×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 10 September 2019

"စာဖတ္ျခင္းရဲ႕ အက်ိဳး (၁၀) ခ်က္"

"စာဖတ္ျခင္းရဲ႕ အက်ိဳး (၁၀) ခ်က္" google

(၁) စာအရမ္းဖတ္သူေတြဟာ စာအုပ္ကို တစ္ရက္မဖတ္ရရင္ မေနတတ္ မထိုင္တတ္ျဖစ္ၾကတယ္။ ဒီအက်င့္ေၾကာင့္ သူတို႔ဟာ စထားတဲ့အလုပ္တစ္ခုကို ၾကာရွည္မလုပ္ဘဲ ရပ္မထားနိုင္ၾကဘူး။


(၂) စာအုပ္ကို ဖတ္ရင္းနဲ႔ သူသိခ်င္တာကို စာအုပ္ထဲမွာ အာရံုစူးစိုက္ရွာေဖြ ဖတ္တယ္။ ရွာေဖြေနတာကို မေတြ႔မခ်င္း စာအုပ္မွာ ၾကိဳးစားရွာေဖြတတ္တဲ့အက်င့္ေၾကာင့္ အလုပ္လုပ္ရာမွာလည္း အလုပ္ၿပီးေျမာက္တဲ့အထိ အာရံုစူးစိုက္လုပ္တတ္တယ္။


(၃) စာအရမ္းဖတ္သူေတြဟာ ရတဲ့အခ်ိန္ေလးကို လုျပီး စာဖတ္တတ္ၾကတဲ့အက်င့္ေၾကာင့္ အခ်ိန္ကို အလြန္တန္ဖိုးထားျပီး အက်ိဳးရွိရွိ အသံုးခ်တတ္ၾကတယ္။


(၄) စာအုပ္ေပါင္းမ်ားစြာ ဖတ္ထားသူေတြဟာ စာေရးသူေပါင္းစံုရဲ႕ အျမင္ရႈေထာင့္မ်ိဳးစံုကို သိထားၾကတယ္။ ဒါေၾကာင့္ သူတို႔ဟာ လုပ္ငန္းမွာ ျပႆနာတစ္ခုေပၚလာရင္ ေထာင့္ေစ့ေအာင္ ေတြးေတာစဥ္းစားျပီး ဆံုးျဖတ္ခ်က္ခ်တတ္ၾကတယ္။


(၅) စာဖတ္ျပီးသြားရင္ မိမိဖတ္ျပီးတဲ့စာကို ေက်ညက္ေအာင္ ျပန္လည္သံုးသပ္ၾကည့္တဲ့အက်င့္ေၾကာင့္ သူတို႔ဟာ ျပႆနာတစ္ခုကို စိတ္လိုက္မာန္ပါ မဆံုးျဖတ္ဘဲ အျခားသူေတြရဲ႕ ခံစားခ်က္ကို ထည့္သြင္းစဥ္းစားျပီး မွန္မွန္ကန္ကန္ မၽွမၽွတတ ဆံုးျဖတ္တတ္ၾကတယ္။

Recomended For You >>> "ဘ၀ခရီးမွာ အျမဲတိုးတက္ခ်င္ရင္ စာဖတ္ပါ"


(၆) စာဖတ္သူေတြဟာ အသိဥာဏ္ဗဟုသုတၾကြယ္ဝၾကလို႔ စာေရးေကာင္းတယ္။ အေျပာေကာင္းၾကတယ္။


(၇) ဦးေႏွာက္ဟာ အသိဥာဏ္ပညာကို အကန္႔အသတ္မရွိ သိမ္းဆည္းထားနိုင္တယ္။ ဒါေၾကာင့္ စာဖတ္သူေတြရဲ႕ ဖတ္လိုက္သမၽွ အေၾကာင္းအရာ ဥာဏ္ပညာေတြဟာ ဦးေႏွာက္ထဲမွာ ေနရာအကန္႔အသတ္မရွိ သိမ္းထားနုိင္ၾကတယ္။ သူတို႔ေသေသခ်ာခ်ာ ဖတ္ထားသမၽွေတြဟာ ဦးေနွာက္ထဲက ဘယ္ေတာ့မွ ေပ်ာက္ပ်က္မသြားလုိ႔ သူတို႔လိုတဲ့အခ်ိန္မွာ ထုတ္သံုးနိုင္ၾကတယ္။


