းလင္းလင္းျဖစ္ပါေစ

ကိုယ့္လုပ္ေဖာ္ကိုင္ဖက္က ကိုယ့္ကိုေဝဖန္တဲ့အေပၚမွာ မခံခ်င္ျဖစ္ေနရင္ တတ္ႏိုင္သမွ် သူ သို႔္မဟုတ္ သူမနဲ႔ သိကြၽမ္းေအာင္လုပ္ပါ။

ဒီလိုဆို သင္တို႔ႏွစ္ေယာက္ၾကားမွာ မေကာင္းတဲ့အျမင္ေတြၾကာၾကာရွိေနေတာ့မွာ မဟုတ္ပါဘူး။ သူေျပာလိုက္တာက သင့္ကိုဘယ္လို မခံခ်င္ျဖစ္ေစတယ္ဆိုတာ ရွင္းျပပါ။ သင္တို႔ၾကားက ဆက္ဆံေရးေကာင္းမြန္ဖို႔ လိုအပ္တဲ့ေျပာင္းလဲမႈေတြကို အႀကံျပဳလိုက္ပါ။

 

၁၁။ သင္မျမင္ႏိုင္တဲ့အရာေတြကို အျခားလူေတြကျမင္ႏိုင္တယ္ဆိုတာ လက္ခံပါ

ကိုယ့္ကိုေဝဖန္တာေတြကို သေဘာမတူႏိုင္ဘူးဆိုရင္ေတာင္မွ ကိုယ္မျမင္တဲ့အရာေတြကို သူမ်ားေတြက ျမင္ႏိုင္တယ္ဆိုတာ သင္သိထားဖို႔လိုပါတယ္။ လူေတြက သင္က ပ်င္းတတ္တယ္၊ အျပဳသေဘာမဆန္ဘူး စသျဖင့္ေျပာလာတဲ့အခါ သင္ကေတာ့ ငါဒီလိုမဟုတ္ပါဘူးလို႔ ေတြးမိလိမ့္မယ္။ ဒီလိုေတြးမိတာ သဘာဝက်ပါတယ္။

ဒါေပမယ့္ သင္က သူတို႔ေျပာသလိုျဖစ္ေနႏိုင္ၿပီး ကိုယ့္ကိုယ္ကို အမွန္ကိုမျမင္ႏိုင္တာလည္း ျဖစ္ေနတတ္ပါတယ္။ ကြၽန္ေတာ္တို႔ေတြက ကိုယ့္ကိုယ္ကို ညႇာေတြးတတ္ၾကတယ္မလား။ အျခားသူေတြရဲ႕ထင္ျမင္ခ်က္ေတြက မွန္ႏိုင္တယ္လို႔ ႏွလုံးသြင္းထားၿပီး ဒီျဖစ္ႏိုင္ေျခကို ကိုယ့္ကိုယ္ကိုေဝဖန္ခ်ိန္မွာ အသုံးျပဳပါ။

 

၁၂။ ကိုယ့္အေပၚမွာ ဘယ္လိုပဲေဝဖန္ေဝဖန္ ေပ်ာ္ေပ်ာ္ေနလိုက္ပါ။ ေဝဖန္မႈေတြက ကိုယ့္ကို ဆြဲခ်သြားတာမ်ိဳး အျဖစ္မခံပါနဲ႔

ကိုယ့္ကို ေဝဖန္လာတဲ့အေပၚမွာ အျပဳသေဘာနဲ႔ေဝဖန္တာလား၊ အပ်က္သေဘာနဲ႔ေဝဖန္တာလား ခြဲျခားလိုက္ပါ။ အျပဳသေဘာနဲ႔ေဝဖန္တာဆို ကိုယ့္ကိုယ္ကိုျပဳျပင္လိုက္ပါ။ ေပ်ာ္႐ႊင္စြာ ေရွ႕ဆက္ပါ။