(၈) ကိုယ္ခႏၶာရဲ႕ ၾကြက္သားေတြ သန္မာေစဖို႔ အားကစားရံုမွာ ကိုယ္ကာယၾကံ့ခိုင္သန္စြမ္းေအာင္ ေလ့က်င့္ေပးရသလို ဦးေနွာက္ၾကြက္သားေတြကိုလည္း သန္စြမ္းေအာင္ ေလ့က်င့္ေပးဖို႔ လိုပါတယ္။ ေလ့က်င့္တဲ့နည္းတစ္ခုကေတာ့ စာဖတ္ေပးျခင္းပါ။ စာမွန္မွန္ဖတ္ေပးျခင္းျဖင့္ ဦးေႏွာက္ဟာ အျမဲလန္းဆန္းျပီး အၾကံသစ္ဥာဏ္သစ္ေတြ ေပၚထြက္ေနပါတယ္။ ျပႆနာေတြကို ေခါင္းေအးေအးနဲ႔ စဥ္းစားအေျဖရွာတတ္ပါလိမ့္မယ္။


(၉) စာဖတ္သူေတြဟာ စာအုပ္ကို ပညာဆည္းပူးရာေနရာတစ္ခုလို႔ သတ္မွတ္ထားၾကတယ္။ သူတို႔ဟာ စာအုပ္ထဲက နည္းပညာေတြ သိရံုမက ဝတၱဳစာအုပ္ေတြကေန ဘဝအတြက္ သင္ခန္းစာေတြ ယူတတ္ၾကတယ္။


(၁၀) စာဖတ္သူေတြဟာ အလြန္စိတ္ခ်မ္းသာသူေတြ ျဖစ္ၾကတယ္။ သူတို႔ဟာ စာဖတ္ေနစဥ္မွာ သူတို႔ရဲ႕ ေသာကေတြ စိတ္ပူပန္တာေတြကိုေမ့ျပီး စာအုပ္ထဲက အေၾကာင္းအရာ အျဖစ္အပ်က္ေတြမွာ နစ္ေျမာေနတတ္ၾကလို႔ပါ။

Recommended For You >>> "စာေမးပြဲေျဖခါနီး စိတ္ဖိစီးမႈမ်ားတတ္သူေတြအတြက္ လုိက္နာရမယ့္အခ်က္(၅)ခ်က္"

 

ဗန္းေမာ္သိန္းေဖ

 

>>> Unicode  ဖြင့်ဖတ်ရန် <<<<

(၁) စာအရမ်းဖတ်သူတွေဟာ စာအုပ်ကို တစ်ရက်မဖတ်ရရင် မနေတတ် မထိုင်တတ်ဖြစ်ကြတယ်။ ဒီအကျင့်ကြောင့် သူတို့ဟာ စထားတဲ့အလုပ်တစ်ခုကို ကြာရှည်မလုပ်ဘဲ ရပ်မထားနိုင်ကြဘူး။


(၂) စာအုပ်ကို ဖတ်ရင်းနဲ့ သူသိချင်တာကို စာအုပ်ထဲမှာ အာရုံစူးစိုက်ရှာဖွေ ဖတ်တယ်။ ရှာဖွေနေတာကို မတွေ့မချင်း စာအုပ်မှာ ကြိုးစားရှာဖွေတတ်တဲ့အကျင့်ကြောင့် အလုပ်လုပ်ရာမှာလည်း အလုပ်ပြီးမြောက်တဲ့အထိ အာရုံစူးစိုက်လုပ်တတ်တယ်။


(၃) စာအရမ်းဖတ်သူတွေဟာ ရတဲ့အချိန်လေးကို လုပြီး စာဖတ်တတ်ကြတဲ့အကျင့်ကြောင့် အချိန်ကို အလွန်တန်ဖိုးထားပြီး အကျိုးရှိရှိ အသုံးချတတ်ကြတယ်။


(၄) စာအုပ်ပေါင်းများစွာ ဖတ်ထားသူတွေဟာ စာရေးသူပေါင်းစုံရဲ့ အမြင်ရှုထောင့်မျိုးစုံကို သိထားကြတယ်။ ဒါကြောင့် သူတို့ဟာ လုပ်ငန်းမှာ ပြဿနာတစ်ခုပေါ်လာရင် ထောင့်စေ့အောင် တွေးတောစဉ်းစားပြီး ဆုံးဖြတ်ချက်ချတတ်ကြတယ်။


(၅) စာဖတ်ပြီးသွားရင် မိမိဖတ်ပြီးတဲ့စာကို ကျေညက်အောင် ပြန်လည်သုံးသပ်ကြည့်တဲ့အကျင့်ကြောင့် သူတို့ဟာ ပြဿနာတစ်ခုကို စိတ်လိုက်မာန်ပါ မဆုံးဖြတ်ဘဲ အခြားသူတွေရဲ့ ခံစားချက်ကို ထည့်သွင်းစဉ်းစားပြီး မှန်မှန်ကန်ကန် မျှမျှတတ ဆုံးဖြတ်တတ်ကြတယ်။

Recommended For You >>> "ဘဝခရီးမှာ အမြဲတိုးတက်ချင်ရင် စာဖတ်ပါ"


(၆) စာဖတ်သူတွေဟာ အသိဉာဏ်ဗဟုသုတကြွယ်ဝကြလို့ စာရေးကောင်းတယ်။ အပြောကောင်းကြတယ်။


(၇) ဦးနှောက်ဟာ အသိဉာဏ်ပညာကို အကန့်အသတ်မရှိ သိမ်းဆည်းထားနိုင်တယ်။ ဒါကြောင့် စာဖတ်သူတွေရဲ့ ဖတ်လိုက်သမျှ အကြောင်းအရာ ဉာဏ်ပညာတွေဟာ ဦးနှောက်ထဲမှာ နေရာအကန့်အသတ်မရှိ သိမ်းထားနိုင်ကြတယ်။ သူတို့သေသေချာချာ ဖတ်ထားသမျှတွေဟာ ဦးနှောက်ထဲက ဘယ်တော့မှ ပျောက်ပျက်မသွားလို့ သူတို့လိုတဲ့အချိန်မှာ ထုတ်သုံးနိုင်ကြတယ်။


(၈) ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေ သန်မာစေဖို့ အားကစားရုံမှာ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းအောင် လေ့ကျင့်ပေးရသလို ဦးနှောက်ကြွက်သားတွေကိုလည်း သန်စွမ်းအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ လေ့ကျင့်တဲ့နည်းတစ်ခုကတော့ စာဖတ်ပေးခြင်းပါ။ စာမှန်မှန်ဖတ်ပေးခြင်းဖြင့် ဦးနှောက်ဟာ အမြဲလန်းဆန်းပြီး အကြံသစ်ဉာဏ်သစ်တွေ ပေါ်ထွက်နေပါတယ်။ ပြဿနာတွေကို ခေါင်းအေးအေးနဲ့ စဉ်းစားအဖြေရှာတတ်ပါလိမ့်မယ်။


(၉) စာဖတ်သူတွေဟာ စာအုပ်ကို ပညာဆည်းပူးရာနေရာတစ်ခုလို့ သတ်မှတ်ထားကြတယ်။ သူတို့ဟာ စာအုပ်ထဲက နည်းပညာတွေ သိရုံမက ဝတ္တုစာအုပ်တွေကနေ ဘဝအတွက် သင်ခန်းစာတွေ ယူတတ်ကြတယ်။


(၁၀) စာဖတ်သူတွေဟာ အလွန်စိတ်ချမ်းသာသူတွေ ဖြစ်ကြတယ်။ သူတို့ဟာ စာဖတ်နေစဉ်မှာ သူတို့ရဲ့ သောကတွေ စိတ်ပူပန်တာတွေကိုမေ့ပြီး စာအုပ်ထဲက အကြောင်းအရာ အဖြစ်အပျက်တွေမှာ နစ်မြောနေတတ်ကြလို့ပါ။

Recommended For You >>> "စာမေးပွဲဖြေခါနီး စိတ်ဖိစီးမှုများတတ်သူတွေအတွက် လိုက်နာရမယ့်အချက်(၅)ချက်"

 

ဗန်းမော်သိန်းဖေ

sayar.com.mm

Read times
Rate this articles
(0 votes)