အပ်က္သေဘာနဲ႔ေဝဖန္ေနၾကတယ္ဆိုလည္း လ်စ္လ်ဴရႈလိုက္ပါ။ ေပ်ာ္႐ႊင္စြာ ေရွ႕ဆက္ပါ။ သူမ်ားစကားနဲ႔ သူမ်ားပါးစပ္ဖ်ားမွာတင္ လမ္းမဆုံးပဲ ကိုယ့္ဘဝကို ကိုယ္ထိန္းေက်ာင္းရင္း ရွင္သန္လိုက္ပါ။ အျပဳသေဘာေဝဖန္ခ်က္ေတြကို လက္ခံရင္း အလုပ္ခြင္မွာ ေပ်ာ္႐ႊင္စြာ ရွင္သန္ႏိုင္ၾကပါေစ။

 

>>>>Unicode ဖြင့်ဖတ်ရန်<<<<

 

အလုပ်မှာ ကိုယ်တာဝန်ယူရတဲ့ လုပ်ငန်းတစ်ခုပြီးသွားတဲ့အချိန်မှာ ကိုယ့်ဘာသာကိုယ်တော့ အကောင်းဆုံးလို့ယူဆထားလိုက်ပြီ။ ဒါပေမဲ့ အဲ့ဒါကို ဘော့စ်ကိုတင်ပြချိန်မှာ ကိုယ်တိုးတက်ဖို့၊ ပိုကောင်းအောင်လုပ်ဖို့လိုတယ်လို့ ယူဆထားတဲ့အရာတွေ၊ လိုအပ်ချက်တွေကို ဘော့စ်က ကိုယ့်ကိုပြန်ပြောဖို့ စာရင်းလုပ်ပြီးနေပြီ။

အဲ့ဒီလို လိုအပ်ချက်တွေကို ထောက်ပြခံရလို့ စိတ်ဓာတ်မကျလိုက်ပါနဲ့။ အပြုသဘောဝေဖန်မှုဆိုတာ ဘယ်အလုပ်မှာမဆို အရေးပါပါတယ်။ ဒီတော့ ဝေဖန်မှုတွေကို ဘယ်လိုလက်ခံပြီး ကိုယ့်အလုပ်ကို အကောင်းဆုံးဘယ်လိုလုပ်မယ်ဆိုတာ လေ့လာကြည့်ရအောင်။

 

၁။ ကိုယ်ဟာ အဖက်ဖက်ကပြည့်စုံကောင်းမွန်သူ မဟုတ်ဘူးဆိုတာ လက်ခံထားပါ

အလုပ်စလုပ်တဲ့အချိန်မှာ ငါတော့ ဘာမှမှားမှာမဟုတ်ဘူးလို့ တွေးထားရင် ကိုယ့်ကိုယ်ကို အရူးလုပ်နေတာပါပဲ။ သင်အမှားတွေ လုပ်မိလိမ့်မယ်။

ဒါက ပြဿနာမဟုတ်ပါဘူး။ အရေးကြီးတာက အဲ့ဒီအမှားတွေကနေ သင်ခန်းစာယူပြီး အမှန်ကိုလုပ်ဖို့ပါ။

 

၂။ ကိုယ့်အလုပ်ကို နှစ်ခါပြန် စစ်ဆေးပါ

အလုပ်ပြီးသွားလို့ ကြီးကြပ်သူကို မတင်ပြခင်မှာ ကိုယ့်အလုပ်ကို အမှားအယွင်းမရှိအောင် ဂရုတစိုက်သေချာ ပြန်စစ်ပါ။

ဒီလိုပြန်စစ်တာက စိတ်ပျက်စရာကောင်းတဲ့ အမှားတွေကို ဖယ်ထုတ်လိုက်နိုင်သလို အသေးအဖွဲအမှားတွေအတွက် သင့်ဘော့စ်က သင့်ကို အနှောင့်အယှက်ပေးတော့မှာ မဟုတ်ပါဘူး။

 

၃။ ကိုယ်ရေးကိုယ်တာအရ မခံစားပါနဲ့

ကို့ယ်လုပ်ဖော်ကိုင်ဖက်က ကိုယ့်ကိုဝေဖန်ထောက်ပြလာချိန်မှာ “ဟာ ဒီလူကတော့ ငါ့ကိုကြည့်မရလို့” ဒါမှမဟုတ် “ငါ့ကိုဒီအလုပ်နဲ့မတန်ဘူးလို့ ဒီလူထင်နေတာပဲ” စတဲ့အတွေးမျိုးတွေမတွေးပါနဲ့။ သူ သင့်ကို ဝေဖန်ထောက်ပြတာဟာ သင် ဒီအလုပ်မှာ တကယ်အားစိုက်ထုတ်ခဲ့သလား၊ သင်တတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ရဲ့လားဆိုတာ သူသေချာသိဖို့ ကြိုးစားနေတာပါ။

 

၄။ ဂရုတစိုက်နားထောင်ပါ

ကိုယ်က အရေးပါတဲ့ အပြုသဘောမှတ်ချက်တွေကို လျစ်လျူရှုလိုက်ရင် နောက်ထပ်အလားတူအမှားတွေ ထပ်မှားဖို့အစပျိုးလိုက်တာနဲ့ အတူတူပါပဲ။

ဒါ့ကြောင့်မို့ အမှားတွေကို မှတ်စုရေးပါ။ ပြီးရင် ဒီအမှားကို ငါဘယ်လိုပြင်မလဲဆိုတာ ကိုယ့်ဘာသာတွေးတော သတိပေးနေပါ။

 

၅။ ကိုယ်ရလိုက်တဲ့ ဝေဖန်မှုကနေ ငါ ဘာသင်ယူနိုင်မလဲ ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးပါ

အဝေဖန်ခံရလို့ မခံချင်စိတ်တွေကြီးထွားလာရင်၊ ဒေါသတွေအလိပ်လိုက်ထွက်လာရင် ငါ ဒီကနေ ဘာသင်ယူနိုင်မလဲဆိုပြီး ပြန်မေးပါ။

 

၆။ ကိုယ့်ကိုဝေဖန်တာတွေရဲ့ တစ်စိတ်တစ်ပိုင်းကို သဘောတူလက်ခံလိုက်ပါ

ဝေဖန်ခံရလိုက်တဲ့အချိန်မှာ လူအများစုက အမှန်တကယ်မဖြစ်နိုင်တဲ့ ဝေဖန်ချက်နဲ့ မကောင်းမြင်တုံ့ပြန်မှုတွေကိုပဲ အာရုံစိုက်မိတတ်ပြီး ကျန်တဲ့အပိုင်းကို လျစ်လျူရှုမိထားတတ်ကြတယ်။

အပျက်သဘောဝေဖန်မှုတွေကိုပဲ အာရုံစိုက်တာက ဘယ်ပြဿနာကိုမှ ဖြေရှင်းမပေးနိုင်သလို ဘာသင်ခန်းစာမှလည်း ယူနိုင်မှာမဟုတ်ပါဘူး။ ဝေဖန်မှုရဲ့ တစ်စိတ်တစ်ပိုင်းကို သဘောတူလက်ခံလိုက်တာနဲ့ သင်ခန်းစာယူဖို့ ကိုယ့်စိတ်ကိုအစပျိုးလမ်းဖွင့်ပေးလိုက်ပြီးသား ဖြစ်နေပါပြီ။

ဝေဖန်ချက်တိုင်းကို သဘောတူလက်ခံနေစရာမလိုပါဘူး။ ဝေဖန်ချက်ရဲ့ အစိတ်အပိုင်း အနည်းငယ်လေးကိုပဲ လက်ခံရင်တောင်မှ ကိုယ့်အဖွဲ့ထဲမှာ အသင်းအဖွဲ့စိတ်ဓာတ်ကို တည်ဆောက်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အသင်းအဖွဲ့စိတ်ရှိပြီးသွားရင် အားလုံးအတူတကွ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုပြီး ပြသနာအပေါ်မှာပဲ အာရုံစိုက်သွားမယ်။ ဒါ့အပြင် “ငါ့ကို ဒီလူတွေက ဝိုင်းဆော်နေတာပဲ” ဆိုတဲ့အတွေးတွေ နည်းသွားလိမ့်မယ်။

 

၇။ ကိုယ်ကြားလိုက်တာကို ခွဲခြားစိတ်ဖြာ အကဲဖြတ်ပါ

ကိုယ်ရလိုက်တဲ့ သတင်းအချက်အလက်ကို စိစစ်ဖို့နဲ့ ကိုယ့်ကိုဝေဖန်တာတွေဟာ တကယ်ပဲမှန်ကန်ခိုင်မာရဲ့လား၊ သူတို့ပြောတာမှန်နေတယ်ဆိုရင် ငါဘာလုပ်မယ်၊ အမှားကိုဘယ်လိုပြင်ဆင်မယ် စသဖြင့်ဆုံးဖြတ်ချက်ချဖို့ သင် အချိန်လိုပါတယ်။

ဒီအကြောင်းအရာတစ်ခုတည်းနဲ့ပဲ ထပ်ခါထပ်ခါ အပြောခံ၊ ဝေဖန်ခံနေရရင် ဒီအခြေအနေကနေ ငါဘာကိုသင်ခန်းစာယူပြီး ပြင်ဆင်မလဲလို့ စဉ်းစားသင့်ပါတယ်။ ဒါမှလည်း နောက်ထပ် ဒီလိုအမှားမျိုးထပ်မဖြစ်တော့မှာပါ။

 

၈။ အငြိုးမထားပါနဲ့

ကိုယ့်ကိုဝေဖန်လိုက်လို့ ဒေါသပဲထွက်နေမယ်၊ အရွဲ့တိုက်တာတွေလုပ်နေမယ်ဆိုရင် ဒါတွေက ကိုယ့်အလုပ်ရဲ့ အနာဂတ်ကို သက်ရောက်မှုရှိနိုင်ပါတယ်။

အမှားတွေကို စိတ်ထဲက ထုတ်ပစ်လိုက်ပါတော့။ နောက်ထပ်ပေးလာတဲ့တာဝန်ကို အကောင်းဆုံးလုပ်ဖို့ပဲ အာရုံစိုက်ထားလိုက်ပါ။

 

၉။ အကျိုးတရားတိုင်းမှာ အကြောင်းတရားနောက်ခံရှိတယ်ဆိုတာ မမေ့ပါနဲ့

အချို့လုပ်ဖော်ကိုင်ဖက်တွေက နွေးနွေးထွေးထွေး မဆက်ဆံတဲ့အခါ၊ တစ်လတာ ဝန်ထမ်းထူးချွန်ဆုပေးလို့ ကိုယ့်နာမည်ပါမလာတဲ့အခါ ပိုကောင်းတယ်လို့ပဲ ယူဆလိုက်ပါ။

ကိုယ်လုပ်စရာရှိတာ အကောင်းဆုံးလုပ်ပါ။ ပိုကောင်းတဲ့ဆုလာဒ်တွေက သင့်အတွက်စောင့်ကြိုနေပါလိမ့်မယ်။ အလုပ်ကြိုးစားတဲ့လူ စိတ်ရှည်သည်းခံတဲ့လူအတွက် ထိုက်တန်တဲ့ဆုလာဒ်မရဘူးဆိုတာ မရှိပါဘူး။

 

၁၀။ ပက်သက်ဆက်နွယ်မှုကို ရှင်းရှင်းလင်းလင်းဖြစ်ပါစေ

ကိုယ့်လုပ်ဖော်ကိုင်ဖက်က ကိုယ့်ကိုဝေဖန်တဲ့အပေါ်မှာ မခံချင်ဖြစ်နေရင် တတ်နိုင်သမျှ သူ သို့်မဟုတ် သူမနဲ့ သိကျွမ်းအောင်လုပ်ပါ။

ဒီလိုဆို သင်တို့နှစ်ယောက်ကြားမှာ မကောင်းတဲ့အမြင်တွေကြာကြာရှိနေတော့မှာ မဟုတ်ပါဘူး။ သူပြောလိုက်တာက သင့်ကိုဘယ်လို မခံချင်ဖြစ်စေတယ်ဆိုတာ ရှင်းပြပါ။ သင်တို့ကြားက ဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်တဲ့ပြောင်းလဲမှုတွေကို အကြံပြုလိုက်ပါ။

 

၁၁။ သင်မမြင်နိုင်တဲ့အရာတွေကို အခြားလူတွေကမြင်နိုင်တယ်ဆိုတာ လက်ခံပါ

ကိုယ့်ကိုဝေဖန်တာတွေကို သဘောမတူနိုင်ဘူးဆိုရင်တောင်မှ ကိုယ်မမြင်တဲ့အရာတွေကို သူများတွေက မြင်နိုင်တယ်ဆိုတာ သင်သိထားဖို့လိုပါတယ်။ လူတွေက သင်က ပျင်းတတ်တယ်၊ အပြုသဘောမဆန်ဘူး စသဖြင့်ပြောလာတဲ့အခါ သင်ကတော့ ငါဒီလိုမဟုတ်ပါဘူးလို့ တွေးမိလိမ့်မယ်။ ဒီလိုတွေးမိတာ သဘာဝကျပါတယ်။

ဒါပေမယ့် သင်က သူတို့ပြောသလိုဖြစ်နေနိုင်ပြီး ကိုယ့်ကိုယ်ကို အမှန်ကိုမမြင်နိုင်တာလည်း ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့တွေက ကိုယ့်ကိုယ်ကို ညှာတွေးတတ်ကြတယ်မလား။ အခြားသူတွေရဲ့ထင်မြင်ချက်တွေက မှန်နိုင်တယ်လို့ နှလုံးသွင်းထားပြီး ဒီဖြစ်နိုင်ခြေကို ကိုယ့်ကိုယ်ကိုဝေဖန်ချိန်မှာ အသုံးပြုပါ။

 

၁၂။ ကိုယ့်အပေါ်မှာ ဘယ်လိုပဲဝေဖန်ဝေဖန် ပျော်ပျော်နေလိုက်ပါ။ ဝေဖန်မှုတွေက ကိုယ့်ကို ဆွဲချသွားတာမျိုး အဖြစ်မခံပါနဲ့

ကိုယ့်ကို ဝေဖန်လာတဲ့အပေါ်မှာ အပြုသဘောနဲ့ဝေဖန်တာလား၊ အပျက်သဘောနဲ့ဝေဖန်တာလား ခွဲခြားလိုက်ပါ။ အပြုသဘောနဲ့ဝေဖန်တာဆို ကိုယ့်ကိုယ်ကိုပြုပြင်လိုက်ပါ။ ပျော်ရွှင်စွာ ရှေ့ဆက်ပါ။

အပျက်သဘောနဲ့ဝေဖန်နေကြတယ်ဆိုလည်း လျစ်လျူရှုလိုက်ပါ။ ပျော်ရွှင်စွာ ရှေ့ဆက်ပါ။ သူများစကားနဲ့ သူများပါးစပ်ဖျားမှာတင် လမ်းမဆုံးပဲ ကိုယ့်ဘဝကို ကိုယ်ထိန်းကျောင်းရင်း ရှင်သန်လိုက်ပါ။ အပြုသဘောဝေဖန်ချက်တွေကို လက်ခံရင်း အလုပ်ခွင်မှာ ပျော်ရွှင်စွာ ရှင်သန်နိုင်ကြပါစေ။

 

ေနသစ္(Myanmar Network)

sayar.com.mm

Read times
Rate this articles
(0 votes)